ချန်ပီယံလိဂ်ဗိုလ်လုပွဲက မျက်စိအေးစရာ၊ အသည်းနွေးစရာ အကွက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီအတွက် နောက်ဆုံး အပိတ်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လာမယ့် စနေနေ့ည ၊ ပေါ်တူဂီ နိုင်ငံ ၊ ပေါ်တို အိမ်ကွင်း ဖြစ်တဲ့ အက်စ်တာဒီယိုဒို ဒရေဂေါင် မှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၂သင်း ဖြစ်တဲ့ ချဲလ်ဆီး နဲ့ မန်စီးတီးတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အဲဒီဗိုလ်လုပွဲစဉ်မှာ အကအလှ ဖျော်ဖြေရေးအတွက် အလန်းစား အဆိုတော်တွေက တာဝန်ယူပါမယ်။

ဆယ်လီနာ ဂိုမက်ဇ်၊ Khalid နဲ့ Marshmello တို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဖွင့်ပွဲမှာ ပရိသတ်တွေ ကခုန်လို့ရအောင် သီဆို ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

Marshmello က ပြီးခဲ့တဲ့ မေလ ၂၄ရက်မှာ သူ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဖျော်ဖြေမယ်ဆိုတာ ဗီဒီယိုတစ်ခုနဲ့အတူ ထုတ်ဖော်အသိပေးခဲ့ပါတယ်။

၂၉ နှစ်အရွယ် DJ ပညာရှင်က တွစ်တာမှာ“ဆယ်လီနာ ဂိုမက်ဇ်နဲ့ Khalid တို့ရေ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ကြရအောင်”ဆိုပြီး ပရိသတ်တွေကို အသိပေးထားခဲ့ပါတယ်။

ဂိုမက်ဇ်ဟာ လာမယ့် Hulu Series“Only Murders in the Building”ကို ရိုက်ကူးရင်း အလုပ်များနေသလို၊ Khalidကလည်း J Balvin နဲ့ “Otra Noche Sin Ti”ဆိုတဲ့ သီချင်းကို ပူးပေါင်း ထုတ်လုပ်ကာ အောင်မြင်လျက် ရှိနေပါတယ်။

Marshmello ကတော့ 2021 BBMA ပွဲမှာ Jonas Brothersနဲ့ “Leave Before You Love Me”သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။

ချဲလ်ဆီး – မန်စီးတီး ချန်ပီယံလိဂ် ဖိုင်နယ် ပွဲမှာ ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ ရင်ခုန်ရတဲ့ နည်းတူ ဂီတသံစဉ်တွေကြောင့် လွတ်လပ်ပေါ့ပါး ပျော်ရွှင်မှုတွေလည်း ခံစားရပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက မ်က္စိ​ေအးစရာ၊ အသည္း​ေႏြးစရာ အကြက္

၂၀၂၀ – ၂၀၂၁ ေဘာလုံးရာသီအတြက္ ေနာက္ဆုံး အပိတ္ပြဲ ျဖစ္တဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို လာမယ့္ စေနေန႔ည ၊ ေပၚတူဂီ ႏိုင္ငံ ၊ ေပၚတို အိမ္ကြင္း ျဖစ္တဲ့ အက္စ္တာဒီယိုဒို ဒေရေဂါင္ မွာ ပရီးမီးယားလိဂ္ ထိပ္သီး ကလပ္ ၂သင္း ျဖစ္တဲ့ ခ်ဲလ္ဆီး နဲ႔ မန္စီးတီးတို႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

အဲဒီဗိုလ္လုပြဲစဥ္မွာ အကအလွ ​ေဖ်ာ္​ေျဖ​ေရးအတြက္ အလန္းစား အဆို​ေတာ္​ေတြက တာ၀န္ယူပါမယ္။ ဆယ္လီနာ ဂိုမက္ဇ္၊ Khalidနဲ႔ Marshmello တို႔ဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ဖြင့္ပြဲမွာ ပရိသတ္ေတြ ကခုန္လို႔ရေအာင္ သီဆို ေဖ်ာ္ေျဖသြားမယ္လို႔ သိရပါတယ္။ Marshmelloက ၿပီးခဲ့တဲ့ ေမလ ၂၄ရက္မွာ သူ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ေဖ်ာ္ေျဖမယ္ဆိုတာ ဗီဒီယိုတစ္ခုနဲ႔အတူ ထုတ္ေဖာ္အသိ​ေပးခဲ့ပါတယ္။

၂၉ႏွစ္အ႐ြယ္ DJ ပညာရွင္က တြစ္တာမွာ“ဆယ္လီနာ ဂိုမက္ဇ္နဲ႔ Khalidတို႔ေရ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ေတြ႕ၾကရေအာင္”ဆိုၿပီး ပရိသတ္​ေတြကို အသိ​ေပးထားခဲ့ပါတယ္။

ဂိုမက္ဇ္ဟာ လာမယ့္ Hulu Series“Only Murders in the Building”ကို ႐ိုက္ကူးရင္း အလုပ္မ်ားေနသလို၊ Khalidကလည္း J Balvinနဲ႔ “Otra Noche Sin Ti”ဆိုတဲ့ သီခ်င္းကို ပူးေပါင္း ထုတ္လုပ္ကာ ေအာင္ျမင္လ်က္ ရွိေနပါတယ္။

Marshmelloက​ေတာ့ 2021 BBMA ပြဲမွာ Jonas Brothersနဲ႔ “Leave Before You Love Me”သီခ်င္းကို ေဖ်ာ္ေျဖခဲ့ပါတယ္။ ခ်ဲလ္ဆီး – မန္စီးတီး ခ်န္ပီယံလိဂ္ ဖိုင္နယ္ ပြဲမွာ ဘယ္အသင္းဗိုလ္စြဲမလဲဆိုတာ ရင္ခုန္ရတဲ့ နည္းတူ ဂီတသံစဥ္​ေတြ​ေၾကာင့္ လြတ္လပ္​ေပါ့ပါး ​​ေပ်ာ္႐ႊင္မႈ​ေတြလည္း ခံစားရပါမယ္။