ချန်ပီယံလိဂ်မှာ ပွဲတိုင်းဂိုးသွင်းယူနေတဲ့ မက်ဆီနဲ့ ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေမှာ ရုန်းကန်နေရတဲ့ ကစားသမားတွေရှိပေမယ့် မက်ဆီနဲ့ ဟာလန်းကတော့သာယာတဲ့ အခြေအနေမှာရှိပါတယ်။ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ ဒိုင်နမိုကိဗ်ယှဉ်ပြိုင်တဲ့ပွဲ၊ ကလပ်ဘရုဂျ်နဲ့ ဒေါ့မွန်တို့ရင်ဆိုင်ခဲ့ကြတဲ့ပွဲတွေအပြီးမှာတော့ ဘာစီလိုနာကြယ်ပွင့် မက်ဆီနဲ့ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းတို့ဟာ ချန်ပီယံလိဂ်ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ကစားသမားတွေ ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒိုင်နမိုကိဗ်အသင်းကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး မက်ဆီက ပထမပိုင်း ၅ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတစ်ဆင့် ဘာစီလိုနာအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီသွင်းဂိုးဟာ မက်ဆီအတွက်တော့ ဒီရာသီချန်ပီယံလိဂ်မှာ အုပ်စုပွဲသုံးပွဲကစားအပြီး ပွဲတိုင်းဂိုးသွင်းယူနိုင်တဲ့သူ ဖြစ်စေခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေမှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေတဲ့ မက်ဆီကတော့ သွင်းဂိုးအရေအတွက် (၇၁)ဂိုးဖြစ်သွားပြီး ဒုတိယနေရာက စီရော်နယ်ဒိုကို (၈)ဂိုးအသာနဲ့ ဦးဆောင်နေပါတယ်။ ဒီရလဒ်ဟာ မက်ဆီက အုပ်စုပွဲ ၇၄ပွဲကစားပြီးချိန်မှာရရှိနေတဲ့မှတ်တမ်းဖြစ်ပြီး တစ်ပွဲကို ပျမ်းမျှ (ဝ.၉၆)ဂိုး အချိုးရှိနေပါတယ်။

ဘာစီလိုနာဟာ ပွဲတိုင်းမှာ ပယ်နယ်တီရရှိနေခဲ့ပြီး မက်ဆီက အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၉ ပွဲကစားအပြီး ၄ ဂိုးသွင်းယူထားရာမှာ ဂိုးအားလုံးကို ပယ်နယ်တီကနေတစ်ဆင့်ရရှိထားခဲ့တာဖြစ်ပြီးတော့ ဂိုးတွေကိုကစားကွက်ကနေတစ်ဆင့် သွင်းယူမထားနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ရာသီက မက်ဆီရဲ့ ဂိုးသွင်းနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နိမ့်ကျသွားတဲ့ အခြေအနေတော့ရှိပါတယ်။ ဒါ့အပြင်မက်ဆီဟာ တစ်ပွဲတည်းမှာပဲ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်အထိရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။

အခြားတစ်ဖက်မှာတော့ ကလပ်ဘရုဂ်နဲ့ပွဲမှာ ဒေါ့မွန်အတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ နော်ဝေကြယ်ပွင့်ဟာလန်းကတော့ ဒီရာသီမှာ တစ်ပွဲကိုတစ်ဂိုးနှုန်းသွင်းယူနေကာ သူ့ရဲ့ပုံမှန်ခြေစွမ်းကို ပြသနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကမှ ဒေါ့မွန်ကိုပြောင်းရွှေ့ခဲ့တဲ့ဟာလန်းဟာ အသင်းနဲ့အလျင်အမြန်ပဲ အထိုင်ကျခဲ့ပြီး ရာသီအသစ်မှာလည်း တည်ငြိမ်တဲ့ခြေစွမ်းကောင်းကိုပြသထားပါတယ်။

ဟာလန်းဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၀ ပွဲကစားထားရာမှာ စုစုပေါင်းသွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ပွဲကစားထားရာမှာ ၃ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ဟာလန်းဟာ ဘွန်ဒက်လီဂါမှာ ငါးပွဲကစားအပြီး ငါးဂိုးရရှိထားကာ ချန်ပီယံလိဂ်မှာ ၃ပွဲကစားပြီး ၄ဂိုး နဲ့ ပြည်တွင်းဖလားပြိုင်ပွဲမှာ တစ်ဂိုးရယူထားပြီး ပြိုင်ပွဲစုံအရပ်ရပ်မှာ ဟာလန်းက ဂိုးသွင်းနိုင်ခဲ့တာပါ။

လက်ရှိအချိန်ထိ ဟာလန်းဟာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲအထိ ကစားပေးထားခဲ့ပြီး ၂၆ ဂိုးအထိ သွင်းပေးထားပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ ဆန်ချိုကိုထိန်းသိမ်းရသလို၊ ဂိုးသွင်းစက် ဟာလန်းကိုလည်းအသင်းမှာမြဲနေဖို့ စဉ်ဆက်မပြတ်ကြိုးစားအားထုတ်နေရပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္မွာ ပြဲတိုင္းဂိုးသြင္းယူေနတဲ့ မက္ဆီနဲ႔ ဟာလန္း

ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ေတြမွာ ႐ုန္းကန္ေနရတဲ့ ကစားသမားေတြရွိေပမယ့္ မက္ဆီနဲ႔ ဟာလန္းကေတာ့သာယာတဲ့ အေျခအေနမွာရွိပါတယ္။ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ ဘာစီလိုနာနဲ႔ ဒိုင္နမိုကိဗ္ယွဥ္ၿပိဳင္တဲ့ပြဲ၊ ကလပ္ဘ႐ုဂ်္နဲ႔ ေဒါ့မြန္တို႔ရင္ဆိုင္ခဲ့ၾကတဲ့ပြဲေတြအၿပီးမွာေတာ့ ဘာစီလိုနာၾကယ္ပြင့္ မက္ဆီနဲ႔ ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္းတို႔ဟာ ခ်န္ပီယံလိဂ္ပြဲစဥ္တိုင္းမွာ ဂိုးသြင္းယူႏိုင္တဲ့ကစားသမားေတြ ျဖစ္လာခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒိုင္နမိုကိဗ္အသင္းကို ၂-၁ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး မက္ဆီက ပထမပိုင္း ၅ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေနတစ္ဆင့္ ဘာစီလိုနာအတြက္ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီသြင္းဂိုးဟာ မက္ဆီအတြက္ေတာ့ ဒီရာသီခ်န္ပီယံလိဂ္မွာ အုပ္စုပြဲသုံးပြဲကစားအၿပီး ပြဲတိုင္းဂိုးသြင္းယူႏိုင္တဲ့သူ ျဖစ္ေစခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ပြဲစဥ္ေတြမွာ သြင္းဂိုးအမ်ားဆံုးကစားသမားအျဖစ္ မွတ္တမ္းဝင္ေနတဲ့ မက္ဆီကေတာ့ သြင္းဂိုးအေရအတြက္ (၇၁)ဂိုးျဖစ္သြားၿပီး ဒုတိယေနရာက စီေရာ္နယ္ဒိုကို (၈)ဂိုးအသာနဲ႕ ဦးေဆာင္ေနပါတယ္။ ဒီရလဒ္ဟာ မက္ဆီက အုပ္စုပြဲ ၇၄ပြဲကစားၿပီးခ်ိန္မွာရရွိေနတဲ့မွတ္တမ္းျဖစ္ၿပီး တစ္ပြဲကို ပ်မ္းမွ် (၀.၉၆)ဂိုး အခ်ိဳးရွိေနပါတယ္။

ဘာစီလိုနာဟာ ပြဲတိုင္းမွာ ပယ္နယ္တီရရွိေနခဲ့ၿပီး မက္ဆီက အေကာင္းဆုံးအဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ မက္ဆီအေနနဲ႔ ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၉ ပြဲကစားအၿပီး ၄ ဂိုးသြင္းယူထားရာမွာ ဂိုးအားလုံးကို ပယ္နယ္တီကေနတစ္ဆင့္ရရွိထားခဲ့တာျဖစ္ၿပီးေတာ့ ဂိုးေတြကိုကစားကြက္ကေနတစ္ဆင့္ သြင္းယူမထားႏိုင္ေသးပါဘူး။ ၿပီးခဲ့တဲ့ရာသီက မက္ဆီရဲ႕ ဂိုးသြင္းႏႈန္းနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ နိမ့္က်သြားတဲ့ အေျခအေနေတာ့ရွိပါတယ္။ ဒါ့အျပင္မက္ဆီဟာ တစ္ပြဲတည္းမွာပဲ ဂိုးကန္သြင္းခြင့္ ၁၀ ႀကိမ္အထိရရွိခဲ့ေပမယ့္ ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့ပါဘူး။

အျခားတစ္ဖက္မွာေတာ့ ကလပ္ဘ႐ုဂ္နဲ႔ပြဲမွာ ေဒါ့မြန္အတြက္ အႏိုင္ဂိုးႏွစ္ဂိုးသြင္းယူေပးခဲ့တဲ့ ေနာ္ေဝၾကယ္ပြင့္ဟာလန္းကေတာ့ ဒီရာသီမွာ တစ္ပြဲကိုတစ္ဂိုးႏႈန္းသြင္းယူေနကာ သူ႔ရဲ႕ပုံမွန္ေျခစြမ္းကို ျပသေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကမွ ေဒါ့မြန္ကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ဟာလန္းဟာ အသင္းနဲ႔အလ်င္အျမန္ပဲ အထိုင္က်ခဲ့ၿပီး ရာသီအသစ္မွာလည္း တည္ၿငိမ္တဲ့ေျခစြမ္းေကာင္းကိုျပသထားပါတယ္။

ဟာလန္းဟာ ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၁၀ ပြဲကစားထားရာမွာ စုစုေပါင္းသြင္းဂိုး ၁၀ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၃ ပြဲကစားထားရာမွာ ၃ ပြဲစလုံး ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာ ဟာလန္းဟာ ဘြန္ဒက္လီဂါမွာ ငါးပြဲကစားအၿပီး ငါးဂိုးရရွိထားကာ ခ်န္ပီယံလိဂ္မွာ ၃ပြဲကစားၿပီး ၄ဂိုး နဲ႔ ျပည္တြင္းဖလားၿပိဳင္ပြဲမွာ တစ္ဂိုးရယူထားၿပီး ၿပိဳင္ပြဲစုံအရပ္ရပ္မွာ ဟာလန္းက ဂိုးသြင္းႏိုင္ခဲ့တာပါ။

လက္ရွိအခ်ိန္ထိ ဟာလန္းဟာ ေဒါ့မြန္အတြက္ ၿပိဳင္ပြဲစုံ ၂၈ ပြဲအထိ ကစားေပးထားခဲ့ၿပီး ၂၆ ဂိုးအထိ သြင္းေပးထားပါတယ္။ ေဒါ့မြန္အသင္းအေနနဲ႔ ဆန္ခ်ိဳကိုထိန္းသိမ္းရသလို၊ ဂိုးသြင္းစက္ ဟာလန္းကိုလည္းအသင္းမွာၿမဲေနဖို႔ စဥ္ဆက္မျပတ္ႀကိဳးစားအားထုတ္ေနရပါမယ္။