ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့စိုးမိုးမှု အဆုံးသတ်ပြီလား

photo-gettyimages

photo-gettyimages

လွန်ခဲ့တဲ့ ၁၂ လကပဲ ဥရောပဘောလုံးရပ်ဝန်းမှာ အင်္ဂလိပ်ကလပ်တွေရဲ့စိုးမိုးမှုအကြောင်းကို လူတွေပြောနေကြတာပါ။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကိုယ်စားပြု ၄ သင်းစလုံးဟာ ၁၆ သင်းအဆင့်တင်မဟုတ်ဘဲ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ကြပါတယ်။ အဲဒီထဲက ပရီးမီးယားလိဂ် ၂ သင်းဟာ ဆီမီးဖိုင်နယ်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကြလို့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ All English Final ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ အင်္ဂလိပ်ကလပ်တွေ တစ်ကျော့ပြန်လည်စိုးမိုးလာချိန်လို့တောင် ဆိုခဲ့ကြသေးတယ်။

photo-gettyimages

ဒီရာသီမှာလည်း အင်္ဂလိပ် ၄ သင်းစလုံးဟာ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ၁၆ သင်းအဆင့်ပထမအကျော့မှာတင် အတော်များများ အခြေအနေမကောင်းဖြစ်ကုန်ကြပါတယ်။ ပြီးခဲ့တဲ့အပတ် ၁၆ သင်းအဆင့် ပထမအေကျော့ပွဲတွေမှာ လက်ရှိချန်ပီယံလီဗာပူးရော စပါးပါ ရှုံးပွဲကိုယ်စီကြုံခဲ့ရပြီး ဒီတစ်ပတ်မှာလည်း ချဲလ်ဆီးက အိမ်ကွင်းမှာတင် ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးပြတ်နဲ့ အရှက်တကွဲရှုံးနိမ့်သွားခဲ့ရတယ်။ ပိုပြီးအံ့သြစရာကောင်းတာက ရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ် ၃ သင်းစလုံး ၁ ဂိုးတောင်ပြန်သွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီထဲမှာ ၂ သင်းက အိမ်ကွင်းကစားခဲ့တာပါ။

photo-social media

ဒီရာသီချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပရီးမီးယားလိဂ်အသင်းတွေဂိုးမရသေးဘူးဆိုတဲ့ ကိန်းဂဏန်းအချက်အလက်ကို ဒီနေ့ည ရီးရဲလ်နဲ့အဝေးကွင်းသွားကစားရမယ့်မန်စီးတီးက ပြောင်းလဲပေးနိုင်မလားဆိုတာကတော့ စောင့်ကြရပါမယ်။ ဒုတိယအကျော့ကျန်သေးတယ်လို့ ဆိုနိုင်ပေမယ့် လောလောဆယ် အိမ်ကွင်းခြေပြတ်ဂိုးပြတ်ရှုံးထားတဲ့ချဲလ်ဆီးကတော့ ပြန်မလာနိုင်တော့ဖို့ များနေပါတယ်။ တိုက်စစ်မှုးမဲ့ မော်ရင်ဟိုရဲ့စပါးကလည်း ဒုတိယအကျော့ ဂျာမန်မြေမှာ အံ့အားသင့်ဖွယ်လုပ်ပြနိုင်ဖို့ မလွယ်ပါဘူး။ လီဗာပူးနဲ့မန်စီးတီးတို့ကိုပဲ အဓိကကြည့်ရတော့မယ်။ လက်ရှိပရီးမီးယားလိဂ်ကလပ်တွေ အကျနာနေပေမယ့် ဘွန်ဒက်စ်လီဂါကလပ်တွေကတော့ ချန်ပီယံလိဂ်မှာရော ယူရိုပါလိဂ်မှာပါ ရှုံးထွက်အဆင့်ပွဲတိုင်း အနိုင်ရထားကြပါတယ်။

[Zawgyi]

ခ်န္ပီယံလိဂ္မွာ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕စိုးမိုးမႈ အဆုံးသတ္ၿပီလား

