ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်ကောင်းတွေ ထပ်ပြီးရယူခဲ့တဲ့ ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေ့ါမွန်အသင်းရဲ့ နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းဟာ ဆီဗီလာနဲ့ (၂)ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းဝင်စံချိန်မှတ်တမ်းကောင်းတွေ ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဆီဗီလာနဲ့ပွဲမှာ ဟာလန်းဟာ (၃၅)မိနစ်မှာ အဖွင့်ဂိုး၊ (၅၄)မိနစ်မှာ ပယ်နယ်တီကနေ ဒုတိယဂိုးသွင်းယူခဲ့ပြီး ဆီဗီလာအသင်းက ချေပဂိုးတွေပြန်သွင်းခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် (၅-၄)ဂိုးနဲ့ ဒေ့ါမွန်အသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

ဟာလန်းဟာ ဆီဗီလာနဲ့ပွဲမှာသွင်းယူခဲ့တဲ့ (၂)ဂိုးအပါအဝင် ချန်ပီယံလိဂ်ပွဲပေါင်း (၁၄)ပွဲကစားအပြီးမှာ ဂိုး(၂၀)အထိသွင်းယူခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်သွင်းဂိုး(၂၀)ကို ပွဲအနည်းဆုံးနဲ့သွင်းယူခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းအနေနဲ့ ဆီဗီလာအသင်းကို အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တုန်းကလည်း ဒေ့ါမွန်အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့ပါသေးတယ်။ ဒါ့အပြင် ဟာလန်းဟာ အခုမှ အသက်(၂၀)နဲ့ (၂၃၁)ရက်သာရှိသေးတာကြောင့် ချန်ပီယံလိဂ်သွင်းဂိုး(၂၀)သွင်းယူခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါတယ်။

ဟာလန်းမတိုင်ခင်က ချန်ပီယံလိဂ်မှာ ပွဲအနည်းဆုံးနဲ့သွင်းဂိုး(၂၀)ပြည့်ခဲ့သူက စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းဖြစ်ပြီး သူက (၂၄)ပွဲကစားပြီးမှ ဂိုး(၂၀)ပြည့်ခဲ့တာပါ။

ဟာလန်းအတွက်နောက်ထပ်ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး နော်ဝေကစားသမားအဖြစ် စံချိန်တင်ထားတဲ့ အခု မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှား(၁၉ဂိုး)ရဲ့ ဂိုးအရေအတွက်ကို တစ်ဂိုးအသာနဲ့ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဟာလန်းဟာ ဒေ့ါမွန်အသင်းအတွက် သူပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်နောက်ဆုံး(၆)ပွဲဆက် ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်မှာ (၆)ပွဲဆက်တိုက် ဂိုးသွင်းခဲ့တဲ့အသက်အငယ်ဆုံး ကစားသမားအဖြစ်ပါ စံချိန်တင်ခဲ့ပြန်ပါတယ်။

၂၀၁၉-၂၀ ရာသီတုန်းက ဆာလ်ဘတ်အသင်းနဲ့အတူ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲဆင်နွှဲခွင့်ရခဲ့တဲ့အချိန်ကတည်းက စံချိန်တွေတောက်လျှောက် ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်(၃)ပွဲကစားအပြီး (၆)ဂိုးသွင်းယူခဲ့သူ၊ ချန်ပီယံလိဂ်ပွဲစဉ်(၄)ပွဲဆက်နဲ့ (၅)ပွဲဆက်တိုက် ဂိုးသွင်းယူခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒေ့ါမွန်အသင်းကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ကွာတားဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဟာလန်း နောက်ထပ်ဘယ်လိုစံချိန်တွေထပ်ပြီး ပိုင်ဆိုင်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ စံခ်ိန္ေကာင္းေတြ ထပ္ၿပီးရယူခဲ့တဲ့ ဟာလန္း

