ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူသိနည်းတဲ့စံချိန်မှတ်တမ်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာက သမိုင်းကြောင်းအစဉ်အလာအရသာမက ဥရောပတစ်ဝန်းက ထိပ်သီးအသင်းတွေပါဝင်ယှဉ်ပြိုင်ကြတဲ့ပြိုင်ပွဲဖြစ်တာကြောင့် ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်နေပြီး ဒီပြိုင်ပွဲမျိုးမှာ အောင်မြင်မှုရဖို့က အသင်းတိုင်းရဲ့ပစ်မှတ်ပါပဲ။

အသင်းတွေနဲ့ကစားသမားတွေဟာ ပြိုင်ပွဲသမိုင်းဝင်စံချိန်မှတ်တမ်းတွေရေးထိုးနိုင်ဖို့အတွက် ကြိုးစားလေ့ရှိကြပြီး တချို့စံချိန်တွေကတော့ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲစံချိန်တော်တော်များများက ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်ပေမယ့် လူသိနည်းတဲ့စံချိန်တွေလည်းရှိနေပြီး အဲဒါနဲ့ပတ်သက်လို့ နာမည်ကျော် Sportskeeda ဝက်ဘ်ဆိုက်က အခုလိုဖော်ပြခဲ့ပါတယ် . . .

အမြန်ဆုံးဟက်ထရစ် – ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာ ဟက်ထရစ်သွင်းနိုင်ရင် ကစားသမားတစ်ဦးအတွက် အောင်မြင်မှုလို့သတ်မှတ်ရမှာဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးဟက်ထရစ်စံချိန်ပါ ပိုင်ဆိုင်ခဲ့ရင်တော့ ကြီးမားတဲ့အောင်မြင်မှုအဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ အမြန်ဆုံးဟက်ထရစ်သွင်းယူခဲ့တာက လိုင်ယွန်အသင်းနာမည်ကျော်တိုက်စစ်မှူးဟောင်းဂိုမစ်ဖြစ်ပြီး

၂၀၁၁၊ ဒီဇင်ဘာ(၇)ရက်တုန်းက ဒိုင်နမိုဇာဂရက်အသင်းကို(၇-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ (၈)မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့တာကြောင့် အမြန်ဆုံးဟက်ထရစ်စံချိန်ပိုင်ဆိုင်ခဲ့သလို တစ်ပွဲတည်း(၄)ဂိုးအထိသွင်းယူခဲ့ပါတယ်။

အသက်အကြီးဆုံးကစားသမား – ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အကြီးဆုံးကစားသမားဆိုရင် ရိုင်ယန်ဂစ်၊ အီဘရာဟီမိုဗစ်၊ စီရော်နယ်လ်ဒိုစတဲ့ကစားသမားတွေကို ပရိသတ်တွေမျက်စိထဲမြင်မိကြမှာပါ။

အီဘရာဟီမိုဗစ်ဆိုရင် အသက်(၄၀)အရွယ်ရှိပြီဖြစ်တာတောင် အေစီမီလန်အသင်းနဲ့အတူ အခုအချိန်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆင်နွှဲနေဆဲဖြစ်လို့ သူက အသက်အကြီးဆုံးဖြစ်မယ်လို့ထင်ချင်စရာပါပဲ။

ဒါပေမဲ့ ချန်ပီယံလိဂ်မှာ အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာက လာဇီယိုဂိုးသမားဟောင်းကြီးမာကိုဘယ်လော့တာဖြစ်ပါတယ်။

၂၀၀၇၊ ဒီဇင်ဘာ(၁၁)ရက်မှာ ရီးယဲလ်အသင်းနဲ့ကစားခဲ့တဲ့ပွဲတုန်းက လာဇီယိုအသင်းအတွက်ပါဝင်ကစားခဲ့ပြီး အသက်(၄၃)နှစ်၊ (၂၅၂)ရက်နဲ့ ချန်ပီယံလိဂ်ရဲ့အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာပါ။

အမြန်ဆုံး OG – ၂၀၁၃၊ အောက်တိုဘာလအတွင်း မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲမှာ ဆိုစီဒက်နောက်ခံလူအီနီဂိုမာတီနက်ဇ်ဟာ

(၁)မိနစ် (၀၉)စက္ကန့်နဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ပြီး ဒါက အခုအချိန်အထိ ချန်ပီယံလိဂ်မှာ အမြန်ဆုံး OG အဖြစ် သတ်မှတ်ခံထားရဆဲပါပဲ။

