ချန်ပီယံလိဂ်ပွဲစဉ်(၄)အတွက် မိုက်ကယ်အိုဝင်ရဲ့ခန့်မှန်းမှုများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုတစ်ပတ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၄)ကို ဆက်လက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အခုပွဲစဉ်က

အသင်းတွေရဲ့အုပ်စုကတက်ရေးမျှော်လင့်ချက်၊ အုပ်စုကလှည့်ပြန်ရမယ့်အခြေအနေဆိုးတွေကို အတိုင်းအတာတစ်ခုအထိအဖြေထုတ်ပေးမယ့်ပွဲဖြစ်လို့ စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။

ချန်ပီယံလိဂ်ပွဲတွေအတွက် ရလဒ်ခန့်မှန်းချက်တွေအမျိုးမျိုးထွက်ပေါ်နေပြီး အခု နာမည်ကျော်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့ အိုဝင်ကလည်း ချန်ပီယံလိဂ်ပွဲစဉ်(၄)အတွက် သူ့ရဲ့ခန့်မှန်းချက်တွေကို ထုတ်ပြန်လိုက်ပါပြီ။

အိုဝင်ဟာ BetVictor ဝက်ဘ်ဆိုက်ရဲ့ Brand Ambassador အဖြစ် လက်တွဲထားသူဖြစ်ပြီး ပရီးမီးယားလိဂ်အပါအဝင် ဥရောပထိပ်သီးပွဲစဉ်တွေအတွက် ခန့်မှန်းမှုတွေပြုလုပ်နေသူဖြစ်ပါတယ်။

ဒီတစ်ပတ်ကစားမယ့်ပွဲတွေထဲက အိုဝင်က ပရီးမီးယားလိဂ်ကလပ်တွေကစားမယ့်ပွဲတွေဖြစ်တဲ့ အတ္တလန်တာ-မန်ချက်စတာယူနိုက်တက်၊ မာလ်မို-ချယ်လ်ဆီး၊ မန်စီးတီး-ကလပ်ဘရုချ်၊ လီဗာပူးလ်-အက်သလက်တီကိုပွဲတွေကို အခုလို ခန့်မှန်းထားပါတယ်။

အတ္တလန်တာနဲ့အဝေးကွင်းယှဉ်ပြိုင်ရမယ့် ယူနိုက်တက်အသင်းဟာ အိုဝင်ရဲ့ခန့်မှန်းချက်အရ နိုင်ပွဲဆက်နိုင်မှာမဟုတ်တော့ဘဲ (၁-၁)ဂိုးစီနဲ့သရေကျမယ်လို့ ဆိုထားပါတယ်။

အဲဒီအတွက် အိုဝင်က ”စပါးအသင်းနဲ့ပွဲမှာ ကာဗာနီ၊ စီရော်နယ်လ်ဒိုတို့ရဲ့တိုက်စစ်အတွဲအဖက်က အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဲဒီပွဲမှာအနိုင်ရခဲ့တာက ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့အားသာချက်ဖြစ်စေပါတယ်။

အခုပွဲက နှစ်သင်းစလုံးအတွက် ခက်ခဲမယ့်ပွဲဖြစ်လာနိုင်ပြီး သရေတစ်မှတ်က အသင့်တော်ဆုံးဖြစ်တာကြောင့် (၁-၁)ဂိုးရလဒ်ကို ရွေးချယ်လိုက်ပါတယ်”လို့ဆိုခဲ့ပါတယ်။

မာလ်မိုနဲ့ချယ်လ်ဆီးပွဲမှာတော့ အိုဝင်က ချယ်လ်ဆီးအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ပေးထားပြီး ချယ်လ်ဆီးအသင်းတိုက်စစ်မှာ လူကာကူ၊ ဗာနာတို့ဒဏ်ရာရှိနေပေမယ့် ကျန်တဲ့ကစားသမားတွေ ခြေစွမ်းပြကစားနေတာကြောင့် မာလ်မိုကို အနိုင်ရဖို့သိပ်မခက်နိုင်ပါဘူး။

မန်စီးတီး-ကလပ်ဘရုချ်ပွဲမှာလည်း မန်စီးတီး (၃-၀)ဂိုးပြတ်နိုင်မယ်လို့ အိုဝင်ကရွေးချယ်ထားပြီး ဂွါဒီယိုလာအနေနဲ့လည်း ပြီးခဲ့တဲ့ပဲလေ့စ်ပွဲကအရှုံးကို ပြန်ပေးဆပ်ဖို့အတွက် ကလပ်ဘရုချ်ကို မဖြစ်မနေအနိုင်ကစားပါလိမ့်မယ်။

လီဗာပူးလ်-အက်သလက်တီကိုပွဲမှာ အိုဝင်က သူ့အသင်းဟောင်း လီဗာပူးလ်(၂-၀)ဂိုးနဲ့နိုင်မယ်လို့ခန့်မှန်းခဲ့ပြီး အိုဝင်ရဲ့ခန့်မှန်းချက်တွေ ဘယ်လောက်မှန်မလဲဆိုတာစောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ပြဲစဥ္(၄)အတြက္ မိုက္ကယ္အိုဝင္ရဲ႕ခန႔္မွန္းမႈမ်ား

