
photo-AP
photo-gettyimages
ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူကိုရှုံးပြီး ချန်ပီယံလိဂ်ကထွက်ခဲ့ရတာဟာ ကားတိုက်မှုတစ်ခုလိုပဲလို့ ပီအက်စ်ဂျီနည်းပြသောမတ်စ်တူချယ်က ဝန်ခံပြောကြားလိုက်ပါတယ်။ အဲဒီတုန်းက ပထမအကျော့ အိုးလ်ထရက်ဖု့ိဒ်မှာ ပီအက်စ်ဂျီဟာ ၂-၀ ဂိုးနဲ့အနိုင်ရထားပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းနေတာပါ။ ဒါပေမဲ့ ဒုတိယအကျော့အိမ်ကွင်းမှာတော့ မမျှော်လင့်ထားပဲ ရက်ရှ်ဖို့ဒ်ရဲ့နောက်ဆုံးမိနစ်ပင်နယ်တီဂိုးကြောင့် ၃-၁ ဂိုးနဲ့ရှုံးနိမ့်သွားခဲ့လို့ အဝေးဂိုးနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
photo-gettyimages
ပီအက်စ်ဂျီဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း ချန်ပီယံလိဂ်မှာ အဲဒီလိုထွက်ရမှုမျိုးနဲ့ ကြုံခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူတု့ိဟာ ပထမအကျော့ ၄ ဂိုးပြတ်နိုင်ထားပေမယ့် ဒုတိယအကျော့ နူးကမ့်မှာတော့ ၆-၁ နဲ့ရှုံးပြီး အဝေးဂိုးနဲ့ပဲ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီဟာ တစ်ရာသီလုံးအနေနဲ့ အောင်မြင်တယ်လို့ တူချယ်က ခံစားနေရပေမယ့် ဆိုးလ်ရှားရဲ့အသင်းကို ရှုံးခဲ့တာဟာ သူ့အတွက် နောင်တရမဆုံးအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
photo-gettyimages
”အဲဒါဟာ ကားတိုက်မှုတစ်ခုလိုပါပဲ။ အလင်းရောင်က စိမ်းသွားပြီး ကျွန်တော်တို့ ပြင်းပြင်းထန်ထန်အတိုက်ခံလိုက်ရတာပါ။ တကယ်လို့ ကျွန်တော်တို့ တစ်ခုခုကို လျစ်လျူ ရှုမိခဲ့ရင် ဘာမှားသွားသလဲဆိုတာကို သိချင်သွားတယ်။ သေချာတာကတော့ ကျွန်တော်တို့ တစ်ခုခုကို လျစ်လျူ ရှုမိတာပါ။ အဲဒီနှစ်ပွဲကြားထဲမှာ ကျွန်တော့်သမီးကျောင်းက လူတွေနဲ့ တစ်မြို့လုံးက လူတွေက ဒီတစ်ခါတော့ အဆင်ပြေပြီလို့ ပြောနေကြတာပါ။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်နိုင်မယ်လို့လည်း လူတိုင်းက ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဖြစ်ခဲ့ဘူး။ အဲဒါပြီးတော့ အားလုံးက အရင်နှစ်တွေက အတိုင်းပါပဲလားလို့ ပြောကြပါတယ်။ ကျွန်တော်တို့ကတော့ မတူဘူးလို့ ထင်ပါတယ်”လို့ တူချယ်က ရုပ်သံတစ်ခုမှာ ပြောခဲ့တာပါ။
