ချန်ပီယံလိဂ်မှာ ယူနိုက်တက်နဲ့ဆိုးလ်ရှားကို ဒုတိယအကြိမ်ကယ်တင်ပေးလိုက်ပြန်တဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီပွဲမတိုင်ခင် ယူနိုက်တက်ဂန္ထဝင်ကစားသမားတွေက စီရော်နယ်လ်ဒိုရဲ့ခြေစွမ်းကို အမျိုးမျိုးဝေဖန်ပြစ်တင်စကားတွေဆိုခဲ့ကြတယ်။

စီရော်နယ်လ်ဒိုကြောင့် အသင်းရဲ့ကစားဟန်က ဟန်ချက်မညီဘူး၊ စီရော်နယ်လ်ဒိုဟာ အရင်လိုမျိုးစွမ်းဆောင်ရည်မရှိတော့ဘူးစသဖြင့်ပေ့ါ။

ဒါပေမဲ့ ဒီဂန္ထဝင်တွေမတွေးမိတာက ဒီရာသီမှာ စီရော်နယ်လ်ဒိုရဲ့သွင်းဂိုးတွေသာမရှိရင် ယူနိုက်တက်ဘယ်အဆင့်မှာရပ်တည်နေမလဲဆိုတာပါပဲ။

သူဟာ ယူနိုက်တက်အသင်းကစားသမားဘဝ ပထမအကြိမ်တုန်းကလို ပြေးအား၊

လျင်မြန်မှု၊ ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်မှုအပိုင်းတွေမှာ အရင်လောက် ကောင်းချင်မှကောင်းပါလိမ့်မယ်၊

ဒါပေမဲ့ နိုင်ပွဲတစ်ပွဲရဖို့ ကြီးမားတဲ့ အပြောင်းအလဲပြုလုပ်နိုင်စွမ်း၊ သွင်းဂိုးတစ်ဂိုးရဖို့အတွက်

အချိန်ကိုက်နေရာယူနိုင်စွမ်းတွေကတော့ ရာနှုန်းပြည့်ကောင်းမွန်နေဆဲဖြစ်ပါတယ်။

ဗီလာရီးယဲလ်နဲ့ပွဲတုန်းက နောက်ကျအနိုင်ဂိုးနဲ့ ယူနိုက်တက်အသင်းကို ကယ်တင်ပေးခဲ့သလို အခုပွဲမှာလည်း အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့ပြန်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ခံစစ်ပိုင်းကလွဲလို့ ကျန်တဲ့နေရာတွေမှာ ကစားသမားတွေဟာ သူတို့လုပ်ရမယ့်အပိုင်းကို တာဝန်ကျေအောင်လုပ်ပြနိုင်ခဲ့တယ်။

ပွဲအစ(၁၅)မိနစ်မှာပဲ အတ္တလန်တာတို့ဂိုးရခဲ့ပြီး ဇာပါကော်စတာ ညာခြမ်းကနေ ချိုးပေးလိုက်တာကို ပါဆယ်လစ်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ပါဆယ်လစ် လူကျွံအနေအထားမှာရှိနေပေမယ့် VAR ကတော့ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

အတ္တလန်တာအသင်းအတွက် ဒုတိယဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဒါမီယဲလ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး

လုခ်ရှော၊ မက်ဂွိုင်းယားတို့ Marking လုပ်တာညံ့ဖျင်းတာကြောင့် ဂိုးပေးလိုက်ရတယ်လို့ပြောရမယ်။

(၂-ဝ)ဂိုးပြတ်ရှုံးနေတာကြောင့် ဆိုးလ်ရှားတော့ သွားပြီလို့ထင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းမှာ အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့ပြီး

ပြိုင်ဘက်က ဖိအားပေးလာတဲ့အချိန်မှာ အတ္တလန်တာအသင်းလည်း ရေရှည်တောင့်မခံနိုင်တော့ဘဲ ပြိုဆင်းသွားတော့တာပါပဲ။