ကိုယ့်ဂိုးကိုယ်သွင်းတယ်ဆိုတာ ကစားသမားတစ်ဦးအတွက် စိတ်ပျက်စရာဖြစ်ပြီး အခု အီနီဂိုမာတီနက်ဇ်ကတော့ OG စံချိန်တင်ခဲ့တာကြောင့် စိတ်ပျက်စရာလို့ပြောရမလား ..ကျေနပ်စရာလို့ပဲပြောရမလား မသိတော့ပါဘူး။

အုပ်စုတွင်းပွဲအားလုံးသရေကျခဲ့တဲ့အသင်း – ချန်ပီယံလိဂ်မှာ သာမန်အလယ်အလတ်အဆင့်အသင်းတွေအနေနဲ့ နိုင်ပွဲလုံးဝမရှိဘဲ အုပ်စုကထွက်ရတာမျိုးက ဖြစ်လေ့ဖြစ်ထရှိပေမယ့် ပွဲတိုင်းသရေကျခဲ့ပြီးမှ အုပ်စုကထွက်ခဲ့ရတာက တကယ့်ရှားရှားပါးပါးပါပဲ။

၂၀၀၂-၀၃ ရာသီမှာ ဂရိနာမည်ကျော်ကလပ် AEK အေသင်အသင်းဟာ နာမည်ကျော်အသင်းတွေဖြစ်တဲ့ ရီးယဲလ်၊ ရိုးမားတို့နဲ့တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး

(၆)ပွဲစလုံး သရေကျခဲ့တာကြောင့် ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ စံချိန်တင်နိုင်ခဲ့သလို အုပ်စုတတိယနဲ့ထွက်ခဲ့ရပေမယ့် UEFA (ယူရိုပါလိဂ်)ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် AEK အေသင်အသင်းအတွက် ထိပ်သီးအသင်းတွေဖြစ်တဲ့ ရိုးမား၊ ရီးယဲလ်တို့ကို မရှုံးအောင်ကစားနိုင်တာက ဂုဏ်ယူစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ လူသိနည္းတဲ့စံခ်ိန္မွတ္တမ္းမ်ား

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဆိုတာက သမိုင္းေၾကာင္းအစဥ္အလာအရသာမက ဥေရာပတစ္ဝန္းက ထိပ္သီးအသင္းေတြပါဝင္ယွဥ္ၿပိဳင္ၾကတဲ့ၿပိဳင္ပြဲျဖစ္တာေၾကာင့္ ပရိသတ္စိတ္ဝင္စားမႈအမ်ားဆုံးျဖစ္ေနၿပီး ဒီၿပိဳင္ပြဲမ်ိဳးမွာ ေအာင္ျမင္မႈရဖို႔က အသင္းတိုင္းရဲ႕ပစ္မွတ္ပါပဲ။ အသင္းေတြနဲ႔ကစားသမားေတြဟာ ၿပိဳင္ပြဲသမိုင္းဝင္စံခ်ိန္မွတ္တမ္းေတြေရးထိုးႏိုင္ဖို႔အတြက္ ႀကိဳးစားေလ့ရွိၾကၿပီး တခ်ိဳ႕စံခ်ိန္ေတြကေတာ့ စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲစံခ်ိန္ေတာ္ေတာ္မ်ားမ်ားက ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားျဖစ္ေပမယ့္ လူသိနည္းတဲ့စံခ်ိန္ေတြလည္းရွိေနၿပီး အဲဒါနဲ႔ပတ္သက္လို႔ နာမည္ေက်ာ္ Sportskeeda ဝက္ဘ္ဆိုက္က အခုလိုေဖာ္ျပခဲ့ပါတယ္ . . .

အျမန္ဆုံးဟက္ထရစ္ – ခ်န္ပီယံလိဂ္လိုၿပိဳင္ပြဲမ်ိဳးမွာ ဟက္ထရစ္သြင္းႏိုင္ရင္ ကစားသမားတစ္ဦးအတြက္ ေအာင္ျမင္မႈလို႔သတ္မွတ္ရမွာျဖစ္ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္ အျမန္ဆုံးဟက္ထရစ္စံခ်ိန္ပါ ပိုင္ဆိုင္ခဲ့ရင္ေတာ့ ႀကီးမားတဲ့ေအာင္ျမင္မႈအျဖစ္သတ္မွတ္ရမွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာ အျမန္ဆုံးဟက္ထရစ္သြင္းယူခဲ့တာက လိုင္ယြန္အသင္းနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းဂိုမစ္ျဖစ္ၿပီး ၂၀၁၁၊ ဒီဇင္ဘာ(၇)ရက္တုန္းက ဒိုင္နမိုဇာဂရက္အသင္းကို(၇-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ (၈)မိနစ္အတြင္း ဟက္ထရစ္သြင္းယူခဲ့တာေၾကာင့္ အျမန္ဆုံးဟက္ထရစ္စံခ်ိန္ပိုင္ဆိုင္ခဲ့သလို တစ္ပြဲတည္း(၄)ဂိုးအထိသြင္းယူခဲ့ပါတယ္။

