ချန်ပီယံလိဂ်မှာ သမိုင်းသစ်ရေးနိုင်ခဲ့ပြန်တဲ့ မန်ယူပစ်မှတ်ဟာလန်း

photo-gettyimages

photo-gettyimages

နောက်ဆုံးကစားခဲ့တဲ့ဂျန့်ခ်နဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဆဲလ်ဘတ်တိုက်စစ်မှုးလေးဟာလန်းဟာ သူ့ရဲ့ပွဲဦးထွက်ချန်ပီယံလိဂ်ရာသီမှာ မရပ်တန့်နိုင်ဖြစ်နေဆဲပါပဲ။ ဂျန့်ခ်ကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၁၉ နှစ်သားလေးဟာလန်းဟာ သူ့အသင်းရဲ့ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့တာပါ။ အဲဒါကြောင့်လည်း ဟာလန်းဟာ ဒီရာသီချန်ပီယံလိဂ် ၅ ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ၅ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

photo-gettyimages

အခုရာသီချန်ပီယံလိဂ်မှာ သူ့လိုမျိုး ၅ ပွဲစလုံးဂိုးသွင်းနိုင်တာဆိုလို့ ဘိုင်ယန်မြူးနစ်က လီဝန်ဒေါစကီး တစ်ယောက်သာ ရှိပါတယ်။ လီဝန်ဒေါစကီးဟာ အခုတစ်ပတ်ချန်ပီယံလိဂ်မှာ ၄  ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဟာလန်အနေနဲ့ ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဒုတိယနေရာကို ဆင်းပေးလိုက်ရပြီး လက်ရှိမှာ အဲဒီပိုလန်သားက ၁၀ ဂိုးနဲ့ ဟာလန်းက ၈ ဂိုးဖြစ်နေတာပါ။ ဒါပေမဲ့ ဂျန့်ခ်နဲ့ပွဲမှာ ဟာလန်းဟာ နောက်ထပ်စံချိန်တစ်ခု ရခဲ့ပြန်ပါသေးတယ်။ ကစားသမားဘ၀ ပထမဆုံးချန်ပီယံလိဂ် ၅ ပွဲမှာ ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့တာပါ။ ဟာလန်းအနေနဲ့ ၇ ဂိုးစီရှိထားကြတဲ့ ဒီယေဂိုကော်စတာနဲ့ ဟယ်ရီကိန်းတို့ရဲ့စံချိန်ကို ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

photo-gettyimages

အဲဒီနော်ဝေသားလေးဟာ ချန်ပီယံလိဂ်မှာတင် ဂိုးသွင်းခြေစွမ်းပြနေတာမဟုတ်ဘဲ ဆဲလ်ဘတ်နဲ့အတူ ပြည်တွင်းပြိုင်ပွဲတွေမှာလည်း ဂိုးမြုူးနေတာပါ။ ဒါကြောင့်လည်း ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ၁၉ ပွဲကစား ၂၇ ဂိုးတောင် သွင်းထားပြီး ဖြစ်ပါတယ်။

[Zawgyi]

ခ်န္ပီယံလိဂ္မွာ သမိုင္းသစ္ေရးႏိုင္ခဲ့ျပန္တဲ့ မန္ယူပစ္မွတ္ဟာလန္း

ေနာက္ဆုံးကစားခဲ့တဲ့ဂ်န္႔ခ္နဲ႔ပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ဆဲလ္ဘတ္တိုက္စစ္မႈးေလးဟာလန္းဟာ သူ႔ရဲ႕ပြဲဦးထြက္ခ်န္ပီယံလိဂ္ရာသီမွာ မရပ္တန္႔ႏိုင္ျဖစ္ေနဆဲပါပဲ။ ဂ်န္႔ခ္ကို ၄-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၁၉ ႏွစ္သားေလးဟာလန္းဟာ သူ႔အသင္းရဲ႕ပြဲသိမ္းဂိုးကို သြင္းယူေပးခဲ့တာပါ။ အဲဒါေၾကာင့္လည္း ဟာလန္းဟာ ဒီရာသီခ်န္ပီယံလိဂ္ ၅ ပြဲစလုံးမွာ ဂုိးသြင္းႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္သမိုင္းမွာ ၅ ပြဲဆက္ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးဆယ္ေက်ာ္သက္ကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

အခုရာသီခ်န္ပီယံလိဂ္မွာ သူ႔လုိမ်ိဳး ၅ ပြဲစလုံးဂိုးသြင္းႏိုင္တာဆုိလုိ႔ ဘုိင္ယန္ျမဴးနစ္က လီ၀န္ေဒါစကီး တစ္ေယာက္သာ ရွိပါတယ္။ လီ၀န္ေဒါစကီးဟာ အခုတစ္ပတ္ခ်န္ပီယံလိဂ္မွာ ၄  ဂိုးသြင္းႏို္င္ခဲ့တာေၾကာင့္ ဟာလန္အေနနဲ႔ ခ်န္ပီယံလိဂ္ဂိုးအမ်ားဆံုးသြင္းသူစာရင္းမွာ ဒုတိယေနရာကို ဆင္းေပးလုိက္ရၿပီး လက္ရွိမွာ အဲဒီပိုလန္သားက ၁၀ ဂိုးန႔ဲ ဟာလန္းက ၈ ဂိုးျဖစ္ေနတာပါ။ ဒါေပမဲ့ ဂ်န္႔ခ္နဲ႔ပြဲမွာ ဟာလန္းဟာ ေနာက္ထပ္စံခ်ိန္တစ္ခု ရခဲ့ျပန္ပါေသးတယ္။ ကစားသမားဘ၀ ပထမဆုံးခ်န္ပီယံလိဂ္ ၅ ပြဲမွာ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့တာပါ။ ဟာလန္းအေနနဲ႔ ၇ ဂိုးစီရွိထားၾကတဲ့ ဒီေယဂိုေကာ္စတာနဲ႔ ဟယ္ရီကိန္းတုိ႔ရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

အဲဒီေနာ္ေ၀သားေလးဟာ ခ်န္ပီယံလိဂ္မွာတင္ ဂိုးသြင္းေျခစြမ္းျပေနတာမဟုတ္ဘဲ ဆဲလ္ဘတ္နဲ႔အတူ ျပည္တြင္းၿပိဳင္ပြဲေတြမွာလည္း ဂုိးျမဳဴးေနတာပါ။ ဒါေၾကာင့္လည္း ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ၁၉ ပြဲကစား ၂၇ ဂိုးေတာင္ သြင္းထားၿပီး ျဖစ္ပါတယ္။