ချန်ပီယံလိဂ်ပွဲစဉ်(၄)နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာမှတ်တမ်းမှတ်ရာများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုတစ်ပတ်အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ ချန်ပီယံလိဂ်ပွဲစဉ်(၄)ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒီတစ်ပတ်ပွဲအပြီးမှာတော့

လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ အေဂျက်စ်တို့က ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့အတူ ရှုံးထွက်(၁၆)သင်းတက်ခွင့်လက်မှတ်ပိုင်ဆိုင်ခဲ့ကြပါပြီ။

အုပ်စုအဖွင့်(၂)ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် အခြေအနေမကောင်းဖြစ်ခဲ့တဲ့ လာလီဂါထိပ်သီးဘာစီလိုနာအသင်းကလည်း

နှစ်ပွဲဆက်အနိုင်နဲ့အတူ ဒုတိယနေရာမှာရပ်တည်နေတဲ့အတွက် အုပ်စုကတက်ဖို့မျှော်လင့်ချက်ပြန်လည်ရှင်သန်နေပြီဖြစ်ပါတယ်။

ပွဲစဉ်(၄)အပြီးမှာ ကစားသမားတွေရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်တွေကိုလည်း မြင်တွေ့ရခဲ့ပြီး မန်စီးတီးနောက်ခံလူကန်ဆယ်လိုဟာ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ပြီး

တော့ Assists Hat-Trick ရရှိခဲ့သလို မန်ချက်စတာဝါရင့်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုကလည်း နာကျင်အချိန်ပိုမှာ

အသင်းအတွက်အဖိုးတန်ချေပဂိုးသွင်းယူခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် မိနစ်(၉၀)နောက်ပိုင်းသွင်းဂိုးအများဆုံးကစားသမားအဖြစ် အဂွဲရိုးကိုကျော်ဖြတ်ပြီး (၁၃)ကြိမ်နဲ့စံချိန်သစ်တင်နိုင်ခဲ့ပါပြီ။

အဲဒါကြောင့် ချန်ပီယံလိဂ်ပွဲစဉ်(၄)အပြီး စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့တဲ့ အသင်းတွေနဲ့ကစားသမားတွေက ဘယ်သူတွေလဲဆိုတာ ပရိသတ်တွေသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . .

လီဗာပူးလ် – အက်သလက်တီကိုအသင်းကို(၂-၀)ဂိုးနဲ့အနိုင်ယူခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကိုတက်ရောက်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အခုပွဲအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့ (၂၅)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ (၁၈)ပွဲနိုင်၊ (၇)ပွဲသရေကျခဲ့ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးစံချိန်ဖြစ်တဲ့ ၁၉၈၂ ခုနှစ်တုန်းက ပြိုင်ပွဲစုံ(၂၅)ပွဲဆက်ရှုံးပွဲမရှိစံချိန်မှတ်တမ်းကောင်းကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ယာဂန်ကလော့ပ် – လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်အတွက် အက်သလက်တီကိုနဲ့ပွဲဟာ လီဗာပူးလ်နည်းပြဘဝကိုင်တွယ်ခဲ့တဲ့(၃၃၄)ပွဲမှာ ပွဲ(၂၀၀)မြောက်နိုင်ပွဲဖြစ်ပြီး

ဂန္ထဝင်နည်းပြဘီရှန်ကလေ(၄ဝရပွဲ)၊ တွမ်ဝက်ဆင်(၃၂၉ပွဲ)၊ ဘော့ဘ်ပီယာစလေ(၃ဝရပွဲ)၊ ဒဲဂလစ်ရှ်(၂၂၂ပွဲ)တို့ပြီးရင် ပြိုင်ပွဲစုံမှာ အသင်းအတွက် ပဥ္စမမြောက်နိုင်ပွဲအများဆုံးရယူခဲ့တဲ့နည်းပြအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။

ရီးယဲလ် – ချန်ပီယံလိဂ်ပြိုင်ပွဲမှာအောင်မြင်မှုအများဆုံးဖြစ်တဲ့ ရီးယဲလ်အသင်းဟာ ဥရောပဖလား/ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုး(၁၀၀၀)ပြည့်သွင်းယူခဲ့တဲ့ပထမဆုံးအသင်းဖြစ်လာသလို အဲဒီဂိုးကို ၀ါရင့်တိုက်စစ်မှူးဘန်ဇီမာက သွင်းယူခဲ့ပါတယ်။

ဇီယက်ချ် – ချယ်လ်ဆီးအသင်းရဲ့မော်ရိုကိုလက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ဇီယက်ချ်ဟာ မာလ်မိုနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တာကြောင့်

ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးမော်ရိုကိုကစားသမားတွေထဲမှာ နာမည်ကျော်ကစားသမားဟောင်းချာမတ်နဲ့အတူ (၈)ဂိုးစီတူညီသွားပြီး ထိပ်ဆုံးမှာပူးတွဲရပ်တည်နိုင်ခဲ့ပါပြီ။