[Zawgyi]
ခ်န္ပီယံလိဂ္က မန္ယူအရႈံးဟာ ကားတုိက္မႈတစ္ခုလုိပဲလို႔ တူခ်ယ္ေနာင္တရမဆုံးျဖစ္
ၿပီးခဲ့တဲ့ရာသီတုနး္က မန္ယူကိုရံႈးၿပီး ခ်န္ပီယံလိဂ္ကထြက္ခဲ့ရတာဟာ ကားတိုက္မႈတစ္ခုလုိပဲလို႔ ပီအက္စ္ဂ်ီနည္းျပေသာမတ္စ္တူခ်ယ္က ၀န္ခံေျပာၾကားလိုက္ပါတယ္။ အဲဒီတုနး္က ပထမအေက်ာ့ အုိးလ္ထရက္ဖု႔ိဒ္မွာ ပီအက္စ္ဂ်ီဟာ ၂-၀ ဂိုးနဲ႔အႏိုင္ရထားၿပီး ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အေျခအေနေကာင္းေနတာပါ။ ဒါေပမဲ့ ဒုတိယအေက်ာ့အိမ္ကြင္းမွာေတာ့ မေမွ်ာ္လင့္ထားပဲ ရက္ရွ္ဖုိ႔ဒ္ရဲ႕ေနာက္ဆုံးမိနစ္ပင္နယ္တီဂိုးေၾကာင့္ ၃-၁ ဂိုးနဲ႔ရႈံးနိမ့္သြားခဲ့လုိ႔ အေ၀းဂိုးနဲ႔ ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။
ပီအက္စ္ဂ်ီဟာ လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းကလည္း ခ်န္ပီယံလိဂ္မွာ အဲဒီလိုထြက္ရမႈမ်ိဳးနဲ႔ ႀကဳံခဲ့ဖူးပါတယ္။ အဲဒီတုန္းက သူတု႔ိဟာ ပထမအေက်ာ့ ၄ ဂိုးျပတ္ႏိုင္ထားေပမယ့္ ဒုတိယအေက်ာ့ ႏူးကမ့္မွာေတာ့ ၆-၁ နဲ႔ရႈံးၿပီး အေ၀းဂိုးနဲ႔ပဲ ၿပိဳ္င္ပြဲက ထြက္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီဟာ တစ္ရာသီလုံးအေနနဲ႔ ေအာင္ျမင္တယ္လုိ႔ တူခ်ယ္က ခံစားေနရေပမယ့္ ဆုိးလ္ရွားရဲ႕အသင္းကို ရႈံးခဲ့တာဟာ သူ႔အတြက္ ေနာင္တရမဆုံးအျဖစ္ က်န္ရစ္ခဲ့ပါတယ္။
”အဲဒါဟာ ကားတုိက္မႈတစ္ခုလုိပါပဲ။ အလင္းေရာင္က စိမ္းသြားၿပီး ကၽြန္ေတာ္တို႔ ျပင္းျပင္းထန္ထန္အတိုက္ခံလိုက္ရတာပါ။ တကယ္လုိ႔ ကၽြန္ေတာ္တုိ႔ တစ္ခုခုကို လ်စ္လ်ဴ ရႈမိခဲ့ရင္ ဘာမွားသြားသလဲဆုိတာကို သိခ်င္သြားတယ္။ ေသခ်ာတာကေတာ့ ကၽြန္ေတာ္တို႔ တစ္ခုခုကို လ်စ္လ်ဴ ရႈမိတာပါ။ အဲဒီႏွစ္ပြဲၾကားထဲမွာ ကၽြန္ေတာ့္သမီးေက်ာင္းက လူေတြနဲ႔ တစ္ၿမိဳ႕လုံးက လူေတြက ဒီတစ္ခါေတာ့ အဆင္ေျပၿပီလို႔ ေျပာေနၾကတာပါ။ ကၽြန္ေတာ္တို႔ ေနာက္တစ္ဆင့္တက္ႏိုင္မယ္လုိ႔လည္း လူတုိင္းက ထင္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ မျဖစ္ခဲ့ဘူး။ အဲဒါၿပီးေတာ့ အားလုံးက အရင္ႏွစ္ေတြက အတုိင္းပါပဲလားလုိ႔ ေျပာၾကပါတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ မတူဘူးလို႔ ထင္ပါတယ္”လို႔ တူခ်ယ္က ရုပ္သံတစ္ခုမွာ ေျပာခဲ့တာပါ။