ဒီပွဲမှာ ဖရက်ဒ်နဲ့ တွမ်မီနေးတို့ရဲ့တိုက်စစ်လိုက်ပါမှုက စိတ်ကျေနပ်ဖို့ကောင်းပြီး နှစ်ယောက်စလုံး အပိုင်ဂိုးသွင်းခွင့်တွေရခဲ့ကြပေမယ့် ဂိုးမရခဲ့ပါဘူး။

ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက Box To Box တွေအပြိုင်ကစားနေလို့ Counter တွေပြန်မိရင် ကွင်းလယ်မှာ Gap တွေဖြစ်သွားတဲ့အတွက်

ယူနိုက်တက်ခံစစ်က အသည်းအသန်ကာကွယ်ခဲ့ရပြီး ဒီဂီယာ လက်စွမ်းပြနိုင်လို့သာ ကံကောင်းခဲ့ရတယ်။

လက်စတာနဲ့ပွဲမှာ ဒီရာသီပထမဆုံးအဖြစ် ယူနိုက်တက်အသင်းအတွက်ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ် အခုပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့်

မလိုအပ်ဘဲ တစ်ကိုယ်ကောင်းဆန်ခဲ့တာ၊ အပိုင်အခွင့်အရေးတချို့ကို ဖြုန်းတီးခဲ့တာကတော့ အပြစ်တင်ချင်စရာပါပဲ။

ဒါပေမဲ့ ယူနိုက်တက်အသင်းအတွက် မျှော်လင့်ချက်ရောင်ခြည်ပြန်သန်းလာစေမယ့်ဂိုးကို ရပ်ရှ်ဖို့ဒ်သွင်းယူခဲ့ပြီး

ဒါက ဘရူနိုဖာနန်ဒက်စ်ရဲ့ ပါးနပ်တဲ့ဖန်တီးပေးမှုကြောင့်လို့ပြောရင်လည်း မမှားပါဘူး။

Pressing Game ကို ပီပီပြင်ပြင်ကစားနိုင်တဲ့ ယူနိုက်တက်ရဲ့ကစားဟန်ကြောင့် အတ္တလန်တာအသင်း အမှားအယွင်းတွေများလာပြီး

ဂိုးသမားဟွမ်မူဆိုလည်း တော်တော်လေး ကာကွယ်မှုတွေလုပ်ခဲ့ရတယ်။

(၇၅)မိနစ်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ Crossing ကနေ ကာဗာနီက အသာလေး ခေါင်းငုံ့ပေးလိုက်ပြီး ဂိုးရှေ့မှာအသင့်ရှိနေတဲ့ မက်ဂွိုင်းယားက အပိုင်ပိတ်သွင်းခဲ့လို့ ယူနိုက်တက်ဒုတိယဂိုးရခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်တောင်ပံတိုက်စစ်ကစားသမားတွေနဲ့ Full Backs တွေဟာ ပြိုင်ဘက်ဂိုးဧရိယာနားရောက်လာရင် အရင်လို အတွင်းထဲပြန်ချိတ်ပြီးတော့ အကျပ်ထဲကို မရ,ရအောင်ထိုးဖောက်တာမျိုးမလုပ်တော့ဘဲ ပယ်နယ်တီဧရိယာထဲကို Crossing တွေနဲ့ပေးပို့ကစားခဲ့တာကြောင့်လည်း ယူနိုက်တက်တိုက်စစ်က ထက်မြက်ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် လုခ်ရှောနဲ့ ဘစ်ဆာကာတို့ဟာ ဖြတ်တင်ဘောတွေများများလုပ်ဖို့လိုပြီး စီရော်နယ်လ်ဒိုလို အမြင့်ဘောအားသန်တဲ့ကစားသမားတစ်ယောက်လုံးရှိနေတာကြောင့် ဂိုးမရမှာပူစရာမလိုပါဘူး။

ယူနိုက်တက်ရသွားတဲ့အနိုင်ဂိုးကလည်း လုခ်ရှောရဲ့ဖြတ်တင်ဘောကနေ စီရော်နယ်လ်ဒိုက ချိန်သားကိုက် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး

