
Photo Credit
Photo Credit
၂၀၁၈ ဇန်နဝါရီလက ဒေါ့မွန်အသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့သွားတဲ့တိုက်စစ်မှူး အူဘာမီယန်းရဲ့ဆုံးဖြတ်ချက်ကို ဒေါ့မွန်အသင်းစီအီးအို ဝက်ဇ်ကီက မေးခွန်းထုတ်သွားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ပတ်သက်လို့ တိုက်စစ်မှူးဟောင်းကို လှောင်ပြောင်သွားခဲ့ပါတယ်။
Photo Credit
အာဆင်နယ်က ယူရိုပါလိဂ်သာကစားနေရချိန် ဒေါ့မွန်အသင်းကတော့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ချက်မြေမှာ ကစားရခက်တဲ့အိမ်ရှင်ဆလားဗီးယားပရာဟာအသင်းကို ဝ-၂ ဂိုးနဲ့အနိုင်ရရှိကာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ရပြီးနောက် ဝက်ဇ်ကီက အူဘာမီယန်းရဲ့ဆုံးဖြတ်ချက်မှာ ငွေကြေးက အဓိကတွန်းအားဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
Photo Credit
အူဘာမီယန်းဟာ အာဆင်နယ်ကို ပေါင် ၅၈သန်းနဲ့ မပြောင်းရွှေ့ခင် စည်းကမ်းပိုင်းမလိုက်နာမှုကြောင့် အသင်းက သူ့ကို တစ်နှစ်အတွင်း ၃ကြိမ်အထိ တရားဝင်သတိပေးခဲ့ဖူးပြီး အခုလည်း ဝက်ဇ်ကီက ချန်ပီယံလိဂ်ပွဲတွေ၊ ယူရိုပါလိဂ်ပွဲတွေ အားကောင်းနေချိန်မှာ သူတို့ရဲ့ကစားသမားဟောင်းကို ဝေဖန်ခဲ့တာပါ။
Photo Credit
”ကစားသမားတစ်ယောက်ကို တခြားအသင်းတစ်သင်းက ငွေပုံပေးပြီး ကမ်းလှမ်းလာရင် ဆက်ထိန်းထားဖို့ ခက်တယ်ဆိုတာ အမှန်ပါပဲ။ တချို့ကစားသမားတွေက ငွေကြေးအတွက် အသင်းပြောင်းရွှေ့ခဲ့ပြီး အဲဒီအသင်းမှာ နှစ်ပေါင်းအတန်ကြာချန်ပီယံလိဂ်လည်း မကစားရပါဘူး”
Photo Credit
”အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့အူဘာမီယန်းဆိုရင် သူ့ဘဏ်အကောင့်ကို ဖွင့်ကြည့်လိုက်ရင် ပျော်ရွှင်နေမှာဖြစ်ပေမယ့် အင်္ဂါ၊ ဗုဒ္ဓဟူးညတွေမှာတော့ ချန်ပီယံလိဂ်ပွဲတွေကို တီဗွီကနေပဲ ကြည့်နေရလို့ ဝမ်းနည်းနေမှာသေချာပါတယ်”လို့ ဝက်ဇ်ကီက ပြောပါတယ်။
Photo Credit ; AP
Zawgyi
ခ်န္ပီယံလိဂ္နဲ႔ပတ္သက္လုိ႔ အူဘာမီယန္းကို ေလွာင္ေျပာင္လုိက္တဲ့ ေဒါ့မြန္စီအီးအို
၂၀၁၈ ဇန္န၀ါရီလက ေဒါ့မြန္အသင္းကေန အာဆင္နယ္ကို ေျပာင္းေရႊ႕သြားတဲ့တုိက္စစ္မွဴး အူဘာမီယန္းရဲ႕ဆုံးျဖတ္ခ်က္ကို ေဒါ့မြန္အသင္းစီအီးအို ၀က္ဇ္ကီက ေမးခြန္းထုတ္သြားခဲ့ၿပီး ခ်န္ပီယံလိဂ္နဲ႔ပတ္သက္လုိ႔ တိုက္စစ္မွဴးေဟာင္းကို ေလွာင္ေျပာင္သြားခဲ့ပါတယ္။
အာဆင္နယ္က ယူ႐ိုပါလိဂ္သာကစားေနရခ်ိန္ ေဒါ့မြန္အသင္းကေတာ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ ခ်က္ေျမမွာ ကစားရခက္တဲ့အိမ္ရွင္ဆလားဗီးယားပရာဟာအသင္းကို ၀-၂ ဂိုးနဲ႔အႏိုင္ရရွိကာ ေနာက္တစ္ဆင့္တက္ဖုိ႔ အေျခအေနေကာင္းသြားခ့ဲရၿပီးေနာက္ ၀က္ဇ္ကီက အူဘာမီယန္းရဲ႕ဆုံးျဖတ္ခ်က္မွာ ေငြေၾကးက အဓိကတြန္းအားျဖစ္လိမ့္မယ္လုိ႔ ဆုိခဲ့ပါတယ္။
အူဘာမီယန္းဟာ အာဆင္နယ္ကို ေပါင္ ၅၈သန္းနဲ႔ မေျပာင္းေရႊ႕ခင္ စည္းကမ္းပိုင္းမလုိက္နာမႈေၾကာင့္ အသင္းက သူ႕ကုိ တစ္ႏွစ္အတြင္း ၃ႀကိမ္အထိ တရား၀င္သတိေပးခ့ဲ့ဖူးၿပီး အခုလည္း ၀က္ဇ္ကီက ခ်န္ပီယံလိဂ္ပဲြေတြ၊ ယူ႐ိုပါလိဂ္ပြဲေတြ အားေကာင္းေနခ်ိန္မွာ သူတုိ႔ရဲ႕ကစားသမားေဟာင္းကို ေ၀ဖန္ခဲ့တာပါ။
”ကစားသမားတစ္ေယာက္ကို တျခားအသင္းတစ္သင္းက ေငြပံုေပးၿပီး ကမ္းလွမ္းလာရင္ ဆက္ထိန္းထားဖို႔ ခက္တယ္ဆုိတာ အမွန္ပါပဲ။ တခ်ိဳ႕ကစားသမားေတြက ေငြေၾကးအတြက္ အသင္းေျပာင္းေရႊ႕ခ့ဲၿပီး အဲဒီအသင္းမွာ ႏွစ္ေပါင္းအတန္ၾကာခ်န္ပီယံလိဂ္လည္း မကစားရပါဘူး”
”အာဆင္နယ္မွာ ေျခစြမ္းျပေနတ့ဲအူဘာမီယန္းဆုိရင္ သူ႕ဘဏ္အေကာင့္ကို ဖြင့္ၾကည့္လုိက္ရင္ ေပ်ာ္ရႊင္ေနမွာျဖစ္ေပမယ့္ အဂၤါ၊ ဗုဒၶဟူးညေတြမွာေတာ့ ခ်န္ပီယံလိဂ္ပြဲေတြကို တီဗီြကေနပဲ ၾကည့္ေနရလုိ႔ ၀မ္းနည္းေနမွာေသခ်ာပါတယ္”လုိ႔ ၀က္ဇ္ကီက ေျပာပါတယ္။