ချန်ပီယံလိဂ်ဆီမီးပွဲမတိုင်ခင် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ရီးယဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့်ဧပြီ(၂၇)ရက်ကျရင် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲအဖြစ် ချယ်လ်ဆီးနဲ့ကစားရမယ့် ရီးယဲလ်အသင်းဟာ အခုလောလောဆယ် အဓိက ကစားသမားတချို့ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရလို့ နည်းပြဇီဒန်းအတွက် ခေါင်းခဲစရာဖြစ်နေပါပြီ။

ချယ်လ်ဆီးအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲကို ရီးယဲလ်အသင်းဘယ်နောက်ခံလူမန်ဒီ လွဲချော်ဖို့ရှိနေပြီး မန်ဒီဟာ ဘယ်ဘက်ခြေထောက်ကြွက်သားဒဏ်ရာရရှိနေတယ်လို့ ရီးယဲလ်အသင်းက အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ လိုင်ယွန်ကစားသမားဟောင်း မန်ဒီဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒဏ်ရာကြောင့်ရက်အတော်ကြာအနားယူရဖို့ရှိနေတဲ့အတွက် ဇီဒန်းအနေနဲ့ ချယ်လ်ဆီးနဲ့ပွဲကျရင် ဝါရင့်နောက်ခံလူမာဆယ်လိုကို ပြန်သုံးရမယ့်အနေအထားပါပဲ။

အသင်းရဲ့အဓိကတိုက်စစ်မှူး ဘန်ဇီမာကတော့ လီဗာပူးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ မီလ်နာရဲ့ကြမ်းတမ်းတဲ့ကစားပုံကြောင့် ခြေချင်းဝတ်ဒဏ်ရာရခဲ့ပေမယ့် သိပ်ပြီးပြင်းထန်တဲ့အနေအထားမရှိလို့ ချယ်လ်ဆီးနဲ့ပွဲမှာ ပါဝင်လာနိုင်ခြေရှိပါတယ်။

ကွင်းလယ်လူ ဗယ်လ်ဗာဒီဟာ ကိုဗစ်ရောဂါပိုးရှိတဲ့လူတစ်ယောက်နဲ့ ထိတွေ့ခဲ့တဲ့အတွက် လက်ရှိအချိန်မှာ Quarantine ဝင်နေရပြီး ချယ်လ်ဆီးနဲ့ပွဲကို လွဲချော်ဖို့ရာနှုန်းများနေပါပြီ။ ဒါ့အပြင် နောက်ခံလူတွေဖြစ်တဲ့ ရာမို့စ်၊ ဗာရန်း၊ ကာဗာဟယ်လ်နဲ့ ဗက်ဇ်ကွက်ဇ်တို့ကလည်း ဒဏ်ရာပြဿနာတွေနဲ့အသီးသီးရင်ဆိုင်နေရတာကြောင့် ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝလာဖို့က သိပ်မလွယ်ပါဘူး။

ဇီဒန်းအတွက် အားတက်စရာကတော့ ဒဏ်ရာကြောင့် ရက်အတော်ကြာအနားယူခဲ့ရတဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာဇက်ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်တာကြောင့် အသင်းအတွက်ပါဝင်ကစားနိုင်မယ်ဆိုတာပါပဲ။

အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်သူ ဟာဇက်ဟာ ဒီရာသီမှာအသင်းအတွက်ပြိုင်ပွဲစုံ(၁၄)ပွဲကစားခဲ့ပြီး မတ်လအလယ်လောက်မှာ ဒဏ်ရာရခဲ့တာကြောင့် လီဗာပူးလ်နဲ့ကစားခဲ့တဲ့ကွာတားဖိုင်နယ်နှစ်ကျော့စလုံးကို လွဲချော်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဟာဇက်ဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သလို ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေပြီဖြစ်တဲ့အတွက် အသင်းဟောင်းချယ်လ်ဆီးနဲ့ပြန်ရင်ဆိုင်ရမယ့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ရှိနေပါပြီ။

ရီးယဲလ်အသင်းဟာ ချယ်လ်ဆီးနဲ့ဆုံတွေ့ခဲ့တဲ့ ဥရောပပြိုင်ပွဲ(၃)ပွဲမှာ တစ်ပွဲမှအနိုင်မရခဲ့ဘဲ ဒီရာသီချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အဲဒီမှတ်တမ်းဆိုးကို ချိုးဖျက်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ဆီမီးပြဲမတိုင္ခင္ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ရီးယဲလ္