အခုအချိန်မှာ စီရော်နယ်လ်ဒိုက တစ်ချိန်ကလို Tricks တွေ၊ Skill တွေပြမယ့်အနေအထားမဟုတ်တော့ဘဲ

နစ္စတယ်ရွိုင်းလိုမျိုး ပြိုင်ဘက်အသင်း ဂိုးဧရိယာ(၁၆)ကိုက်ထဲမှာ လှုပ်ရှားဖို့ပိုအားသန်တဲ့ တိုက်စစ်မှူးပုံစံဖြစ်နေတာကြောင့်

Full Backs တွေဆီက ဖြတ်တင်ဘောတွေထွက်ဖို့လိုအပ်နေပါပြီ။

အခုပွဲအနိုင်ရခဲ့လို့ ယူနိုက်တက်အသင်း (၃)ပွဲကစား(၆)မှတ်နဲ့ အုပ်စုထိပ်ဆုံးနေရာရောက်လာခဲ့ပေမယ့်

အိမ်ကွင်းမှာ (၁၂)ပွဲဆက်တိုက်ဂိုးပေးခဲ့ရတာကြောင့် ၁၉၆၄၊ ဖေဖော်ဝါရီလတုန်းက (၁၃)ပွဲဆက်တိုက်ဂိုးပေးခဲ့ရတာပြီးရင်

နှစ်ပေါင်း(၅၀)ကျော်အတွင်း အဆိုးရွားဆုံးခံစစ်စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္မွာ ယူႏိုက္တက္နဲ႔ဆိုးလ္ရွားကို ဒုတိယအႀကိမ္ကယ္တင္ေပးလိုက္ျပန္တဲ့ စီေရာ္နယ္လ္ဒို

ဒီပြဲမတိုင္ခင္ ယူႏိုက္တက္ဂႏၴဝင္ကစားသမားေတြက စီေရာ္နယ္လ္ဒိုရဲ႕ေျခစြမ္းကို အမ်ိဳးမ်ိဳးေဝဖန္ျပစ္တင္စကားေတြဆိုခဲ့ၾကတယ္။ စီေရာ္နယ္လ္ဒိုေၾကာင့္ အသင္းရဲ႕ကစားဟန္က ဟန္ခ်က္မညီဘူး၊ စီေရာ္နယ္လ္ဒိုဟာ အရင္လိုမ်ိဳးစြမ္းေဆာင္ရည္မရွိေတာ့ဘူးစသျဖင့္ေပ့ါ။ ဒါေပမဲ့ ဒီဂႏၴဝင္ေတြမေတြးမိတာက ဒီရာသီမွာ စီေရာ္နယ္လ္ဒိုရဲ႕သြင္းဂိုးေတြသာမရွိရင္ ယူႏိုက္တက္ဘယ္အဆင့္မွာရပ္တည္ေနမလဲဆိုတာပါပဲ။

သူဟာ ယူႏိုက္တက္အသင္းကစားသမားဘဝ ပထမအႀကိမ္တုန္းကလို ေျပးအား၊ လ်င္ျမန္မႈ၊ ၿပိဳင္ဘက္ခံစစ္ကို ဖိအားေပးႏိုင္မႈအပိုင္းေတြမွာ အရင္ေလာက္ ေကာင္းခ်င္မွေကာင္းပါလိမ့္မယ္၊ ဒါေပမဲ့ ႏိုင္ပြဲတစ္ပြဲရဖို႔ ႀကီးမားတဲ့အေျပာင္းအလဲျပဳလုပ္ႏိုင္စြမ္း၊ သြင္းဂိုးတစ္ဂိုးရဖို႔အတြက္ အခ်ိန္ကိုက္ေနရာယူႏိုင္စြမ္းေတြကေတာ့ ရာႏႈန္းျပည့္ေကာင္းမြန္ေနဆဲျဖစ္ပါတယ္။ ဗီလာရီးယဲလ္နဲ႔ပြဲတုန္းက ေနာက္က်အႏိုင္ဂိုးနဲ႔ ယူႏိုက္တက္အသင္းကို ကယ္တင္ေပးခဲ့သလို အခုပြဲမွာလည္း အေရးပါတဲ့အႏိုင္ဂိုးသြင္းယူခဲ့ျပန္ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္ခံစစ္ပိုင္းကလြဲလို႔ က်န္တဲ့ေနရာေတြမွာ ကစားသမားေတြဟာ သူတို႔လုပ္ရမယ့္အပိုင္းကို တာဝန္ေက်ေအာင္လုပ္ျပႏိုင္ခဲ့တယ္။

