
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီညချန်ပီယံလိဂ်ပွဲတွေထဲက ချန်ပီယံဟောင်းအသင်းတွေရဲ့ပွဲစဉ်တွေကိုပဲ ရွေးချယ်သုံးသပ်ပေးထားပါတယ်။
အရင်အားကစားဂျာနယ်တွေမှာ ပွဲကြိုသုံးသပ်ခဲ့တဲ့ ကို မိုးမင်းနောင် ကနေ သုံးသပ်ပေးထားတာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ် (၁)ပွဲကြိုသုံးသပ်ချက်
ယန်းဘွိုင်းစ် Vs မန်ယူ
(မန်ယူ ၁-၇၀/ ဂိုးပေါင်း ၃+၅)
ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး အန်ဆာမီ ဒဏ်ရာရသွားပြီးနောက်ပိုင်း ယန်းဘွိုင်းစ်ဟာ ဂိုးသွင်းအားကျသွားပါတယ်။
အခုနောက်ဆုံး ဇူးရစ်ချ်နဲ့ပွဲမတိုင်ခင်အထိ ဆွစ်ဇာလန်လိဂ် နောက်ဆုံး ၃ပွဲမှာ ယန်းဘွိုင်းစ် ၁ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။
နည်းပြ ဝက်ဂ်နာလက်ထက်မှာ ခြေစွမ်းအတက်/အကျ များနေတာကြောင့်လည်း ယန်းဘွိုင်းစ်ကို သိပ်မျှော်လင့်လို့မရဘူး။
မန်ချက်စတာယူနိုက်တက်ကတော့ ရော်နယ်ဒိုကြောင့် တော်တော်လေး ပြောင်းလဲလာဖို့ရှိပါတယ်။
ပြိုင်ပွဲအရပ်ရပ်အဝေးကွင်းနောက်ဆုံး ၁၂ပွဲဆက်လည်းဂိုးသွင်းနိုင်ခဲ့တာကြောင့် ယန်းဘွိုင်းစ်ကွင်းမှာလည်း ဂိုးမသွင်းနိုင်စရာအကြောင်းမရှိပါဘူး။
မန်ယူနဲ့ ဂိုးအောက်ကို တွဲရွေးထားသင့်ပါတယ်။
ချဲလ်ဆီး Vs ဇင်းနစ်
(ချဲလ်ဆီး ၁+၄၅/ဂိုးပေါင်း ၃+၅)
ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ပေါ်တိုနဲ့တစ်ပွဲတည်းရှုံးခဲ့တဲ့ ချဲလ်ဆီးဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းနေတုန်းပါပဲ။
ပရီးမီးယားလိဂ်ပွဲစဉ် ၄အပြီး ၁ဂိုးတည်းပေးရသေးသလို တိုက်စစ်ကလည်း ပွဲတိုင်းဂိုးသွင်းထားပါတယ်။
အထူးသဖြင့် ချဲလ်ဆီးရဲ့ကွင်းလယ်အားက ဥရောပချန်ပီယံအသင်းပီပီ တကယ့်ကို တောင့်တင်းလွန်းတာကြောင့် ထိပ်သီးပြိုင်ဘက်တွေကို ကောင်းကောင်းယှဉ်နိုင်ပါတယ်။
ဇင်းနစ်ကလည်း ရုရှားလိဂ်မှာခြေစွမ်းပြနေတဲ့အသင်းပါ။
တိုကျိုအိုလံပစ်ပြိုင်ပွဲတုန်းက ဘရာဇီးနဲ့အတူ ရွှေတံဆိပ်ဆုရခဲ့တဲ့ တိုက်စစ်မှူး ကလော်ဒင်ညို ကိုခေါ်ထားနိုင်တာကြောင့် အရင်ဇူးဘားနဲ့ အက်စ်မွန်းတို့ထက် ပိုကောင်းလာနိုင်ပါတယ်။
ဒါပေမယ့် စတမ်းဖို့ဘရစ်ချ်မှာတော့ ဇင်းနစ် ရလဒ်ကောင်းနိုင်မယ်မထင်ဘူး။
