ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် နေမာနဲ့ အမ်ဘက်ပီ အကြောင်း စဉ်းစားလိုက်တိုင်း အိပ်မပျော်တော့တဲ့ ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီည ကစားမယ့် ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် နာမည်ကြီးတိုက်စစ်အတွဲဖြစ်တဲ့ နေမာနဲ့ အမ်ဘက်ပီတို့အကြောင်းကို

ခေါင်းထဲစဉ်းစားမိရင် သေချာ အိပ်မပျော်တော့ဘူးလို့ မန်စီးနည်းပြ ဂွာဒီယိုလာ ကဖွင့်ဟခဲ့ပါတယ်။

ပြီးခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲအပြီးမှာ သူပြောထားတဲ့ ပရီးမီးယားလိဂ်က ချန်ပီယံလိ၈်ထက်

ပိုအရေးကြီးတယ်ဆိုတဲ့ စကားကိုလည်း ဂွာဒီယိုလာက ပယ်ချသွားခဲ့ပါသေးတယ်။

ဂွာဒီယိုလာက ” မနေ့ညက ကျွန်တော်အိပ်ပျော်ဖို့ အတော်ကြိုးစားခဲ့ရပါတယ်။

နေမာနဲ့ အမ်ဘက်ပီတို့အကြောင်း မတွေးတော့မှပဲ အိပ်ပျော်သွားနိုင်ခဲ့ပါတယ်။

သူတို့ ၂ယောက်ကို ထိန်းချုပ်နိုင်ဖို့ ခံစစ်ကို သေချာပြင်ဖို့ လိုသလို အသင်းလိုက်လည်း အကောင်းဆုံး ကစားနိုင်ဖို့ လိုပါတယ်။

ဟန်ချက်ညီထိန်းနိုင်ဖို့လည်း ကြိုးစား၇မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

တစ်ချိန်က ဘာစီလိုနာမှာ လက်တွဲပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ဖူးတဲ့ နေမာနဲ့ ပတ်သတ်ပြီးတော့လည်း ဂွာဒီယိုလာက ချီးကျူးစကားဆိုခဲ့ပါသေးတယ်။

” နေမာတစ်ယောက် ဆန်းတို့စ်မှာ ကစားတုန်းကပွဲကို ကျွန်တော်သွားကြည့်ပြီး ပြောလိုက်မိတာကတော့ ဒီကောင်လေးက ဆန်တို့စ်ရဲ့ ဘုရင်ပဲ ဆိုတာပါ။

တကယ်လို့ နေမာသာ ဘာစီလိုနာမှာ ဆက်နေခဲ့မယ်ဆိုရင် ဘာကာက နောက်တပ်ချန်ပီယံလိဂ် ၂ကြိမ် ၃ကြိမ်လောက် ထပ်ရနိုင်ပါတယ်။

သူရယ် မက်ဆီရယ် ဆွရက်ဇ်ရယ် သိတဲ့အတိုင်း MSN က အကောင်းဆုံး တိုက်စစ်အတွဲပဲလေ၊ သူက ပဲရစ်ကို သွားလိုက်တာ မဆိုးပါဘူး။

ပီအက်စ်ဂျီက အသင်းကောင်းတစ်သင်းပါ။ နေမာဟာ ဘောလုံးရသ ပေးနိုင်တဲ့ ကစားသမားကောင်းပါ” လို့ ဂွာဒီယိုလာက ပြောသွားခဲ့ပါတယ်။

တဆက်တည်းမှာပဲ အမ်ဘက်ပီနဲ့ ဖိုဒန်တို့ ၂ဦးမှာ ငယ်ရွယ်ပြီး ခြေစွမ်းထက်တဲ့ ကစားသမားတွေအဖြစ် ဂွာဒီယိုလာက ချီးကျူးခဲ့ပြီး ကစားတဲ့နေရာ မတူတဲ့အတွက်

သူတို့ ၂ယောက်ကို နှိုင်းယှဉ်ဖို့ ခက်ကြောင်း၊ ပီအက်စ်ဂျီဟာ အမ်ဘက်ပီ ရှိနေတဲ့အတွက် ပျော်မှာဖြစ်သလို မန်စီးတီးမှာလည်း ဖိုဒန်ရှိနေတာ ကျေနပ်စရာလို့

၈ွာဒီယိုလာက ဆိုသွားခဲ့ပါသေးတယ်။

အမ်ဘက်ပီဟာ ၂၀၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲ မိုနာကိုအသင်းမှာ ရှိနေခဲ့တုန်းက မန်စီးတီးကို ၁၆သင်းအဆင့်မှာ အနိုင်ယူခဲ့ဖူးပါတယ်။

မန်စီးတီးအနေနဲ့ အခုလို ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် တက်ရောက်လာတာဟာ နည်းပြ ၈ွာဒီယိုလာ လက်ထက်မှာ အမြင့်ဆုံးဖြစ်ပြီး ၂၀၁၇မှာ မိုနာကို၊

၂၀၁၈မှာ လီဗာပူး၊ ၂၀၁၉ မှာ စပါးနဲ့ ၂၀၂၀ မှာ လိုင်ယွန်အသင်းတို့ကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီး အမြင့်ဆုံး ကွာတားဖိုင်နယ်အထိသာ

တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

Zawgyi

ခ်န္ပီယံလိဂ္မွာ ရင္ဆိုင္ရမယ့္ ေနမာနဲ႔ အမ္ဘက္ပီ အေၾကာင္း စဥ္းစားလိုက္တိုင္း အိပ္မေပ်ာ္ေတာ့တဲ့ ဂြာဒီယိုလာ