ပြဲအစ(၁၅)မိနစ္မွာပဲ အတၱလန္တာတို႔ဂိုးရခဲ့ၿပီး ဇာပါေကာ္စတာ ညာျခမ္းကေန ခ်ိဳးေပးလိုက္တာကို ပါဆယ္လစ္က ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ပါဆယ္လစ္ လူကြၽံအေနအထားမွာရွိေနေပမယ့္ VAR ကေတာ့ ဂိုးအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။ အတၱလန္တာအသင္းအတြက္ ဒုတိယဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ဒါမီယဲလ္က ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး လုခ္ေရွာ၊ မက္ဂြိဳင္းယားတို႔ Marking လုပ္တာညံ့ဖ်င္းတာေၾကာင့္ ဂိုးေပးလိုက္ရတယ္လို႔ေျပာရမယ္။

(၂-၀)ဂိုးျပတ္ရႈံးေနတာေၾကာင့္ ဆိုးလ္ရွားေတာ့ သြားၿပီလို႔ထင္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းဟာ ဒုတိယပိုင္းမွာ အေကာင္းဆုံးပုံစံနဲ႔ျပန္လာႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္က ဖိအားေပးလာတဲ့အခ်ိန္မွာ အတၱလန္တာအသင္းလည္း ေရရွည္ေတာင့္မခံႏိုင္ေတာ့ဘဲ ၿပိဳဆင္းသြားေတာ့တာပါပဲ။

ဒီပြဲမွာ ဖရက္ဒ္နဲ႔ တြမ္မီေနးတို႔ရဲ႕တိုက္စစ္လိုက္ပါမႈက စိတ္ေက်နပ္ဖို႔ေကာင္းၿပီး ႏွစ္ေယာက္စလုံး အပိုင္ဂိုးသြင္းခြင့္ေတြရခဲ့ၾကေပမယ့္ ဂိုးမရခဲ့ပါဘူး။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္စလုံးက Box To Box ေတြအၿပိဳင္ကစားေနလို႔ Counter ေတြျပန္မိရင္ ကြင္းလယ္မွာ Gap ေတြျဖစ္သြားတဲ့အတြက္ ယူႏိုက္တက္ခံစစ္က အသည္းအသန္ကာကြယ္ခဲ့ရၿပီး ဒီဂီယာ လက္စြမ္းျပႏိုင္လို႔သာ ကံေကာင္းခဲ့ရတယ္။

လက္စတာနဲ႔ပြဲမွာ ဒီရာသီပထမဆုံးအျဖစ္ ယူႏိုက္တက္အသင္းအတြက္ပါဝင္ကစားခဲ့ၿပီး ဂိုးသြင္းႏိုင္ခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ အခုပြဲမွာလည္း ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ မလိုအပ္ဘဲ တစ္ကိုယ္ေကာင္းဆန္ခဲ့တာ၊ အပိုင္အခြင့္အေရးတခ်ိဳ႕ကို ျဖဳန္းတီးခဲ့တာကေတာ့ အျပစ္တင္ခ်င္စရာပါပဲ။

ဒါေပမဲ့ ယူႏိုက္တက္အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ျပန္သန္းလာေစမယ့္ဂိုးကို ရပ္ရွ္ဖို႔ဒ္သြင္းယူခဲ့ၿပီး ဒါက ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ပါးနပ္တဲ့ဖန္တီးေပးမႈေၾကာင့္လို႔ေျပာရင္လည္း မမွားပါဘူး။