ေဒ့ါမြန္အသင္းရဲ႕ ေနာ္ေဝလူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းဟာ ဆီဗီလာနဲ႔ (၂)ဂိုးစီသေရက်ခဲ့တဲ့ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့ပြဲမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ သမိုင္းဝင္စံခ်ိန္မွတ္တမ္းေကာင္းေတြ ထပ္မံပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ ဆီဗီလာနဲ႔ပြဲမွာ ဟာလန္းဟာ (၃၅)မိနစ္မွာ အဖြင့္ဂိုး၊ (၅၄)မိနစ္မွာ ပယ္နယ္တီကေန ဒုတိယဂိုးသြင္းယူခဲ့ၿပီး ဆီဗီလာအသင္းက ေခ်ပဂိုးေတြျပန္သြင္းခဲ့ေပမယ့္ ႏွစ္ေက်ာ့ေပါင္းရလဒ္ (၅-၄)ဂိုးနဲ႔ ေဒ့ါမြန္အသင္းက ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ပါၿပီ။ ဟာလန္းဟာ ဆီဗီလာနဲ႔ပြဲမွာသြင္းယူခဲ့တဲ့ (၂)ဂိုးအပါအဝင္ ခ်န္ပီယံလိဂ္ပြဲေပါင္း (၁၄)ပြဲကစားအၿပီးမွာ ဂိုး(၂၀)အထိသြင္းယူခဲ့ၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္သြင္းဂိုး(၂၀)ကို ပြဲအနည္းဆုံးနဲ႔သြင္းယူခဲ့သူအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာလန္းအေနနဲ႔ ဆီဗီလာအသင္းကို အေဝးကြင္းမွာ (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တုန္းကလည္း ေဒ့ါမြန္အသင္းအတြက္ (၂)ဂိုးသြင္းယူခဲ့ပါေသးတယ္။ ဒါ့အျပင္ ဟာလန္းဟာ အခုမွ အသက္(၂၀)နဲ႔ (၂၃၁)ရက္သာရွိေသးတာေၾကာင့္ ခ်န္ပီယံလိဂ္သြင္းဂိုး(၂၀)သြင္းယူခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ပါ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ဟာလန္းမတိုင္ခင္က ခ်န္ပီယံလိဂ္မွာ ပြဲအနည္းဆုံးနဲ႔သြင္းဂိုး(၂၀)ျပည့္ခဲ့သူက စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းျဖစ္ၿပီး သူက (၂၄)ပြဲကစားၿပီးမွ ဂိုး(၂၀)ျပည့္ခဲ့တာပါ။ ဟာလန္းအတြက္ေနာက္ထပ္ဂုဏ္ယူစရာေကာင္းတဲ့ မွတ္တမ္းတစ္ခုကေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံး ေနာ္ေဝကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ အခု မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွား(၁၉ဂိုး)ရဲ႕ ဂိုးအေရအတြက္ကို တစ္ဂိုးအသာနဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဟာလန္းဟာ ေဒ့ါမြန္အသင္းအတြက္ သူပါဝင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ေနာက္ဆုံး(၆)ပြဲဆက္ ဂိုးသြင္းယူခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ (၆)ပြဲဆက္တိုက္ ဂိုးသြင္းခဲ့တဲ့အသက္အငယ္ဆုံး ကစားသမားအျဖစ္ပါ စံခ်ိန္တင္ခဲ့ျပန္ပါတယ္။

၂၀၁၉-၂၀ ရာသီတုန္းက ဆာလ္ဘတ္အသင္းနဲ႔အတူ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဆင္ႏႊဲခြင့္ရခဲ့တဲ့အခ်ိန္ကတည္းက စံခ်ိန္ေတြေတာက္ေလွ်ာက္ ရယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္(၃)ပြဲကစားအၿပီး (၆)ဂိုးသြင္းယူခဲ့သူ၊ ခ်န္ပီယံလိဂ္ပြဲစဥ္(၄)ပြဲဆက္နဲ႔ (၅)ပြဲဆက္တိုက္ ဂိုးသြင္းယူခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားဆိုတဲ့ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေဒ့ါမြန္အသင္းကို သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ ကြာတားဖိုင္နယ္ေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ဟာလန္း ေနာက္ထပ္ဘယ္လိုစံခ်ိန္ေတြထပ္ၿပီး ပိုင္ဆိုင္ႏိုင္ဦးမလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။