အခုတစ္ပတ္ အဂၤါ၊ ဗုဒၶဟူးေန႔ေတြမွာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္(၄)ကို ဆက္လက္ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး အခုပြဲစဥ္က အသင္းေတြရဲ႕အုပ္စုကတက္ေရးေမွ်ာ္လင့္ခ်က္၊ အုပ္စုကလွည့္ျပန္ရမယ့္အေျခအေနဆိုးေတြကို အတိုင္းအတာတစ္ခုအထိအေျဖထုတ္ေပးမယ့္ပြဲျဖစ္လို႔ စိတ္လႈပ္ရွားစရာေကာင္းေနပါတယ္။ ခ်န္ပီယံလိဂ္ပြဲေတြအတြက္ ရလဒ္ခန႔္မွန္းခ်က္ေတြအမ်ိဳးမ်ိဳးထြက္ေပၚေနၿပီး အခု နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းတစ္ဦးျဖစ္တဲ့ အိုဝင္ကလည္း ခ်န္ပီယံလိဂ္ပြဲစဥ္(၄)အတြက္ သူ႔ရဲ႕ခန႔္မွန္းခ်က္ေတြကို ထုတ္ျပန္လိုက္ပါၿပီ။ အိုဝင္ဟာ BetVictor ဝက္ဘ္ဆိုက္ရဲ႕ Brand Ambassador အျဖစ္ လက္တြဲထားသူျဖစ္ၿပီး ပရီးမီးယားလိဂ္အပါအဝင္ ဥေရာပထိပ္သီးပြဲစဥ္ေတြအတြက္ ခန႔္မွန္းမႈေတြျပဳလုပ္ေနသူျဖစ္ပါတယ္။ ဒီတစ္ပတ္ကစားမယ့္ပြဲေတြထဲက အိုဝင္က ပရီးမီးယားလိဂ္ကလပ္ေတြကစားမယ့္ပြဲေတြျဖစ္တဲ့ အတၱလန္တာ-မန္ခ်က္စတာယူႏိုက္တက္၊ မာလ္မို-ခ်ယ္လ္ဆီး၊ မန္စီးတီး-ကလပ္ဘ႐ုခ်္၊ လီဗာပူးလ္-အက္သလက္တီကိုပြဲေတြကို အခုလို ခန႔္မွန္းထားပါတယ္။

အတၱလန္တာနဲ႔အေဝးကြင္းယွဥ္ၿပိဳင္ရမယ့္ ယူႏိုက္တက္အသင္းဟာ အိုဝင္ရဲ႕ခန႔္မွန္းခ်က္အရ ႏိုင္ပြဲဆက္ႏိုင္မွာမဟုတ္ေတာ့ဘဲ (၁-၁)ဂိုးစီနဲ႔သေရက်မယ္လို႔ ဆိုထားပါတယ္။ အဲဒီအတြက္ အိုဝင္က ”စပါးအသင္းနဲ႔ပြဲမွာ ကာဗာနီ၊ စီေရာ္နယ္လ္ဒိုတို႔ရဲ႕တိုက္စစ္အတြဲအဖက္က အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး အဲဒီပြဲမွာအႏိုင္ရခဲ့တာက ယူႏိုက္တက္အသင္းအတြက္ ႀကီးမားတဲ့အားသာခ်က္ျဖစ္ေစပါတယ္။ အခုပြဲက ႏွစ္သင္းစလုံးအတြက္ ခက္ခဲမယ့္ပြဲျဖစ္လာႏိုင္ၿပီး သေရတစ္မွတ္က အသင့္ေတာ္ဆုံးျဖစ္တာေၾကာင့္ (၁-၁)ဂိုးရလဒ္ကို ေ႐ြးခ်ယ္လိုက္ပါတယ္”လို႔ဆိုခဲ့ပါတယ္။ မာလ္မိုနဲ႔ခ်ယ္လ္ဆီးပြဲမွာေတာ့ အိုဝင္က ခ်ယ္လ္ဆီးအသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ေပးထားၿပီး ခ်ယ္လ္ဆီးအသင္းတိုက္စစ္မွာ လူကာကူ၊ ဗာနာတို႔ဒဏ္ရာရွိေနေပမယ့္ က်န္တဲ့ကစားသမားေတြ ေျခစြမ္းျပကစားေနတာေၾကာင့္ မာလ္မိုကို အႏိုင္ရဖို႔သိပ္မခက္ႏိုင္ပါဘူး။ မန္စီးတီး-ကလပ္ဘ႐ုခ်္ပြဲမွာလည္း မန္စီးတီး (၃-၀)ဂိုးျပတ္ႏိုင္မယ္လို႔ အိုဝင္ကေ႐ြးခ်ယ္ထားၿပီး ဂြါဒီယိုလာအေနနဲ႔လည္း ၿပီးခဲ့တဲ့ပဲေလ့စ္ပြဲကအရႈံးကို ျပန္ေပးဆပ္ဖို႔အတြက္ ကလပ္ဘ႐ုခ်္ကို မျဖစ္မေနအႏိုင္ကစားပါလိမ့္မယ္။ လီဗာပူးလ္-အက္သလက္တီကိုပြဲမွာ အိုဝင္က သူ႔အသင္းေဟာင္း လီဗာပူးလ္(၂-၀)ဂိုးနဲ႔ႏိုင္မယ္လို႔ခန႔္မွန္းခဲ့ၿပီး အိုဝင္ရဲ႕ခန႔္မွန္းခ်က္ေတြ ဘယ္ေလာက္မွန္မလဲဆိုတာေစာင့္ၾကည့္ရမွာပါ။