ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတည်းမှာ (၄)ဂိုးအထိသွင်းယူခဲ့ကြတဲ့ ကစားသမား(၁၆)ဦး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုတစ်ပတ်အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ ၂၀၂၁-၂၂ ရာသီချန်ပီယံလိဂ်ပွဲတွေ စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး

အေဂျက်စ်အသင်းတိုက်စစ်မှူးဟော်လာကတော့ အသင်းအတွက် ချန်ပီယံလိဂ်ပွဲဦးထွက်မှာပဲ (၄)ဂိုးသွင်းယူခဲ့တာကြောင့်

အေစီမီလန်ဂန္ထဝင်တိုက်စစ်မှူးကြီးဗန်ဘက်စတန်နောက်ပိုင်း ချန်ပီယံလိဂ်ပွဲဦးထွက်မှာ (၄)ဂိုးသွင်းခဲ့တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမား ဟော်လာဟာ

ဝက်စ်ဟမ်းအသင်းမှာတုန်းက ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပေမယ့် အခု အေဂျက်စ်အသင်းမှာ ပုံစံကောင်းပြသနေပြီး

ချန်ပီယံလိဂ်ပွဲဦးထွက် အဝေးကွင်းပွဲမှာ (၄)ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့စံချိန်ကောင်းပါ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲတည်းမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့တာက (၁၆)ဦးအထိရှိပြီး ဟော်လာက (၁၆)ဦးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီး၊ အီဘရာဟီမိုဗစ်တို့ဟာလည်း

ချန်ပီယံလိဂ်တစ်ပွဲတည်း (၄)ဂိုးသွင်းယူခဲ့တဲ့စာရင်းမှာပါဝင်ခဲ့ပြီး မက်ဆီနဲ့ လီဝန်ဒေါစကီးဆိုရင် တစ်ကြိမ်တည်းတောင်မဟုတ်ဘဲ နှစ်ကြိမ်အထိစွမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ တစ်ပွဲတည်း(၄)ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားက ဗန်ဘက်စတန်ပဲဖြစ်ပြီး ၁၉၉၂ ခုနှစ်တုန်းက ဆွီဒင်ကလပ် ဂုတ်ဘာ့ဂ်နဲ့ပွဲမှာ (၄)ဂိုးသွင်းယူခဲ့ပါတယ်။

အဲဒီနောက် အင်ဇာဂီ(အေစီမီလန်)၊ ဒါဒိုပါဆို(မိုနာကို)၊ နစ္စတယ်လ်ရွိုင်း(မန်ချက်စတာယူနိုက်တက်)၊ ရှက်ဗ်ချင်ကို(အေစီမီလန်)၊

မက်ဆီ(ဘာစီလိုနာ)၊ ဂိုမစ်(လိုင်ယွန်)၊ မာရီယိုဂိုးမက်ဇ်(ဘိုင်ယန်မြူးနစ်)၊ လီဝန်ဒေါစကီး(ဒေ့ါမွန်/ဘိုင်ယန်မြူးနစ်)၊

အီဘရာဟီမိုဗစ်(PSG)၊ လူးဝစ်ဇ်အက်ဒရီယာနို(ရှက်တာဒိုးနက်)၊ စီရော်နယ်လ်ဒို(ရီးယဲလ်)၊ နာဘရီ(ဘိုင်ယန်မြူးနစ်)၊

အီလီချစ်(အတ္တလန်တာ)၊ ဂျရူး(ချယ်လ်ဆီး)နဲ့ အခု ဟော်လာ(အေဂျက်စ်)တို့ဟာ ချန်ပီယံလိဂ်တစ်ပွဲတည်း (၄)ဂိုးသွင်းယူခဲ့သူတွေအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

မက်ဆီဟာ ၂၀၁၀၊ ဧပြီ(၆)ရက်နဲ့ ၂၀၁၂၊ မတ်လ(၇)ရက်နေ့တွေမှာ နှစ်ကြိမ်တိုင် တစ်ပွဲတည်း(၄)ဂိုးသွင်းယူခဲ့ပြီး

လီဝန်ဒေါစကီးကတော့ ၂၀၁၃ ခုနှစ်မှာ ဒေ့ါမွန်၊ ၂၀၁၉ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းတွေအတွက် သွင်းယူခဲ့တာဖြစ်ပါတယ်။

အံ့အားသင့်စရာကောင်းတာက အခုစာရင်းမှာ ဘိုင်ယန်မြူးနစ်ကစားသမား(၃)ဦးအထိပါဝင်ခဲ့တာဖြစ်ပြီး သူတို့ကတော့ မာရီယိုဂိုးမက်ဇ်၊ လီဝန်ဒေါစကီးနဲ့ နာဘရီတို့ပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ပြဲစဥ္တစ္ပြဲတည္းမွာ (၄)ဂိုးအထိသြင္းယူခဲ့ၾကတဲ့ ကစားသမား(၁၆)ဦး

