
Photo Credit
Photo Credit
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပေမယ့် ဒီရာသီမှာတော့ သူ့ရဲ့ချန်ပီယံလိဂ်သွင်းဂိုးက ချဲလ်ဆီးအသင်းခေါင်းဆောင် အက်စ်ပီလီကျူတာထက်တောင် ပိုနည်းနေပါတယ်။
Photo Credit
ညာနောက်ခံလူ အက်စ်ပီလီကျူတာဟာ ယမန်နေ့ညက လိုင်လီကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ခေါင်းတိုက်သွင်းဂိုးက အသင်းကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ဂိုးဖြစ်ခဲ့သလို သူ့အတွက်လည်း ဒီရာသီ ဒုတိယမြောက်ချန်ပီယံလိဂ်သွင်းဂိုးဖြစ်လာပါတယ်။
Photo Credit
နောက်ထပ်အံ့အားသင့်စရာကောင်းတာကတော့ ယနေ့ည လေဗာကူဆင်အသင်းနဲ့ကစားမယ့်ပွဲမတိုင်ခင် ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ယခုရာသီချန်ပီယံလိဂ်သွင်းဂိုးက အက်စ်ပီလီကျူတာထက် ၁ဂိုးပိုနည်းနေတာဖြစ်ပြီး ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ဂိုးပေါက်ကန်သွင်းမှုမှာ အက်စ်ပီလီကျူတာထက် ၂၂ကြိမ်တောင် ပိုများခဲ့ပါတယ်။
Photo Credit
ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းမှာ ၁၂၇ဂိုးအထိ သွင်းယူထားပေမယ့် ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၁ဂိုးပဲသွင်းယူထားနိုင်ပြီး အောက်တိုဘာလအတွင်း ကစားခဲတဲ့ လေဗာကူဆင်နဲ့အိမ်ကွင်းပွဲမှာ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
Photo Credit
ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း ရော်နယ်ဒိဟာ ချန်ပီယံလိဂ်မှာ စံချိန်အမျိုးမျိုးတင်ထားပြီး သူကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို သူ့နာမည်ပါအောင် CR7 ချန်ပီယံလိဂ်ပြိုင်ပွဲလို့တောင် အမည်ပြောင်းလဲသင့်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
Photo Credit
ဒါပေမဲ့ သူဟာ ဒီရာသီချန်ပီယံလိဂ်မှာတော့ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို ပေါင် ၉၉သန်းနဲ့ ပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်လို့ နောင်တနေရတယ်လို့ သိရပါတယ်။ Mirror သတင်းစာရဲ့ဖော်ပြချက်အရ တကယ်လု့ိ ရီးရဲလ်မှာသာ ဆက်ကစားဖြစ်ခဲ့ရင် Ballon d’Or ဆုရရှိလိမ့်မယ်လို့ သူ့အသင်းဖော်ဟောင်းတွေကို ရင်ဖွင့်ခဲ့ကြောင်း သိရပါတယ်။
Photo Credit
Zawgyi
ခ်န္ပီယံလိဂ္ထာ၀ရဂိုးသြင္းဘုရင္ ေရာ္နယ္ဒိုထက္ ဒီရာသီခ်န္ပီယံလိဂ္သြင္းဂိုး ပိုမ်ားေနတဲ့ ခ်ဲလ္ဆီးေနာက္ခံလူအက္စ္ပီလီက်ဴတာ
ဂ်ဴဗင္တပ္စ္အသင္းတုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ လက္ရွိအခ်ိန္မွာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနေပမယ့္ ဒီရာသီမွာေတာ့ သူ႕ရဲ႕ခ်န္ပီယံလိဂ္သြင္းဂိုးက ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္စ္ပီလီက်ဴတာထက္ေတာင္ ပိုနည္းေနပါတယ္။
ညာေနာက္ခံလူ အက္စ္ပီလီက်ဴတာဟာ ယမန္ေန႔ညက လုိင္လီကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ သူ႕ရဲ႕ေခါင္းတုိက္သြင္းဂိုးက အသင္းကို ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္ပို႔ေဆာင္ေပးႏိုင္ခဲ့တဲ့ဂိုးျဖစ္ခဲ့သလုိ သူ႕အတြက္လည္း ဒီရာသီ ဒုတိယေျမာက္ခ်န္ပီယံလိဂ္သြင္းဂိုးျဖစ္လာပါတယ္။
ေနာက္ထပ္အံ့အားသင့္စရာေကာင္းတာကေတာ့ ယေန႔ည ေလဗာကူဆင္အသင္းနဲ႔ကစားမယ့္ပြဲမတုိင္ခင္ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕ ယခုရာသီခ်န္ပီယံလိဂ္သြင္းဂိုးက အက္စ္ပီလီက်ဴတာထက္ ၁ဂိုးပိုနည္းေနတာျဖစ္ၿပီး ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုက ဂိုးေပါက္ကန္သြင္းမႈမွာ အက္စ္ပီလီက်ဴတာထက္ ၂၂ႀကိမ္ေတာင္ ပိုမ်ားခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္သမုိင္းမွာ ၁၂၇ဂိုးအထိ သြင္းယူထားေပမယ့္ ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ ၁ဂိုးပဲသြင္းယူထားႏိုင္ၿပီး ေအာက္တိုဘာလအတြင္း ကစားခဲတ့ဲ့ ေလဗာကူဆင္နဲ႔အိမ္ကြင္းပြဲမွာ ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္နဲ႔ ယူႏုိက္တက္ၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒိဟာ ခ်န္ပီယံလိဂ္မွာ စံခ်ိန္အမ်ိဳးမ်ိဳးတင္ထားၿပီး သူကိုယ္တုိင္ကလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို သူ႕နာမည္ပါေအာင္ CR7 ခ်န္ပီယံလိဂ္ၿပိဳင္ပြဲလုိ႔ေတာင္ အမည္ေျပာင္းလဲသင့္ေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။
ဒါေပမဲ့ သူဟာ ဒီရာသီခ်န္ပီယံလိဂ္မွာေတာ့ ပုံမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ေနရၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ကေန ဂ်ဴဗင္တပ္စ္ကို ေပါင္ ၉၉သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တာနဲ႔ပတ္သက္လုိ႔ ေနာင္တေနရတယ္လုိ႔ သိရပါတယ္။ Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ တကယ္လု႔ိ ရီးရဲလ္မွာသာ ဆက္ကစားျဖစ္ခဲ့ရင္ Ballon d’Or ဆုရရွိလိမ့္မယ္လုိ႔ သူ႕အသင္းေဖာ္ေဟာင္းေတြကို ရင္ဖြင့္ခဲ့ေၾကာင္း သိရပါတယ္။