ချန်ပီယံလိဂ်မှာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသခဲ့တဲ့လီဝန်ဒေါစကီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ပိုလန်နာမည်ကျော်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ဘင်ဖီကာအသင်းကို(၅-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ

ဟက်ထရစ်သွင်းယူခဲ့ပြီး အခုဆိုရင် ကစားသမားဘဝချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်ချိန်မှာ (၈၁)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘင်ဖီကာနဲ့ပွဲမှာ လီဝန်ဒေါစကီးက အသင်းအတွက်အဖွင့်ဂိုးကို (၂၆)မိနစ်မှာ ကင်စလေကိုးမန်းရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုလည်း နာဘရီသွင်းယူနိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ပယ်နယ်တီအခွင့်အရေးရခဲ့ပေမယ့် လီဝန်ဒေါစကီးရဲ့ကန်ချက်ကို ဘင်ဖီကာဂိုးသမားကာကွယ်နိုင်ခဲ့ပြီး

ဒုတိယပိုင်း(၆၁)မိနစ်မှာ ဆာနေးရဲ့ပေးပို့မှုကနေ ဒုတိယဂိုး၊ (၈၄)မိနစ်မှာ ဟက်ထရစ်ဂိုးတွေကို ဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်(၄)ပွဲကစားပြီးချိန်မှာ (၁၇)ဂိုးအထိသွင်းယူခဲ့တာကြောင့် ၂၀၁၇-၁၈ ရာသီတုန်းက PSG အသင်းတင်ရှိခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု(၄)ပွဲကစားပြီးချိန်မှာ

သွင်းဂိုးအများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်သလို လီဝန်ဒေါစကီးကလည်း တစ်ဦးချင်းစံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပွဲ(၁၀၀)ကစားအပြီး (၈၁)ဂိုးသွင်းယူခဲ့တာကြောင့် ပွဲအရေအတွက်အနည်းဆုံးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး(၈၀)ပြည့်ခဲ့တဲ့ကစားသမားစာရင်းမှာပါဝင်နိုင်ခဲ့ပါပြီ။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစီရော်နယ်လ်ဒိုနဲ့ ဒုတိယအများဆုံးမက်ဆီတို့တောင်

လီဝန်ဒေါစကီးလိုမျိုးမစွမ်းဆောင်နိုင်ခဲ့ဘဲ စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်သွင်းဂိုး(၈၀)ပြည့်ဖို့ (၁၀၆)ပွဲအထိကစားခဲ့ရသလို မက်ဆီကလည်း (၁၀၂)ပွဲကစားပြီးချိန်မှ သွင်းဂိုး(၈၀)ပြည့်ခဲ့တာပါ။

ဒါ့အပြင် လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးပိုလန်ကစားသမား၊ အွန်နရီ၊ အီဘရာဟီမိုဗစ်၊ စီရော်နယ်လ်ဒို၊ ပီယာလို၊ တိုနီကရူးစ်တို့လိုပဲ ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ (၆)ဦးမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အုပ်စုပွဲစဉ်(၄)ပွဲကစား၊ ပွဲတိုင်းအနိုင်ရခဲ့တာကြောင့် လက်ကျန်(၂)ပွဲမကစားခင်မှာပဲ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့သလို

ဒါက ပြိုင်ပွဲသမိုင်းတစ်လျှောက်(၁၄)ကြိမ်ြမောက်အဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး သူတို့ထက် အကြိမ်ပိုများတာက ရီးယဲလ်(၂၄ကြိမ်)၊ ဘာစီလိုနာ(၁ရကြိမ်)တို့သာရှိပါတော့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္မွာ မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ထက္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္ျပသခဲ့တဲ့လီဝန္ေဒါစကီး