ဆဘက်ရှန်ဟော်လာ – အေဂျက်စ်အသင်းတိုက်စစ်မှူးဟော်လာဟာ ဒေ့ါမွန်ကို(၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့တာကြောင့်

ချန်ပီယံလိဂ်ပွဲဦးထွက်ရာသီမှာ (၄)ပွဲဆက်တိုက်ဂိုးသွင်းယူခဲ့တဲ့ (၅)ဦးမြောက်ကစားသမားဖြစ်လာပြီး သူ့အရင်က ဇီကားလို့စ်(၁၉၉၃)၊ ဒယ်လ်ပီယာရို(၁၉၉၅)၊ ဒီယေဂိုကော်စတာ(၂၀၁၄)၊ ဟာလန်း(၂၀၁၉)တို့ဟာ အခုလိုစွမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။

လီဝန်ဒေါစကီး – ဘင်ဖီကာအသင်းဘက်ကို ဟက်ထရစ်သွင်းယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်နာမည်ကျော်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက်

ဟက်ထရစ်အကြိမ်အများဆုံးသွင်းယူခဲ့သူစာရင်းမှာ စီရော်နယ်လ်ဒို(၈ကြိမ်)၊ မက်ဆီ(၈ကြိမ်)တို့ရဲ့နောက် (၄)ကြိမ်နဲ့တတိယအများဆုံးအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။

လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပွဲပေါင်း(၁၀၀)ပြည့်ချိန်မှာ သွင်းဂိုး(၈၁)ဂိုးအထိရှိတာကြောင့် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီးတော့ ချန်ပီယံလိဂ်သွင်းဂိုး(၈၀)ကို ပွဲအနည်းဆုံးနဲ့သွင်းယူခဲ့သူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ပြဲစဥ္(၄)နဲ႔ပတ္သက္တဲ့ စိတ္ဝင္စားစရာမွတ္တမ္းမွတ္ရာမ်ား

အခုတစ္ပတ္အဂၤါ၊ ဗုဒၶဟူးေန႔ေတြမွာ ခ်န္ပီယံလိဂ္ပြဲစဥ္(၄)ပြဲေတြကို ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ဒီတစ္ပတ္ပြဲအၿပီးမွာေတာ့ လီဗာပူးလ္၊ ဘိုင္ယန္ျမဴးနစ္၊ ဂ်ဴဗင္တပ္စ္၊ ေအဂ်က္စ္တို႔က ရာႏႈန္းျပည့္ႏိုင္ပြဲေတြနဲ႔အတူ ရႈံးထြက္(၁၆)သင္းတက္ခြင့္လက္မွတ္ပိုင္ဆိုင္ခဲ့ၾကပါၿပီ။ အုပ္စုအဖြင့္(၂)ပြဲဆက္ရႈံးနိမ့္ခဲ့တာေၾကာင့္ အေျခအေနမေကာင္းျဖစ္ခဲ့တဲ့ လာလီဂါထိပ္သီးဘာစီလိုနာအသင္းကလည္း ႏွစ္ပြဲဆက္အႏိုင္နဲ႔အတူ ဒုတိယေနရာမွာရပ္တည္ေနတဲ့အတြက္ အုပ္စုကတက္ဖို႔ေမွ်ာ္လင့္ခ်က္ျပန္လည္ရွင္သန္ေနၿပီျဖစ္ပါတယ္။

ပြဲစဥ္(၄)အၿပီးမွာ ကစားသမားေတြရဲ႕ထူးျခားတဲ့စြမ္းေဆာင္ရည္ေတြကိုလည္း ျမင္ေတြ႕ရခဲ့ၿပီး မန္စီးတီးေနာက္ခံလူကန္ဆယ္လိုဟာ ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ၿပီးေတာ့ Assists Hat-Trick ရရွိခဲ့သလို မန္ခ်က္စတာဝါရင့္တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုကလည္း နာက်င္အခ်ိန္ပိုမွာ အသင္းအတြက္အဖိုးတန္ေခ်ပဂိုးသြင္းယူခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ မိနစ္(၉၀)ေနာက္ပိုင္းသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ အဂြဲ႐ိုးကိုေက်ာ္ျဖတ္ၿပီး (၁၃)ႀကိမ္နဲ႔စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါၿပီ။

အဲဒါေၾကာင့္ ခ်န္ပီယံလိဂ္ပြဲစဥ္(၄)အၿပီး စံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့တဲ့ အသင္းေတြနဲ႔ကစားသမားေတြက ဘယ္သူေတြလဲဆိုတာ ပရိသတ္ေတြသိရွိႏိုင္ေအာင္ ေဖာ္ျပလိုက္ပါတယ္ . .

