ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပရိသတ်(၄)သောင်းနီးပါး ကွင်းထဲမှာ ကြည့်ခွင့်ရဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုဗစ်ရောဂါဆိုးကြောင့် ဘောလုံးပွဲတွေမှာ ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားနေကြပေမယ့် ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားမယ့်အချိန်မှာတော့ ပရိသတ်(၄)သောင်းနီးပါး ကွင်းထဲမှာ လာရောက်ကြည့်ရှုခွင့်ရဖို့ ရှိနေပါပြီ။

ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လာမယ့်မေလ(၂၉)ရက်ကျရင် အစ္စတန်ဘူလ်မြို့က ပရိသတ်(၇၅၀၀၀)ကျော်ဝင်ဆံ့တဲ့ Ataturk အိုလံပစ်ကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲကြည့်စင်ဧရိယာကို (၃၀)ရာခိုင်နှုန်းက (၅၀)ရာခိုင်နှုန်းအထိ ဖွင့်လှစ်သွားဖို့ရှိတာကြောင့် ပရိသတ် (၃၇၅၀၀)လောက်ကြည့်ရှုခွင့်ရဖို့ရှိပါတယ်။

အခုကာလအတွင်းမှာ ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သတ်မှတ်ရက်အတိုင်း ကျင်းပမယ်ဆိုရင် Ataturk အိုလံပစ်ကွင်းကို ပိုင်ဆိုင်တဲ့ တူရကီအစိုးရအတွက် ဝင်ငွေရရှိမှုလျော့နည်းနိုင်တာကြောင့် ပွဲကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ တောင်းဆိုမှုတွေလည်းရှိခဲ့ပါတယ်။

ဒါပေမဲ့ တူရကီအစိုးရတာဝန်ရှိသူတွေကတော့ အဲဒီကိစ္စအတွက် ဆွေးနွေးမှုတွေလုပ်နေပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားမယ့်ရက်ကျရင် ပရိသတ်အရေအတွက် (၂၂၅၀၀)ကနေ (၃၇၅၀၀)အထိ ကွင်းထဲဝင်ကြည့်ဖို့ ခွင့်ပြုသွားမယ့်အနေအထားပါပဲ။ တကယ်လို့ ပရိသတ်တွေကို ပွဲကြည့်ရှုခွင့်ပေးမယ်ဆိုရင် ဗိုလ်လုပွဲရောက် နှစ်သင်းရဲ့ပရိသတ်တွေအတွက် လက်မှတ်ခွဲတမ်းက အရမ်းနည်းပါးသွားဖို့ရှိပါတယ်။

Ataturk အိုလံပစ်ကွင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပဖို့သတ်မှတ်ခံခဲ့ရပေမယ့် ကိုဗစ်ရောဂါဆိုးကြောင့် မကျင်းပဖြစ်ဘဲ အဲဒီကွင်းအစား လစ္စဘွန်းမြို့က Estádio da Luz ကွင်းမှာ ပြောင်းလဲကျင်းပခဲ့ရတာဖြစ်ပါတယ်။

Ataturk အိုလံပစ်ကွင်းဟာ ၂၀၀၅ ခုနှစ်တုန်းက လီဗာပူးလ်နဲ့ အေစီမီလန်အသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ပရိသတ်တွေ ပိုမိုဝင်ဆံ့အောင် ကွင်းကို တိုးချဲ့တည်ဆောက်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲသာမကဘဲ အင်္ဂလန်ပြည်တွင်းပြိုင်ပွဲတွေဖြစ်တဲ့ လိဂ်ဖလား၊ FA ဖလားဗိုလ်လုပွဲတွေမှာ ပရိသတ်တွေကို အရေအတွက်အကန့်အသတ်နဲ့ ကွင်းထဲဝင်ကြည့်ခွင့်ပြုဖို့ စီစဉ်နေပြီး လိဂ်ချန်ပီယံရှစ် Play Off ဗိုလ်လုပွဲမှာလည်း ပရိသတ်တွေကြည့်ခွင့်ရအောင် တာဝန်ရှိသူတွေက ကြိုးစားနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ပရိသတ္(၄)ေသာင္းနီးပါး ကြင္းထဲမွာ ၾကည့္ခြင့္ရဖို႔ရွိေန