အသက္အႀကီးဆုံးကစားသမား – ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အသက္အႀကီးဆုံးကစားသမားဆိုရင္ ႐ိုင္ယန္ဂစ္၊ အီဘရာဟီမိုဗစ္၊ စီေရာ္နယ္လ္ဒိုစတဲ့ကစားသမားေတြကို ပရိသတ္ေတြမ်က္စိထဲျမင္မိၾကမွာပါ။ အီဘရာဟီမိုဗစ္ဆိုရင္ အသက္(၄၀)အ႐ြယ္ရွိၿပီျဖစ္တာေတာင္ ေအစီမီလန္အသင္းနဲ႔အတူ အခုအခ်ိန္အထိ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာဆင္ႏႊဲေနဆဲျဖစ္လို႔ သူက အသက္အႀကီးဆုံးျဖစ္မယ္လို႔ထင္ခ်င္စရာပါပဲ။ ဒါေပမဲ့ ခ်န္ပီယံလိဂ္မွာ အသက္အႀကီးဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတာက လာဇီယိုဂိုးသမားေဟာင္းႀကီးမာကိုဘယ္ေလာ့တာျဖစ္ပါတယ္။ ၂၀၀၇၊ ဒီဇင္ဘာ(၁၁)ရက္မွာ ရီးယဲလ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲတုန္းက လာဇီယိုအသင္းအတြက္ပါဝင္ကစားခဲ့ၿပီး အသက္(၄၃)ႏွစ္၊ (၂၅၂)ရက္နဲ႔ ခ်န္ပီယံလိဂ္ရဲ႕အသက္အႀကီးဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတာပါ။

အျမန္ဆုံး OG – ၂၀၁၃၊ ေအာက္တိုဘာလအတြင္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဆိုစီဒက္ေနာက္ခံလူအီနီဂိုမာတီနက္ဇ္ဟာ (၁)မိနစ္(၀၉)စကၠန႔္နဲ႔ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့ၿပီး ဒါက အခုအခ်ိန္အထိ ခ်န္ပီယံလိဂ္မွာ အျမန္ဆုံး OG အျဖစ္ သတ္မွတ္ခံထားရဆဲပါပဲ။ ကိုယ့္ဂိုးကိုယ္သြင္းတယ္ဆိုတာ ကစားသမားတစ္ဦးအတြက္ စိတ္ပ်က္စရာျဖစ္ၿပီး အခု အီနီဂိုမာတီနက္ဇ္ကေတာ့ OG စံခ်ိန္တင္ခဲ့တာေၾကာင့္ စိတ္ပ်က္စရာလို႔ေျပာရမလား ..ေက်နပ္စရာလို႔ပဲေျပာရမလား မသိေတာ့ပါဘူး။

အုပ္စုတြင္းပြဲအားလုံးသေရက်ခဲ့တဲ့အသင္း – ခ်န္ပီယံလိဂ္မွာ သာမန္အလယ္အလတ္အဆင့္အသင္းေတြအေနနဲ႔ ႏိုင္ပြဲလုံးဝမရွိဘဲ အုပ္စုကထြက္ရတာမ်ိဳးက ျဖစ္ေလ့ျဖစ္ထရွိေပမယ့္ ပြဲတိုင္းသေရက်ခဲ့ၿပီးမွ အုပ္စုကထြက္ခဲ့ရတာက တကယ့္ရွားရွားပါးပါးပါပဲ။ ၂၀၀၂-၀၃ ရာသီမွာ ဂရိနာမည္ေက်ာ္ကလပ္ AEK ေအသင္အသင္းဟာ နာမည္ေက်ာ္အသင္းေတြျဖစ္တဲ့ ရီးယဲလ္၊ ႐ိုးမားတို႔နဲ႔တစ္အုပ္စုတည္းက်ေရာက္ခဲ့ၿပီး (၆)ပြဲစလုံး သေရက်ခဲ့တာေၾကာင့္ ဒါက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းမွာ စံခ်ိန္တင္ႏိုင္ခဲ့သလို အုပ္စုတတိယနဲ႔ထြက္ခဲ့ရေပမယ့္ UEFA (ယူ႐ိုပါလိဂ္)ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ AEK ေအသင္အသင္းအတြက္ ထိပ္သီးအသင္းေတြျဖစ္တဲ့ ႐ိုးမား၊ ရီးယဲလ္တို႔ကို မရႈံးေအာင္ကစားႏိုင္တာက ဂုဏ္ယူစရာပါပဲ။