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ပိုလန္နာမည္ေက်ာ္တိုက္စစ္မႉးလီဝန္ေဒါစကီးဟာ ဘင္ဖီကာအသင္းကို(၅-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီး အခုဆိုရင္ ကစားသမားဘဝခ်န္ပီယံလိဂ္ပြဲ(၁၀၀)ျပည့္ခ်ိန္မွာ (၈၁)ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဘင္ဖီကာနဲ႔ပြဲမွာ လီဝန္ေဒါစကီးက အသင္းအတြက္အဖြင့္ဂိုးကို (၂၆)မိနစ္မွာ ကင္စေလကိုးမန္းရဲ႕ျဖတ္တင္ေဘာကေန ေခါင္းတိုက္သြင္းယူခဲ့ၿပီး ဒုတိယဂိုးကိုလည္း နာဘရီသြင္းယူႏိုင္ေအာင္ဖန္တီးေပးခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ပယ္နယ္တီအခြင့္အေရးရခဲ့ေပမယ့္ လီဝန္ေဒါစကီးရဲ႕ကန္ခ်က္ကို ဘင္ဖီကာဂိုးသမားကာကြယ္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္း(၆၁)မိနစ္မွာ ဆာေနးရဲ႕ေပးပို႔မႈကေန ဒုတိယဂိုး၊ (၈၄)မိနစ္မွာ ဟက္ထရစ္ဂိုးေတြကို ဆက္တိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်န္ပီယံလိဂ္(၄)ပြဲကစားၿပီးခ်ိန္မွာ (၁၇)ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ၂၀၁၇-၁၈ ရာသီတုန္းက PSG အသင္းတင္ရွိခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စု(၄)ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့ၿပီျဖစ္သလို လီဝန္ေဒါစကီးကလည္း တစ္ဦးခ်င္းစံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ လီဝန္ေဒါစကီးဟာ ခ်န္ပီယံလိဂ္ပြဲ(၁၀၀)ကစားအၿပီး (၈၁)ဂိုးသြင္းယူခဲ့တာေၾကာင့္ ပြဲအေရအတြက္အနည္းဆုံးနဲ႔ ခ်န္ပီယံလိဂ္သြင္းဂိုး(၈၀)ျပည့္ခဲ့တဲ့ကစားသမားစာရင္းမွာပါဝင္ႏိုင္ခဲ့ပါၿပီ။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားစီေရာ္နယ္လ္ဒိုနဲ႔ ဒုတိယအမ်ားဆုံးမက္ဆီတို႔ေတာင္ လီဝန္ေဒါစကီးလိုမ်ိဳးမစြမ္းေဆာင္ႏိုင္ခဲ့ဘဲ စီေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္သြင္းဂိုး(၈၀)ျပည့္ဖို႔ (၁၀၆)ပြဲအထိကစားခဲ့ရသလို မက္ဆီကလည္း (၁၀၂)ပြဲကစားၿပီးခ်ိန္မွ သြင္းဂိုး(၈၀)ျပည့္ခဲ့တာပါ။ ဒါ့အျပင္ လီဝန္ေဒါစကီးဟာ ခ်န္ပီယံလိဂ္ပြဲ(၁၀၀)ျပည့္ခဲ့တဲ့ ပထမဆုံးပိုလန္ကစားသမား၊ အြန္နရီ၊ အီဘရာဟီမိုဗစ္၊ စီေရာ္နယ္လ္ဒို၊ ပီယာလို၊ တိုနီက႐ူးစ္တို႔လိုပဲ ခ်န္ပီယံလိဂ္ပြဲ(၁၀၀)ျပည့္ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ (၆)ဦးေျမာက္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ အုပ္စုပြဲစဥ္(၄)ပြဲကစား၊ ပြဲတိုင္းအႏိုင္ရခဲ့တာေၾကာင့္ လက္က်န္(၂)ပြဲမကစားခင္မွာပဲ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့သလို ဒါက ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္(၁၄)ႀကိမ္ျေမာက္အျဖစ္ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး သူတို႔ထက္ အႀကိမ္ပိုမ်ားတာက ရီးယဲလ္(၂၄ႀကိမ္)၊ ဘာစီလိုနာ(၁ရႀကိမ္)တို႔သာရွိပါေတာ့တယ္။