ကိုဗစ္ေရာဂါဆိုးေၾကာင့္ ေဘာလုံးပြဲေတြမွာ ပရိသတ္မပါဘဲ ယွဥ္ၿပိဳင္ကစားေနၾကေပမယ့္ ဒီရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားမယ့္အခ်ိန္မွာေတာ့ ပရိသတ္(၄)ေသာင္းနီးပါး ကြင္းထဲမွာ လာေရာက္ၾကည့္ရႈခြင့္ရဖို႔ ရွိေနပါၿပီ။ ဒီရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို လာမယ့္ေမလ(၂၉)ရက္က်ရင္ အစၥတန္ဘူလ္ၿမိဳ႕က ပရိသတ္(၇၅၀၀၀)ေက်ာ္ဝင္ဆံ့တဲ့ Ataturk အိုလံပစ္ကြင္းမွာ က်င္းပသြားမွာျဖစ္ၿပီး ပြဲၾကည့္စင္ဧရိယာကို (၃၀)ရာခိုင္ႏႈန္းက (၅၀)ရာခိုင္ႏႈန္းအထိ ဖြင့္လွစ္သြားဖို႔ရွိတာေၾကာင့္ ပရိသတ္ (၃၇၅၀၀)ေလာက္ၾကည့္ရႈခြင့္ရဖို႔ရွိပါတယ္။ အခုကာလအတြင္းမွာ ကိုဗစ္ေရာဂါျဖစ္ပြားေနတဲ့အတြက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို သတ္မွတ္ရက္အတိုင္း က်င္းပမယ္ဆိုရင္ Ataturk အိုလံပစ္ကြင္းကို ပိုင္ဆိုင္တဲ့ တူရကီအစိုးရအတြက္ ဝင္ေငြရရွိမႈေလ်ာ့နည္းႏိုင္တာေၾကာင့္ ပြဲက်င္းပမယ့္ရက္ကို ေ႐ႊ႕ဆိုင္းဖို႔ ေတာင္းဆိုမႈေတြလည္းရွိခဲ့ပါတယ္။

ဒါေပမဲ့ တူရကီအစိုးရတာဝန္ရွိသူေတြကေတာ့ အဲဒီကိစၥအတြက္ ေဆြးေႏြးမႈေတြလုပ္ေနၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားမယ့္ရက္က်ရင္ ပရိသတ္အေရအတြက္ (၂၂၅၀၀)ကေန (၃၇၅၀၀)အထိ ကြင္းထဲဝင္ၾကည့္ဖို႔ ခြင့္ျပဳသြားမယ့္အေနအထားပါပဲ။ တကယ္လို႔ ပရိသတ္ေတြကို ပြဲၾကည့္ရႈခြင့္ေပးမယ္ဆိုရင္ ဗိုလ္လုပြဲေရာက္ ႏွစ္သင္းရဲ႕ပရိသတ္ေတြအတြက္ လက္မွတ္ခြဲတမ္းက အရမ္းနည္းပါးသြားဖို႔ရွိပါတယ္။ Ataturk အိုလံပစ္ကြင္းဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ က်င္းပဖို႔သတ္မွတ္ခံခဲ့ရေပမယ့္ ကိုဗစ္ေရာဂါဆိုးေၾကာင့္ မက်င္းပျဖစ္ဘဲ အဲဒီကြင္းအစား လစၥဘြန္းၿမိဳ႕က Estádio da Luz ကြင္းမွာ ေျပာင္းလဲက်င္းပခဲ့ရတာျဖစ္ပါတယ္။ Ataturk အိုလံပစ္ကြင္းဟာ ၂၀၀၅ ခုႏွစ္တုန္းက လီဗာပူးလ္နဲ႔ ေအစီမီလန္အသင္းတို႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အိမ္ရွင္အျဖစ္လက္ခံက်င္းပခြင့္ရခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာ ပရိသတ္ေတြ ပိုမိုဝင္ဆံ့ေအာင္ ကြင္းကို တိုးခ်ဲ႕တည္ေဆာက္မႈေတြလုပ္ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသာမကဘဲ အဂၤလန္ျပည္တြင္းၿပိဳင္ပြဲေတြျဖစ္တဲ့ လိဂ္ဖလား၊ FA ဖလားဗိုလ္လုပြဲေတြမွာ ပရိသတ္ေတြကို အေရအတြက္အကန႔္အသတ္နဲ႔ ကြင္းထဲဝင္ၾကည့္ခြင့္ျပဳဖို႔ စီစဥ္ေနၿပီး လိဂ္ခ်န္ပီယံရွစ္ Play Off ဗိုလ္လုပြဲမွာလည္း ပရိသတ္ေတြၾကည့္ခြင့္ရေအာင္ တာဝန္ရွိသူေတြက ႀကိဳးစားေနၾကပါတယ္။