ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၈ နှစ်ဆက်တိုက် ကစားထားတဲ့ စီရော်နယ်ဒိုက ဂျူဗင်တပ်ရောက်မှ လွဲတော့မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီးရီးအေမှာ ၉ရာသီ ဆက်တိုက်ဗိုလ်စွဲထားပြီး အောင်မြင်မှုတွေ ရယူထားတဲ့ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အီတလီစီးရီးအေဂုဏ်ဆောင် ကလပ်အသင်းတစ်သင်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ဂျူဗင်တပ်အသင်းရဲ့ အနေအထားတွေက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် အသည်းအသန် ယှဉ်ပြိုင်နေရတာပါ။ ဒီခြေအနေက စီရော်နယ်ဒိုအတွက် ၁၈နှစ်ဆက်တိုက် ချန်ပီယံလိ၈်ပြိုင်ပွဲ ကစားခဲ့တဲ့ အတော်လေး စိတ်မသက်မသာဖြစ်စေမှာ သေချာပါတယ်။

ဂျူဗင်တပ်နဲ့အတူ ၏ချန်ပီယံလိဂ်ဆုဖလားကို ထပ်ပြီး ရယူချင်သေးတဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တိုရီနိုနဲ့ တူရင်ဒါဘီမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂီုးကို သွင်းယူပေးပြီး အဖိုးတန် ၁မှတ်ရစေခဲ့တာပါ။ မိနစ် ၈၀ကျော်အချိန်အထိ ဂျူဗင်တပ်က အရေးနိမ့်နေပြီး စီရော်နယ်ဒိုရဲ့ ချေပဂိုးကြောင့်သာ အဖိုးတန် ၁မှတ်ရခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာ အေစီမီလန်က ရမှတ် ၆၀၊ အတ္တလန္တာက ၅၈ မှတ်နဲ့ ဒုတိယ၊ ဂျူဗင်တပ်နဲ့ နာပိုလီတို့က၅၆ မှတ်စီနဲ့ အပြိုင်ဖြစ်နေပါတယ်။

ဂျူဗင်တပ်ဟာ နည်းပြ ပီယာလိုလက်ထက်မှာတော့ ရလဒ်ပိုင်းအတော်လေး ကျဆင်းသွားခဲ့ပြီး စီရော်နယ်ဒိုက အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်နေပေမယ့်လည်း ရလဒ်ပိုင်းကတော့ နိမ့်ပါးလာခဲ့တာပါ။

စီရော်နယ်ဒိုဟာ အသက် ၃၆နှစ် အရွယ်ရှိပြီဖြစ်ပေမယ့် ဂှူဗင်တပ်အတွက် အဓိကအရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်တို့ တစ်ကျော့ပြန် အောင်မြင်မှုရဖို့လည်း အရေးပါတဲ့သူဖြစ်ပါတယ်။

ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေါ်တိုအသင်းကို မကျောဖြတ်နိုင်ဘဲ ပြိုင်ပွဲကထွက်ခဲ့ရပြီး နောက်ပိုင်းမှာ စီရော်နယ်ဒိုတစ်ယောက် အသင်းကထွက်ခွာတော့မယ့် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးသားပါ။

ဂျူဗင်တပ်ဖက်ကလည်း အသင်းမှာ လစာငွေ အမြောက်အမြားပေးချေနေရတဲ့ စီရော်နယ်ဒိုကို ထုတ်ရောင်းလိုနေပြီး တကယ်လို့ ဂျူဗင်တပ်သာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် စီရော်နယ်ဒို သေချာပေါက် ထွက်ခွာသွားနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