ချဲလ်ဆီးပဲဂိုးပြတ်နိုင်မှာပါ။
ဘာစီလိုနာ Vs ဘိုင်ယန်မြူးနစ်
(ဘိုင်ယန်မြူးနစ် =-၉၀/ ဂိုးပေါင်း ၃-၆၅)
ဒီရာသီ လာလီဂါမှာ ၃ပွဲကစား ၇မှတ်ရထားပေမယ့် ဘာစီလိုနာရဲ့ ပုံရိပ်က အရင်ကထက်ပိုကျသွားတာအမှန်ပါပဲ။
တိုက်စစ်မှာ အဂွဲရိုး မကစားနိုင်သေးလို ဘရိုက်ဝေ့လည်း ဒဏ်ရာရသွားတာကြောင့် လုခ်ဒီဂျောင်ကို ပွဲထုတ်ရဖို့ရှိပါတယ်။
လက်ရှိ ဘာစီလိုနာမှာ စောင့်ကြည့်ရမှာဆိုလို့ ဒီပိုင်းနဲ့ ဖရန်ကီဒီဂျောင်တို့ ဒတ်ချ်အတွဲပဲရှိပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ အရင်နှစ်တွေကလိုပဲ အင်အားတောင့်ဆဲပါ။
၂၀၁၇ခုနှစ်၊ စက်တင်ဘာလက ပီအက်စ်ဂျီကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပြီးနောက်ပိုင်း ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်အဝေးကွင်းရှုံးပွဲလုံးဝမရှိခဲ့ပါဘူး။
ဘာစီလိုနာထက်တာကတော့ တိုက်စစ်ပါ။ လီဝန်ဒေါစကီးရဲ့ဂိုးသွင်းအားက ဒီနေ့အထိ မကျသွားတာကြောင့် ဘာစီလိုနာခံစစ်ကို ဘိုင်ယန် ကျော်နိုင်ဖို့ မခက်ပါဘူး။
နည်းပြ နီဂဲလ်မန်းစ်နဲ့အတူ ကစားပုံ ပိုတည်ငြိမ်လာတာကြောင့်လည်း ဘိုင်ယန်မြူးနစ်ကိုပဲ ရွေးသင့်ပါတယ်။
မယ်လ်မို Vs ဂျူဗင်တပ်စ်
(ဂျူဗင်တပ်စ် =-၉၀/ ဂိုးပေါင်း ၃+၇၀)
နှစ်သင်းစလုံးကတော့ ရလဒ်ဆိုးတွေနဲ့ ရုန်းနေကြရတာပါ။
မယ်လ်မိုဟာ နောက်ဆုံး ၃ပွဲဆက် နိုင်ပွဲမရခဲ့သလို ဂျူဗင်တပ်စ်ကလည်း စီးရီးအေ ၃ပွဲစလုံး အနိုင်မရသေးဘူး။
နောက်ဆုံး ၂ပွဲမှာဆိုရင် အမ်ပိုလီနဲ့ နာပိုလီတို့ကို တောင်ရှုံးထားပါတယ်။
မိုရာတာကိုအားကိုးနေရတဲ့ တိုက်စစ်ကလည်း ဂိုးသွင်းခြေပုံမှန်မရှိတော့တာကြောင့် မယ်လ်မိုကွင်းမှာ ဂျူဗင်တပ်စ်အနေနဲ့ ဂိုးရဖို့ခက်နိုင်ပါတယ်။
နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလကတော့ ဂျူဗင်တပ်စ်က ၂ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိချိန်မှာ ဂျူဗင်တပ်စ်ကို မယုံရဲလို့ ဂိုးအောက်ကိုပဲ ရွေးစေချင်တယ်။
အခြားပွဲခန့်မှန်းချက်များ
ဆီဗီလာ ၂-၀ ဆဲလ်ဘတ်
ဒိုင်နမိုကိဗ် ၁-၁ ဘင်ဖီကာ
လိုင်လီ ၁-၂ ဝုဖ်ဘာ့ဂ်