လြန္ခဲ့တဲ့ ၁၂ လကပဲ ဥေရာပေဘာလုံးရပ္၀န္းမွာ အဂၤလိပ္ကလပ္ေတြရဲ႕စိုးမုိုးမႈအေၾကာင္းကို လူေတြေျပာေနၾကတာပါ။ ဟုတ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ပရီးမီးယားလိဂ္ကိုယ္စားျပဳ ၄ သင္းစလုံးဟာ ၁၆ သင္းအဆင့္တင္မဟုတ္ဘဲ ကြာတားဖိုင္နယ္အထိ တက္ေရာက္ႏုိင္ခဲ့ၾကပါတယ္။ အဲဒီထဲက ပရီးမီးယားလိဂ္ ၂ သင္းဟာ ဆီမီးဖိုင္နယ္ကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကလို႔ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ဗုိလ္လုပြဲဟာ All English Final ျဖစ္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာ အဂၤလိပ္ကလပ္ေတြ တစ္ေက်ာ့ျပန္လည္စိုးမုိးလာခ်ိန္လို႔ေတာင္ ဆုိခဲ့ၾကေသးတယ္။

ဒီရာသီမွာလည္း အဂၤလိပ္ ၄ သင္းစလုံးဟာ ခ်န္ပီယံလိဂ္မွာ အုပ္စုအဆင့္ကို ေအာင္ေအာင္ျမင္ျမင္ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ၁၆ သင္းအဆင့္ပထမအေက်ာ့မွာတင္ အေတာ္မ်ားမ်ား အေျခအေနမေကာင္းျဖစ္ကုန္ၾကပါတယ္။ ၿပီးခဲ့တဲ့အပတ္ ၁၆ သင္းအဆင့္ ပထမအေေက်ာ့ပြဲေတြမွာ လက္ရွိခ်န္ပီယံလီဗာပူးေရာ စပါးပါ ရႈံးပြဲကိုယ္စီႀကဳံခဲ့ရၿပီး ဒီတစ္ပတ္မွာလည္း ခ်ဲလ္ဆီးက အိမ္ကြင္းမွာတင္ ဘုိင္ယန္ျမဴးနစ္ကို ၃ ဂိုးျပတ္န႔ဲ အရွက္တကြဲရႈံးနိမ့္သြားခဲ့ရတယ္။ ပိုၿပီးအံ့ၾသစရာေကာင္းတာက ရႈံးနိမ့္ခဲ့တဲ့ပရီးမီးယားလိဂ္ ၃ သင္းစလုံး ၁ ဂိုးေတာင္ျပန္သြင္းႏိုင္ျခင္း မရွိခဲ့ပါဘူး။ အဲဒီထဲမွာ ၂ သင္းက အိမ္ကြင္းကစားခဲ့တာပါ။

ဒီရာသီခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ပရီးမီးယားလိဂ္အသင္းေတြဂိုးမရေသးဘူးဆိုတဲ့ ကိန္းဂဏန္းအခ်က္အလက္ကို ဒီေန႔ည ရီးရဲလ္နဲ႔အေ၀းကြင္းသြားကစားရမယ့္မန္စီးတီးက ေျပာင္းလဲေပးႏိုင္မလားဆိုတာကေတာ့ ေစာင့္ၾကရပါမယ္။ ဒုတိယအေက်ာ့က်န္ေသးတယ္လို႔ ဆိုႏိုင္ေပမယ့္ ေလာေလာဆယ္ အိမ္ကြင္းေျချပတ္ဂိုးျပတ္ရႈံးထားတဲ့ခ်ဲလ္ဆီးကေတာ့ ျပန္မလာႏိုင္ေတာ့ဖုိ႔ မ်ားေနပါတယ္။ တိုက္စစ္မႈးမဲ့ ေမာ္ရင္ဟိုရဲ႕စပါးကလည္း ဒုတိယအေက်ာ့ ဂ်ာမန္ေျမမွာ အံ့အားသင့္ဖြယ္လုပ္ျပႏိုင္ဖို႔ မလြယ္ပါဘူး။ လီဗာပူးနဲ႔မန္စီးတီးတို႔ကိုပဲ အဓိကၾကည့္ရေတာ့မယ္။ လက္ရွိပရီးမီးယားလိဂ္ကလပ္ေတြ အက်နာေနေပမယ့္ ဘြန္ဒက္စ္လီဂါကလပ္ေတြကေတာ့ ခ်န္ပီယံလိဂ္မွာေရာ ယူရိုပါလိဂ္မွာပါ ရႈံးထြက္အဆင့္ပြဲတိုင္း အႏိုင္ရထားၾကပါတယ္။