
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆုဖလားတစ်ခါမှမရဖူးပေမယ့် နိုင်ပွဲအများဆုံးရယူနိုင်ခဲ့တဲ့အသင်းစာရင်းမှာ ထိပ်ဆုံးနေရာရပ်တည်နေပါတယ်။
ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးလက်ထက်တုန်းက ကြီးမားတဲ့အောင်မြင်မှုတွေရယူခဲ့သလို ရာသီတိုင်းလိုလိုချန်ပီယံလိဂ်ဝင်ခွင့်ရယူခဲ့တဲ့ အာဆင်နယ်အသင်းဟာ အာစင်ဝင်းဂါးမရှိတော့တဲ့အချိန်ကစလို့ ဆိုးဆိုးရွားရွားကျဆင်းသွားပြီး
အခုရာသီမှာ ၁၉၉၅-၉၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲဝင်ခွင့်တစ်ခုမှ မရခဲ့ပါဘူး။
အာစင်ဝင်းဂါးကိုင်တွယ်ခဲ့တုန်းက ၂၀၀၅-၀၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအဖြစ် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး
ဘာစီလိုနာကို ရှုံးနိမ့်ခဲ့လို့သာ ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်အသင်း ၂၀၁၆-၁၇ ရာသီနောက်ပိုင်းကတည်းက ချန်ပီယံလိဂ်ဝင်ခွင့်မရတော့တာ အခုဆိုရင် (၅)ရာသီအထိကြာမြင့်နေပါပြီ။
ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားမရဖူးတဲ့အသင်းတွေထဲမှာ နိုင်ပွဲအများဆုံးရယူခဲ့ပြီး (၈၃)ပွဲနဲ့ ထိပ်ဆုံးနေရာရပ်တည်နေတာဖြစ်ပါတယ်။
သူတို့အသင်းနောက်မှာတော့ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းက (၆၆)ပွဲနဲ့ ဒုတိယလိုက်နေပြီး ဒီညကစားမယ့် ကလပ်ဘရုချ်နဲ့ပွဲမှာ အနိုင်ရခဲ့ရင် (၆၇)ပွဲမြောက် ချန်ပီယံလိဂ်နိုင်ပွဲရယူနိုင်မှာဖြစ်ပေမယ့် အာဆင်နယ်ကို လိုက်မီဖို့တော့ အလှမ်းဝေးနေဆဲပါပဲ။
ဒီနှစ်သင်းပြီးရင် ပြင်သစ်နာမည်ကျော်ကလပ် လိုင်ယွန်နဲ့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီးအသင်းတို့က (၅၈)ပွဲ၊ (၄၉)ပွဲစီနဲ့ အဆင့်(၃)၊ အဆင့်(၄)နေရာတွေမှာ အသီးသီးရပ်တည်နေတာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ပေမယ့် နိုင်ငံတူကလပ် ချယ်လ်ဆီးကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့သာ ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
zawgyi
ခ်န္ပီယံလိဂ္ဖလားတစ္ခါမွမရဖူးတဲ့အသင္းေတြထဲမွာ ႏိုင္ပြဲအမ်ားဆုံးအသင္းအျဖစ္ အာဆင္နယ္ရပ္တည္ေန
အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ ခ်န္ပီယံဆုဖလားတစ္ခါမွမရဖူးေပမယ့္ ႏိုင္ပြဲအမ်ားဆုံးရယူႏိုင္ခဲ့တဲ့အသင္းစာရင္းမွာ ထိပ္ဆုံးေနရာရပ္တည္ေနပါတယ္။ ဂႏၴဝင္နည္းျပႀကီး အာစင္ဝင္းဂါးလက္ထက္တုန္းက ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူခဲ့သလို ရာသီတိုင္းလိုလိုခ်န္ပီယံလိဂ္ဝင္ခြင့္ရယူခဲ့တဲ့ အာဆင္နယ္အသင္းဟာ အာစင္ဝင္းဂါးမရွိေတာ့တဲ့အခ်ိန္ကစလို႔ ဆိုးဆိုး႐ြား႐ြားက်ဆင္းသြားၿပီး အခုရာသီမွာ ၁၉၉၅-၉၆ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပၿပိဳင္ပြဲဝင္ခြင့္တစ္ခုမွ မရခဲ့ပါဘူး။
အာစင္ဝင္းဂါးကိုင္တြယ္ခဲ့တုန္းက ၂၀၀၅-၀၆ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အသင္းသမိုင္းတစ္ေလွ်ာက္ပထမဆုံးအျဖစ္ ဗိုလ္လုပြဲတက္ေရာက္ခဲ့ၿပီး ဘာစီလိုနာကို ရႈံးနိမ့္ခဲ့လို႔သာ ဒုတိယေနရာနဲ႔ေက်နပ္ခဲ့ရတဲ့ အာဆင္နယ္အသင္း ၂၀၁၆-၁၇ ရာသီေနာက္ပိုင္းကတည္းက ခ်န္ပီယံလိဂ္ဝင္ခြင့္မရေတာ့တာ အခုဆိုရင္ (၅)ရာသီအထိၾကာျမင့္ေနပါၿပီ။
ဒါေပမဲ့ အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္ဖလားမရဖူးတဲ့အသင္းေတြထဲမွာ ႏိုင္ပြဲအမ်ားဆုံးရယူခဲ့ၿပီး (၈၃)ပြဲနဲ႔ ထိပ္ဆုံးေနရာရပ္တည္ေနတာျဖစ္ပါတယ္။ သူတို႔အသင္းေနာက္မွာေတာ့ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းက (၆၆)ပြဲနဲ႔ ဒုတိယလိုက္ေနၿပီး ဒီညကစားမယ့္ ကလပ္ဘ႐ုခ်္နဲ႔ပြဲမွာ အႏိုင္ရခဲ့ရင္ (၆၇)ပြဲေျမာက္ ခ်န္ပီယံလိဂ္ႏိုင္ပြဲရယူႏိုင္မွာျဖစ္ေပမယ့္ အာဆင္နယ္ကို လိုက္မီဖို႔ေတာ့ အလွမ္းေဝးေနဆဲပါပဲ။
ဒီႏွစ္သင္းၿပီးရင္ ျပင္သစ္နာမည္ေက်ာ္ကလပ္ လိုင္ယြန္နဲ႔ ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံမန္စီးတီးအသင္းတို႔က (၅၈)ပြဲ၊ (၄၉)ပြဲစီနဲ႔ အဆင့္(၃)၊ အဆင့္(၄)ေနရာေတြမွာ အသီးသီးရပ္တည္ေနတာပါ။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ခဲ့ေပမယ့္ ႏိုင္ငံတူကလပ္ ခ်ယ္လ္ဆီးကို (၁-၀)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့လို႔သာ ခ်န္ပီယံလိဂ္ဖလားေမွ်ာ္လင့္ခ်က္အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။