ဗီလာရီးရဲလ် ၂-၂ အတ္တလန္တာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဒီညခ်န္ပီယံလိဂ္ပြဲေတြထဲက ခ်န္ပီယံေဟာင္းအသင္းေတြရဲ႕ပြဲစဥ္ေတြကိုပဲ ေ႐ြးခ်ယ္သုံးသပ္ေပးထားပါတယ္။ အရင္အားကစားဂ်ာနယ္ေတြမွာ ပြဲႀကိဳသုံးသပ္ခဲ့တဲ့ ကို မိုးမင္းေနာင္ ကေန သုံးသပ္ေပးထားတာျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ပြဲစဥ္ (၁)ပြဲႀကိဳသုံးသပ္ခ်က္
ယန္းဘြိဳင္းစ္ Vs မန္ယူ
(မန္ယူ ၁-၇၀/ ဂိုးေပါင္း ၃+၅)
ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းျပဂိုးသြင္းေပးခဲ့တဲ့ တိုက္စစ္မႉး အန္ဆာမီ ဒဏ္ရာရသြားၿပီးေနာက္ပိုင္း ယန္းဘြိဳင္းစ္ဟာ ဂိုးသြင္းအားက်သြားပါတယ္။ အခုေနာက္ဆုံး ဇူးရစ္ခ်္နဲ႔ပြဲမတိုင္ခင္အထိ ဆြစ္ဇာလန္လိဂ္ ေနာက္ဆုံး ၃ပြဲမွာ ယန္းဘြိဳင္းစ္ ၁ဂိုးပဲသြင္းႏိုင္ခဲ့ပါတယ္။ နည္းျပ ဝက္ဂ္နာလက္ထက္မွာ ေျခစြမ္းအတက္/အက် မ်ားေနတာေၾကာင့္လည္း ယန္းဘြိဳင္းစ္ကို သိပ္ေမွ်ာ္လင့္လို႔မရဘူး။ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ေရာ္နယ္ဒိုေၾကာင့္ ေတာ္ေတာ္ေလး ေျပာင္းလဲလာဖို႔ရွိပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္အေဝးကြင္းေနာက္ဆုံး ၁၂ပြဲဆက္လည္းဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ယန္းဘြိဳင္းစ္ကြင္းမွာလည္း ဂိုးမသြင္းႏိုင္စရာအေၾကာင္းမရွိပါဘူး။ မန္ယူနဲ႔ ဂိုးေအာက္ကို တြဲေ႐ြးထားသင့္ပါတယ္။
ခ်ဲလ္ဆီး Vs ဇင္းနစ္
(ခ်ဲလ္ဆီး ၁+၄၅/ဂိုးေပါင္း ၃+၅)
ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာ ေပၚတိုနဲ႔တစ္ပြဲတည္းရႈံးခဲ့တဲ့ ခ်ဲလ္ဆီးဟာ ဒီရာသီမွာလည္း ေျခစြမ္းေကာင္းေနတုန္းပါပဲ။ ပရီးမီးယားလိဂ္ပြဲစဥ္ ၄အၿပီး ၁ဂိုးတည္းေပးရေသးသလို တိုက္စစ္ကလည္း ပြဲတိုင္းဂိုးသြင္းထားပါတယ္။ အထူးသျဖင့္ ခ်ဲလ္ဆီးရဲ႕ကြင္းလယ္အားက ဥေရာပခ်န္ပီယံအသင္းပီပီ တကယ့္ကို ေတာင့္တင္းလြန္းတာေၾကာင့္ ထိပ္သီးၿပိဳင္ဘက္ေတြကို ေကာင္းေကာင္းယွဥ္ႏိုင္ပါတယ္။ ဇင္းနစ္ကလည္း ႐ုရွားလိဂ္မွာေျခစြမ္းျပေနတဲ့အသင္းပါ။ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲတုန္းက ဘရာဇီးနဲ႔အတူ ေ႐ႊတံဆိပ္ဆုရခဲ့တဲ့ တိုက္စစ္မႉး ကေလာ္ဒင္ညိဳ ကိုေခၚထားႏိုင္တာေၾကာင့္ အရင္ဇူးဘားနဲ႔ အက္စ္မြန္းတို႔ထက္ ပိုေကာင္းလာႏိုင္ပါတယ္။ ဒါေပမယ့္ စတမ္းဖို႔ဘရစ္ခ်္မွာေတာ့ ဇင္းနစ္ ရလဒ္ေကာင္းႏိုင္မယ္မထင္ဘူး။ ခ်ဲလ္ဆီးပဲဂိုးျပတ္ႏိုင္မွာပါ။