လီဗာပူးလ္ – အက္သလက္တီကိုအသင္းကို(၂-၀)ဂိုးနဲ႔အႏိုင္ယူခဲ့ၿပီး ရႈံးထြက္(၁၆)သင္းအဆင့္ကိုတက္ေရာက္ခဲ့တဲ့ လီဗာပူးလ္အသင္းဟာ အခုပြဲအပါအဝင္ ၿပိဳင္ပြဲစုံေနာက္ဆုံးကစားခဲ့တဲ့ (၂၅)ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့ဘဲ (၁၈)ပြဲႏိုင္၊ (၇)ပြဲသေရက်ခဲ့ပါတယ္။ အဲဒါေၾကာင့္ လီဗာပူးလ္အသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးစံခ်ိန္ျဖစ္တဲ့ ၁၉၈၂ ခုႏွစ္တုန္းက ၿပိဳင္ပြဲစုံ(၂၅)ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္မွတ္တမ္းေကာင္းကို ျပန္လည္ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ယာဂန္ကေလာ့ပ္ – လီဗာပူးလ္အသင္းနည္းျပယာဂန္ကေလာ့ပ္အတြက္ အက္သလက္တီကိုနဲ႔ပြဲဟာ လီဗာပူးလ္နည္းျပဘဝကိုင္တြယ္ခဲ့တဲ့(၃၃၄)ပြဲမွာ ပြဲ(၂၀၀)ေျမာက္ႏိုင္ပြဲျဖစ္ၿပီး ဂႏၴဝင္နည္းျပဘီရွန္ကေလ(၄ဝရပြဲ)၊ တြမ္ဝက္ဆင္(၃၂၉ပြဲ)၊ ေဘာ့ဘ္ပီယာစေလ(၃ဝရပြဲ)၊ ဒဲဂလစ္ရွ္(၂၂၂ပြဲ)တို႔ၿပီးရင္ ၿပိဳင္ပြဲစုံမွာ အသင္းအတြက္ ပၪၥမေျမာက္ႏိုင္ပြဲအမ်ားဆုံးရယူခဲ့တဲ့နည္းျပအျဖစ္ရပ္တည္ႏိုင္ခဲ့ပါၿပီ။

ရီးယဲလ္ – ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေအာင္ျမင္မႈအမ်ားဆုံးျဖစ္တဲ့ ရီးယဲလ္အသင္းဟာ ဥေရာပဖလား/ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဂိုး(၁၀၀၀)ျပည့္သြင္းယူခဲ့တဲ့ပထမဆုံးအသင္းျဖစ္လာသလို အဲဒီဂိုးကို ၀ါရင့္တိုက္စစ္မႉးဘန္ဇီမာက သြင္းယူခဲ့ပါတယ္။

ဇီယက္ခ်္ – ခ်ယ္လ္ဆီးအသင္းရဲ႕ေမာ္႐ိုကိုလက္ေ႐ြးစင္ေတာင္ပံတိုက္စစ္ကစားသမား ဇီယက္ခ်္ဟာ မာလ္မိုနဲ႔ပြဲမွာ ဂိုးသြင္းယူခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးေမာ္႐ိုကိုကစားသမားေတြထဲမွာ နာမည္ေက်ာ္ကစားသမားေဟာင္းခ်ာမတ္နဲ႔အတူ (၈)ဂိုးစီတူညီသြားၿပီး ထိပ္ဆုံးမွာပူးတြဲရပ္တည္ႏိုင္ခဲ့ပါၿပီ။

ဆဘက္ရွန္ေဟာ္လာ – ေအဂ်က္စ္အသင္းတိုက္စစ္မႉးေဟာ္လာဟာ ေဒ့ါမြန္ကို(၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ပြဲဦးထြက္ရာသီမွာ (၄)ပြဲဆက္တိုက္ဂိုးသြင္းယူခဲ့တဲ့ (၅)ဦးေျမာက္ကစားသမားျဖစ္လာၿပီး သူ႔အရင္က ဇီကားလို႔စ္(၁၉၉၃)၊ ဒယ္လ္ပီယာ႐ို(၁၉၉၅)၊ ဒီေယဂိုေကာ္စတာ(၂၀၁၄)၊ ဟာလန္း(၂၀၁၉)တို႔ဟာ အခုလိုစြမ္းေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။

လီဝန္ေဒါစကီး – ဘင္ဖီကာအသင္းဘက္ကို ဟက္ထရစ္သြင္းယူခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နာမည္ေက်ာ္တိုက္စစ္မႉးလီဝန္ေဒါစကီးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ ဟက္ထရစ္အႀကိမ္အမ်ားဆုံးသြင္းယူခဲ့သူစာရင္းမွာ စီေရာ္နယ္လ္ဒို(၈ႀကိမ္)၊ မက္ဆီ(၈ႀကိမ္)တို႔ရဲ႕ေနာက္ (၄)ႀကိမ္နဲ႔တတိယအမ်ားဆုံးအျဖစ္ရပ္တည္ႏိုင္ခဲ့ပါၿပီ။ လီဝန္ေဒါစကီးဟာ ခ်န္ပီယံလိဂ္ပြဲေပါင္း(၁၀၀)ျပည့္ခ်ိန္မွာ သြင္းဂိုး(၈၁)ဂိုးအထိရွိတာေၾကာင့္ မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ကို ေက်ာ္ျဖတ္ၿပီးေတာ့ ခ်န္ပီယံလိဂ္သြင္းဂိုး(၈၀)ကို ပြဲအနည္းဆုံးနဲ႔သြင္းယူခဲ့သူအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။