အခုတစ္ပတ္အဂၤါ၊ ဗုဒၶဟူးေန႔ေတြမွာ ၂၀၂၁-၂၂ ရာသီခ်န္ပီယံလိဂ္ပြဲေတြ စတင္ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ေအဂ်က္စ္အသင္းတိုက္စစ္မႉးေဟာ္လာကေတာ့ အသင္းအတြက္ ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာပဲ (၄)ဂိုးသြင္းယူခဲ့တာေၾကာင့္ ေအစီမီလန္ဂႏၴဝင္တိုက္စစ္မႉးႀကီးဗန္ဘက္စတန္ေနာက္ပိုင္း ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာ (၄)ဂိုးသြင္းခဲ့တဲ့ ဒုတိယေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ကစားသမား ေဟာ္လာဟာ ဝက္စ္ဟမ္းအသင္းမွာတုန္းက ေျခစြမ္းမျပႏိုင္ဘဲ ႐ုန္းကန္ခဲ့ရေပမယ့္ အခု ေအဂ်က္စ္အသင္းမွာ ပုံစံေကာင္းျပသေနၿပီး ခ်န္ပီယံလိဂ္ပြဲဦးထြက္ အေဝးကြင္းပြဲမွာ (၄)ဂိုးသြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့စံခ်ိန္ေကာင္းပါ ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ပြဲစဥ္တစ္ပြဲတည္းမွာ (၄)ဂိုးသြင္းယူႏိုင္ခဲ့တာက (၁၆)ဦးအထိရွိၿပီး ေဟာ္လာက (၁၆)ဦးေျမာက္အျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ စီေရာ္နယ္လ္ဒို၊ လီဝန္ေဒါစကီး၊ အီဘရာဟီမိုဗစ္တို႔ဟာလည္း ခ်န္ပီယံလိဂ္တစ္ပြဲတည္း (၄)ဂိုးသြင္းယူခဲ့တဲ့စာရင္းမွာပါဝင္ခဲ့ၿပီး မက္ဆီနဲ႔ လီဝန္ေဒါစကီးဆိုရင္ တစ္ႀကိမ္တည္းေတာင္မဟုတ္ဘဲ ႏွစ္ႀကိမ္အထိစြမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွာ တစ္ပြဲတည္း(၄)ဂိုးသြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားက ဗန္ဘက္စတန္ပဲျဖစ္ၿပီး ၁၉၉၂ ခုႏွစ္တုန္းက ဆြီဒင္ကလပ္ ဂုတ္ဘာ့ဂ္နဲ႔ပြဲမွာ (၄)ဂိုးသြင္းယူခဲ့ပါတယ္။

အဲဒီေနာက္ အင္ဇာဂီ(ေအစီမီလန္)၊ ဒါဒိုပါဆို(မိုနာကို)၊ နစၥတယ္လ္႐ြိဳင္း(မန္ခ်က္စတာယူႏိုက္တက္)၊ ရွက္ဗ္ခ်င္ကို(ေအစီမီလန္)၊ မက္ဆီ(ဘာစီလိုနာ)၊ ဂိုမစ္(လိုင္ယြန္)၊ မာရီယိုဂိုးမက္ဇ္(ဘိုင္ယန္ျမဴးနစ္)၊ လီဝန္ေဒါစကီး(ေဒ့ါမြန္/ဘိုင္ယန္ျမဴးနစ္)၊ အီဘရာဟီမိုဗစ္(PSG)၊ လူးဝစ္ဇ္အက္ဒရီယာႏို(ရွက္တာဒိုးနက္)၊ စီေရာ္နယ္လ္ဒို(ရီးယဲလ္)၊ နာဘရီ(ဘိုင္ယန္ျမဴးနစ္)၊ အီလီခ်စ္(အတၱလန္တာ)၊ ဂ်႐ူး(ခ်ယ္လ္ဆီး)နဲ႔ အခု ေဟာ္လာ(ေအဂ်က္စ္)တို႔ဟာ ခ်န္ပီယံလိဂ္တစ္ပြဲတည္း (၄)ဂိုးသြင္းယူခဲ့သူေတြအျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။

မက္ဆီဟာ ၂၀၁၀၊ ဧၿပီ(၆)ရက္နဲ႔ ၂၀၁၂၊ မတ္လ(၇)ရက္ေန႔ေတြမွာ ႏွစ္ႀကိမ္တိုင္ တစ္ပြဲတည္း(၄)ဂိုးသြင္းယူခဲ့ၿပီး လီဝန္ေဒါစကီးကေတာ့ ၂၀၁၃ ခုႏွစ္မွာ ေဒ့ါမြန္၊ ၂၀၁၉ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းေတြအတြက္ သြင္းယူခဲ့တာျဖစ္ပါတယ္။

အ့ံအားသင့္စရာေကာင္းတာက အခုစာရင္းမွာ ဘိုင္ယန္ျမဴးနစ္ကစားသမား(၃)ဦးအထိပါဝင္ခဲ့တာျဖစ္ၿပီး သူတို႔ကေတာ့ မာရီယိုဂိုးမက္ဇ္၊ လီဝန္ေဒါစကီးနဲ႔ နာဘရီတို႔ပဲျဖစ္ပါတယ္။