ဘာစီလိုနာ Vs ဘိုင္ယန္ျမဴးနစ္
(ဘိုင္ယန္ျမဴးနစ္ =-၉၀/ ဂိုးေပါင္း ၃-၆၅)
ဒီရာသီ လာလီဂါမွာ ၃ပြဲကစား ၇မွတ္ရထားေပမယ့္ ဘာစီလိုနာရဲ႕ ပုံရိပ္က အရင္ကထက္ပိုက်သြားတာအမွန္ပါပဲ။ တိုက္စစ္မွာ အဂြဲ႐ိုး မကစားႏိုင္ေသးလို ဘ႐ိုက္ေဝ့လည္း ဒဏ္ရာရသြားတာေၾကာင့္ လုခ္ဒီေဂ်ာင္ကို ပြဲထုတ္ရဖို႔ရွိပါတယ္။ လက္ရွိ ဘာစီလိုနာမွာ ေစာင့္ၾကည့္ရမွာဆိုလို႔ ဒီပိုင္းနဲ႔ ဖရန္ကီဒီေဂ်ာင္တို႔ ဒတ္ခ်္အတြဲပဲရွိပါတယ္။ ဘိုင္ယန္ျမဴးနစ္ကေတာ့ အရင္ႏွစ္ေတြကလိုပဲ အင္အားေတာင့္ဆဲပါ။ ၂၀၁၇ခုႏွစ္၊ စက္တင္ဘာလက ပီအက္စ္ဂ်ီကြင္းမွာ ဂိုးျပတ္ရႈံးခဲ့ၿပီးေနာက္ပိုင္း ဘိုင္ယန္ျမဴးနစ္ဟာ ခ်န္ပီယံလိဂ္အေဝးကြင္းရႈံးပြဲလုံးဝမရွိခဲ့ပါဘူး။ ဘာစီလိုနာထက္တာကေတာ့ တိုက္စစ္ပါ။ လီဝန္ေဒါစကီးရဲ႕ဂိုးသြင္းအားက ဒီေန႔အထိ မက်သြားတာေၾကာင့္ ဘာစီလိုနာခံစစ္ကို ဘိုင္ယန္ ေက်ာ္ႏိုင္ဖို႔ မခက္ပါဘူး။ နည္းျပ နီဂဲလ္မန္းစ္နဲ႔အတူ ကစားပုံ ပိုတည္ၿငိမ္လာတာေၾကာင့္လည္း ဘိုင္ယန္ျမဴးနစ္ကိုပဲ ေ႐ြးသင့္ပါတယ္။
မယ္လ္မို Vs ဂ်ဴဗင္တပ္စ္
(ဂ်ဴဗင္တပ္စ္ =-၉၀/ ဂိုးေပါင္း ၃+၇၀)
ႏွစ္သင္းစလုံးကေတာ့ ရလဒ္ဆိုးေတြနဲ႔ ႐ုန္းေနၾကရတာပါ။ မယ္လ္မိုဟာ ေနာက္ဆုံး ၃ပြဲဆက္ ႏိုင္ပြဲမရခဲ့သလို ဂ်ဴဗင္တပ္စ္ကလည္း စီးရီးေအ ၃ပြဲစလုံး အႏိုင္မရေသးဘူး။ ေနာက္ဆုံး ၂ပြဲမွာဆိုရင္ အမ္ပိုလီနဲ႔ နာပိုလီတို႔ကို ေတာင္ရႈံးထားပါတယ္။ မိုရာတာကိုအားကိုးေနရတဲ့ တိုက္စစ္ကလည္း ဂိုးသြင္းေျခပုံမွန္မရွိေတာ့တာေၾကာင့္ မယ္လ္မိုကြင္းမွာ ဂ်ဴဗင္တပ္စ္အေနနဲ႔ ဂိုးရဖို႔ခက္ႏိုင္ပါတယ္။ ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံခဲ့တဲ့ ၂၀၁၄ခုႏွစ္၊ ႏိုဝင္ဘာလကေတာ့ ဂ်ဴဗင္တပ္စ္က ၂ဂိုးျပတ္နဲ႔ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိခ်ိန္မွာ ဂ်ဴဗင္တပ္စ္ကို မယုံရဲလို႔ ဂိုးေအာက္ကိုပဲ ေ႐ြးေစခ်င္တယ္။
အျခားပြဲခန႔္မွန္းခ်က္မ်ား
ဆီဗီလာ ၂-၀ ဆဲလ္ဘတ္
ဒိုင္နမိုကိဗ္ ၁-၁ ဘင္ဖီကာ
လိုင္လီ ၁-၂ ဝုဖ္ဘာ့ဂ္
ဗီလာရီးရဲလ္ ၂-၂ အတၱလႏၲာ