ဒီည ကစားမယ့္ ခ်န္ပီယံလိဂ္ ဆီးမီးဖိုင္နယ္မွာ ရင္ဆိုင္ရမယ့္ နာမည္ႀကီးတိုက္စစ္အတြဲျဖစ္တဲ့ ေနမာနဲ႔ အမ္ဘက္ပီတို႔အေၾကာင္းကို

ေခါင္းထဲစဥ္းစားမိရင္ ေသခ်ာ အိပ္မေပ်ာ္ေတာ့ဘူးလို႔ မန္စီးနည္းျပ ဂြာဒီယိုလာ ကဖြင့္ဟခဲ့ပါတယ္။

ၿပီးခဲ့တဲ့ လိဂ္ဖလားဗိုလ္လုပြဲအၿပီးမွာ သူေျပာထားတဲ့ ပရီးမီးယားလိဂ္က ခ်န္ပီယံလိ၈္ထက္ ပိုအေရးႀကီးတယ္ဆိုတဲ့

စကားကိုလည္း ဂြာဒီယိုလာက ပယ္ခ်သြားခဲ့ပါေသးတယ္။

ဂြာဒီယိုလာက ” မေန႔ညက ကြၽန္ေတာ္အိပ္ေပ်ာ္ဖို႔ အေတာ္ႀကိဳးစားခဲ့ရပါတယ္။ ေနမာနဲ႔ အမ္ဘက္ပီတို႔အေၾကာင္း မေတြးေတာ့မွပဲ အိပ္ေပ်ာ္သြားႏိုင္ခဲ့ပါတယ္။

သူတို႔ ၂ေယာက္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ခံစစ္ကို ေသခ်ာျပင္ဖို႔ လိုသလို အသင္းလိုက္လည္း အေကာင္းဆုံး ကစားႏိုင္ဖို႔ လိုပါတယ္။

ဟန္ခ်က္ညီထိန္းႏိုင္ဖို႔လည္း ႀကိဳးစား၇မွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

တစ္ခ်ိန္က ဘာစီလိုနာမွာ လက္တြဲၿပီး ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ဖူးတဲ့ ေနမာနဲ႔ ပတ္သတ္ၿပီးေတာ့လည္း ဂြာဒီယိုလာက ခ်ီးက်ဴးစကားဆိုခဲ့ပါေသးတယ္။

” ေနမာတစ္ေယာက္ ဆန္းတို႔စ္မွာ ကစားတုန္းကပြဲကို ကြၽန္ေတာ္သြားၾကည့္ၿပီး ေျပာလိုက္မိတာကေတာ့ ဒီေကာင္ေလးက ဆန္တို႔စ္ရဲ႕ ဘုရင္ပဲ ဆိုတာပါ။

တကယ္လို႔ ေနမာသာ ဘာစီလိုနာမွာ ဆက္ေနခဲ့မယ္ဆိုရင္ ဘာကာက ေနာက္တပ္ခ်န္ပီယံလိဂ္ ၂ႀကိမ္ ၃ႀကိမ္ေလာက္ ထပ္ရႏိုင္ပါတယ္။ သူရယ္ မက္ဆီရယ္ ဆြရက္ဇ္ရယ္ သိတဲ့အတိုင္း MSN က အေကာင္းဆုံး တိုက္စစ္အတြဲပဲေလ၊ သူက ပဲရစ္ကို သြားလိုက္တာ မဆိုးပါဘူး။ ပီအက္စ္ဂ်ီက အသင္းေကာင္းတစ္သင္းပါ။ ေနမာဟာ ေဘာလုံးရသ ေပးႏိုင္တဲ့ ကစားသမားေကာင္းပါ” လို႔ ဂြာဒီယိုလာက ေျပာသြားခဲ့ပါတယ္။

တဆက္တည္းမွာပဲ အမ္ဘက္ပီနဲ႔ ဖိုဒန္တို႔ ၂ဦးမွာ ငယ္႐ြယ္ၿပီး ေျခစြမ္းထက္တဲ့ ကစားသမားေတြအျဖစ္ ဂြာဒီယိုလာက ခ်ီးက်ဴးခဲ့ၿပီး ကစားတဲ့ေနရာ မတူတဲ့အတြက္ သူတို႔ ၂ေယာက္ကို ႏႈိင္းယွဥ္ဖို႔ ခက္ေၾကာင္း၊ ပီအက္စ္ဂ်ီဟာ အမ္ဘက္ပီ ရွိေနတဲ့အတြက္ ေပ်ာ္မွာျဖစ္သလိုမန္စီးတီးမွာလည္း ဖိုဒန္ရွိေနတာ ေက်နပ္စရာလို႔ ၈ြာဒီယိုလာက ဆိုသြားခဲ့ပါေသးတယ္။

အမ္ဘက္ပီဟာ ၂၀၁၇ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ မိုနာကိုအသင္းမွာ ရွိေနခဲ့တုန္းက မန္စီးတီးကို ၁၆သင္းအဆင့္မွာ အႏိုင္ယူခဲ့ဖူးပါတယ္။

မန္စီးတီးအေနနဲ႔ အခုလို ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္ တက္ေရာက္လာတာဟာ နည္းျပ ၈ြာဒီယိုလာ လက္ထက္မွာ အျမင့္ဆုံးျဖစ္ၿပီး

၂၀၁၇မွာ မိုနာကို၊ ၂၀၁၈မွာ လီဗာပူး၊ ၂၀၁၉ မွာ စပါးနဲ႔ ၂၀၂၀ မွာ လိုင္ယြန္ အသင္းတို႔ေၾကာင့္ ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရၿပီး

အျမင့္ဆုံး ကြာတားဖိုင္နယ္အထိသာ တက္ေရာက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။