Pressing Game ကို ပီပီျပင္ျပင္ကစားႏိုင္တဲ့ ယူႏိုက္တက္ရဲ႕ကစားဟန္ေၾကာင့္ အတၱလန္တာအသင္း အမွားအယြင္းေတြမ်ားလာၿပီး ဂိုးသမားဟြမ္မူဆိုလည္း ေတာ္ေတာ္ေလး ကာကြယ္မႈေတြလုပ္ခဲ့ရတယ္။

(၇၅)မိနစ္မွာေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ Crossing ကေန ကာဗာနီက အသာေလး ေခါင္းငုံ႔ေပးလိုက္ၿပီး ဂိုးေရွ႕မွာအသင့္ရွိေနတဲ့ မက္ဂြိဳင္းယားက အပိုင္ပိတ္သြင္းခဲ့လို႔ ယူႏိုက္တက္ဒုတိယဂိုးရခဲ့ပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္ေတာင္ပံတိုက္စစ္ကစားသမားေတြနဲ႔ Full Backs ေတြဟာ ၿပိဳင္ဘက္ဂိုးဧရိယာနားေရာက္လာရင္ အရင္လို အတြင္းထဲျပန္ခ်ိတ္ၿပီးေတာ့ အက်ပ္ထဲကို မရ,ရေအာင္ထိုးေဖာက္တာမ်ိဳးမလုပ္ေတာ့ဘဲ ပယ္နယ္တီဧရိယာထဲကို Crossing ေတြနဲ႔ေပးပို႔ကစားခဲ့တာေၾကာင့္လည္း ယူႏိုက္တက္တိုက္စစ္က ထက္ျမက္ခဲ့တာျဖစ္ပါတယ္။

အထူးသျဖင့္ လုခ္ေရွာနဲ႔ ဘစ္ဆာကာတို႔ဟာ ျဖတ္တင္ေဘာေတြမ်ားမ်ားလုပ္ဖို႔လိုၿပီး စီေရာ္နယ္လ္ဒိုလို အျမင့္ေဘာအားသန္တဲ့ကစားသမားတစ္ေယာက္လုံးရွိေနတာေၾကာင့္ ဂိုးမရမွာပူစရာမလိုပါဘူး။

ယူႏိုက္တက္ရသြားတဲ့အႏိုင္ဂိုးကလည္း လုခ္ေရွာရဲ႕ျဖတ္တင္ေဘာကေန စီေရာ္နယ္လ္ဒိုက ခ်ိန္သားကိုက္ ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ စီေရာ္နယ္လ္ဒိုက တစ္ခ်ိန္ကလို Tricks ေတြ၊ Skill ေတြျပမယ့္အေနအထားမဟုတ္ေတာ့ဘဲ နစၥတယ္႐ြိဳင္းလိုမ်ိဳး ၿပိဳင္ဘက္အသင္း ဂိုးဧရိယာ(၁၆)ကိုက္ထဲမွာ လႈပ္ရွားဖို႔ပိုအားသန္တဲ့ တိုက္စစ္မႉးပုံစံျဖစ္ေနတာေၾကာင့္ Full Backs ေတြဆီက ျဖတ္တင္ေဘာေတြထြက္ဖို႔လိုအပ္ေနပါၿပီ။

အခုပြဲအႏိုင္ရခဲ့လို႔ ယူႏိုက္တက္အသင္း (၃)ပြဲကစား(၆)မွတ္နဲ႔ အုပ္စုထိပ္ဆုံးေနရာေရာက္လာခဲ့ေပမယ့္ အိမ္ကြင္းမွာ (၁၂)ပြဲဆက္တိုက္ဂိုးေပးခဲ့ရတာေၾကာင့္ ၁၉၆၄၊ ေဖေဖာ္ဝါရီလတုန္းက (၁၃)ပြဲဆက္တိုက္ဂိုးေပးခဲ့ရတာၿပီးရင္ ႏွစ္ေပါင္း(၅၀)ေက်ာ္အတြင္း အဆိုး႐ြားဆုံးခံစစ္စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။