လာမယ့္ဧၿပီ(၂၇)ရက္က်ရင္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲအျဖစ္ ခ်ယ္လ္ဆီးနဲ႔ကစားရမယ့္ ရီးယဲလ္အသင္းဟာ အခုေလာေလာဆယ္ အဓိက ကစားသမားတခ်ိဳ႕ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆိုင္ေနရလို႔ နည္းျပဇီဒန္းအတြက္ ေခါင္းခဲစရာျဖစ္ေနပါၿပီ။ ခ်ယ္လ္ဆီးအသင္းနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲကို ရီးယဲလ္အသင္းဘယ္ေနာက္ခံလူမန္ဒီ လြဲေခ်ာ္ဖို႔ရွိေနၿပီး မန္ဒီဟာ ဘယ္ဘက္ေျခေထာက္ႂကြက္သားဒဏ္ရာရရွိေနတယ္လို႔ ရီးယဲလ္အသင္းက အတည္ျပဳထုတ္ျပန္ေၾကညာခဲ့ပါတယ္။ လိုင္ယြန္ကစားသမားေဟာင္း မန္ဒီဟာ ဒီရာသီမွာ ရီးယဲလ္အသင္းအတြက္ ပုံမွန္ပြဲထြက္ခြင့္ရေနသူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဒဏ္ရာေၾကာင့္ရက္အေတာ္ၾကာအနားယူရဖို႔ရွိေနတဲ့အတြက္ ဇီဒန္းအေနနဲ႔ ခ်ယ္လ္ဆီးနဲ႔ပြဲက်ရင္ ဝါရင့္ေနာက္ခံလူမာဆယ္လိုကို ျပန္သုံးရမယ့္အေနအထားပါပဲ။

အသင္းရဲ႕အဓိကတိုက္စစ္မႉး ဘန္ဇီမာကေတာ့ လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ပြဲမွာ မီလ္နာရဲ႕ၾကမ္းတမ္းတဲ့ကစားပုံေၾကာင့္ ေျခခ်င္းဝတ္ဒဏ္ရာရခဲ့ေပမယ့္ သိပ္ၿပီးျပင္းထန္တဲ့အေနအထားမရွိလို႔ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ ပါဝင္လာႏိုင္ေျခရွိပါတယ္။ ကြင္းလယ္လူ ဗယ္လ္ဗာဒီဟာ ကိုဗစ္ေရာဂါပိုးရွိတဲ့လူတစ္ေယာက္နဲ႔ ထိေတြ႕ခဲ့တဲ့အတြက္ လက္ရွိအခ်ိန္မွာ Quarantine ဝင္ေနရၿပီး ခ်ယ္လ္ဆီးနဲ႔ပြဲကို လြဲေခ်ာ္ဖို႔ရာႏႈန္းမ်ားေနပါၿပီ။ ဒါ့အျပင္ ေနာက္ခံလူေတြျဖစ္တဲ့ ရာမို႔စ္၊ ဗာရန္း၊ ကာဗာဟယ္လ္နဲ႔ ဗက္ဇ္ကြက္ဇ္တို႔ကလည္း ဒဏ္ရာျပႆနာေတြနဲ႔အသီးသီးရင္ဆိုင္ေနရတာေၾကာင့္ ခ်ယ္လ္ဆီးနဲ႔ပြဲမတိုင္ခင္ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈျပည့္ဝလာဖို႔က သိပ္မလြယ္ပါဘူး။ ဇီဒန္းအတြက္ အားတက္စရာကေတာ့ ဒဏ္ရာေၾကာင့္ ရက္အေတာ္ၾကာအနားယူခဲ့ရတဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ဟာ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာၿပီျဖစ္တာေၾကာင့္ အသင္းအတြက္ပါဝင္ကစားႏိုင္မယ္ဆိုတာပါပဲ။

အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟာဇက္ဟာ ဒီရာသီမွာအသင္းအတြက္ၿပိဳင္ပြဲစုံ(၁၄)ပြဲကစားခဲ့ၿပီး မတ္လအလယ္ေလာက္မွာ ဒဏ္ရာရခဲ့တာေၾကာင့္ လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ကြာတားဖိုင္နယ္ႏွစ္ေက်ာ့စလုံးကို လြဲေခ်ာ္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ဟာဇက္ဟာ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီျဖစ္သလို ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိေနၿပီျဖစ္တဲ့အတြက္ အသင္းေဟာင္းခ်ယ္လ္ဆီးနဲ႔ျပန္ရင္ဆိုင္ရမယ့္ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ရွိေနပါၿပီ။ ရီးယဲလ္အသင္းဟာ ခ်ယ္လ္ဆီးနဲ႔ဆုံေတြ႕ခဲ့တဲ့ ဥေရာပၿပိဳင္ပြဲ(၃)ပြဲမွာ တစ္ပြဲမွအႏိုင္မရခဲ့ဘဲ ဒီရာသီခ်န္ပီယံလိဂ္ဖလားေမွ်ာ္လင့္ခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ အဲဒီမွတ္တမ္းဆိုးကို ခ်ိဳးဖ်က္ဖို႔ႀကိဳးစားရမွာျဖစ္ပါတယ္။