ချန်ပီယံလိဂ်က ပြုတ်လာတဲ့အသင်းတွေကို ယူရိုပါလိဂ်မှာ ဆင်းကစားခိုင်းတာဟာ အဓိပ္ပါယ်မရှိဘူးလို့ မော်ရင်ဟို ဝေဖန်

ရိုးမားအသင်းနာမည်ကျော်နည်းပြဖြစ်သူ မော်ရင်ဟိုဟာ ချန်ပီယံလိဂ်က

ထွက်ရတဲ့အသင်းတွေကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ပေးထားတဲ့

UEFA ရဲ့ စည်းမျဥ်းအပေါ် ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ရိုးမားအသင်းဟာ

ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့မှာ ဆိုစီဒက်နဲ့

ဂိုးမရှိသရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၂-ဝ)ဂိုးနဲ့

နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သလို ကွာတားဖိုင်နယ်မှာ

ပြီးခဲ့တဲ့ရာသီ UEFA Europa Conference League ဗိုလ်လုပွဲတုန်းက

ရင်ဆိုင်ခဲ့ရတဲ့ ဖီယင်နုနဲ့ ပြန်လည်ဆုံတွေ့မှာဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ကနေ အုပ်စုတတိယနဲ့ ယူရိုပါလိဂ် ဆင်းခဲ့ရတဲ့

အသင်းတွေထဲက ဆီဗီလာ၊ လေဗာကူဆင်၊ စပို့တင်းလစ္စဘွန်း၊

ဂျူဗင်တပ်စ်တို့ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။

ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ ရှုံးထွက် Play off အဆင့်တုန်းက

ချန်ပီယံလိဂ်ကနေ ဆင်းလာတဲ့ ဆဲလ်ဘာ့ဂ်အသင်းနဲ့ဆုံတွေ့ခဲ့ပြီး

နှစ်ကျော့ပေါင်းရလဒ်(၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မော်ရင်ဟိုကတော့

ချန်ပီယံလိဂ်အုပ်စုတတိယအသင်းတွေကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ

ပါဝင်ကစားခွင့်ပေးတဲ့စည်းမျဉ်းအပေါ် သဘောမကျတာကြောင့်

အခုလို ဝေဖန်ပြောဆိုခဲ့ပါတယ်။ Sky Sport Italia နဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက

“ကျွန်တော့်အမြင်အရ ဒီပြိုင်ပွဲမှာ ကစားခွင့်မရသင့်တဲ့အသင်းတွေ ရှိနေပါတယ်။

ကလပ်အသင်းတစ်သင်းဟာ ပြိုင်ပွဲတစ်ခုကနေ ထွက်ရပြီဆိုရင် အိမ်ကိုပဲ

တစ်ခါတည်းပြန်သင့်ပါတယ်။ တကယ်လို့များ ချန်ပီယံလိဂ်က

ပြုတ်လာတဲ့အသင်းတစ်သင်းဟာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးသွားမယ်ဆိုရင်

အဲဒါက လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။

ရိုးမားအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့

ဆီဗီလာ၊ လေဗာကူဆင်၊ စပို့တင်းလစ္စဘွန်း၊ ဂျူဗင်တပ်စ်တို့အပြင်

မော်ရင်ဟိုရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တို့ကို ကံကောင်းထောက်မစွာနဲ့

ရှောင်လွှဲနိုင်ခဲ့ပြီး နယ်သာလန်ကလပ် ဖီယင်နုနဲ့သာ ဆုံတွေ့ရတာဖြစ်ပါတယ်။

ရိုးမားအသင်းအနေနဲ့ ဖီယင်နုကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်ခွင့်ရမယ်ဆိုရင်

လေဗာကူဆင်-Union Saint-Gilloise တို့ပွဲမှာ အနိုင်ရတဲ့အသင်းနဲ့

ရင်ဆိုင်ရမှာဖြစ်လို့ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

zawgyi

ခ်န္ပီယံလိဂ္က ျပဳတ္လာတဲ့အသင္းေတြကို ယူ႐ိုပါလိဂ္မွာ ဆင္းကစားခိုင္းတာဟာ အဓိပၸါယ္မရွိဘူးလို႔ ေမာ္ရင္ဟို ေဝဖန္

႐ိုးမားအသင္းနာမည္ေက်ာ္နည္းျပျဖစ္သူ ေမာ္ရင္ဟိုဟာ ခ်န္ပီယံလိဂ္က

ထြက္ရတဲ့အသင္းေတြကို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ကစားခြင့္ေပးထားတဲ့

UEFA ရဲ႕ စည္းမ်ဥ္းအေပၚ ေဝဖန္ျပစ္တင္လိုက္ပါတယ္။ ႐ိုးမားအသင္းဟာ

ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့မွာ ဆိုစီဒက္နဲ႔

ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္းရလဒ္ (၂-ဝ)ဂိုးနဲ႔

ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့သလို ကြာတားဖိုင္နယ္မွာ

ၿပီးခဲ့တဲ့ရာသီ UEFA Europa Conference League ဗိုလ္လုပြဲတုန္းက

ရင္ဆိုင္ခဲ့ရတဲ့ ဖီယင္ႏုနဲ႔ ျပန္လည္ဆုံေတြ႕မွာျဖစ္ပါတယ္။

ဒီရာသီ ခ်န္ပီယံလိဂ္ကေန အုပ္စုတတိယနဲ႔ ယူ႐ိုပါလိဂ္ ဆင္းခဲ့ရတဲ့

အသင္းေတြထဲက ဆီဗီလာ၊ ေလဗာကူဆင္၊ စပို႔တင္းလစၥဘြန္း၊

ဂ်ဴဗင္တပ္စ္တို႔ဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္ကို ေရာက္ရွိေနပါတယ္။

႐ိုးမားအသင္းဟာ ၿပီးခဲ့တဲ့ ရႈံးထြက္ Play off အဆင့္တုန္းက

ခ်န္ပီယံလိဂ္ကေန ဆင္းလာတဲ့ ဆဲလ္ဘာ့ဂ္အသင္းနဲ႔ဆုံေတြ႕ခဲ့ၿပီး

ႏွစ္ေက်ာ့ေပါင္းရလဒ္(၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ေမာ္ရင္ဟိုကေတာ့

ခ်န္ပီယံလိဂ္အုပ္စုတတိယအသင္းေတြကို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ

ပါဝင္ကစားခြင့္ေပးတဲ့စည္းမ်ဥ္းအေပၚ သေဘာမက်တာေၾကာင့္

အခုလို ေဝဖန္ေျပာဆိုခဲ့ပါတယ္။ Sky Sport Italia နဲ႔ အင္တာဗ်ဴးမွာ ေမာ္ရင္ဟိုက

“ကြၽန္ေတာ့္အျမင္အရ ဒီၿပိဳင္ပြဲမွာ ကစားခြင့္မရသင့္တဲ့အသင္းေတြ ရွိေနပါတယ္။

ကလပ္အသင္းတစ္သင္းဟာ ၿပိဳင္ပြဲတစ္ခုကေန ထြက္ရၿပီဆိုရင္ အိမ္ကိုပဲ

တစ္ခါတည္းျပန္သင့္ပါတယ္။ တကယ္လို႔မ်ား ခ်န္ပီယံလိဂ္က

ျပဳတ္လာတဲ့အသင္းတစ္သင္းဟာ ယူ႐ိုပါလိဂ္ဖလား ဆြတ္ခူးသြားမယ္ဆိုရင္

အဲဒါက လုံးဝအဓိပၸါယ္မရွိဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

႐ိုးမားအသင္းဟာ ကြာတားဖိုင္နယ္အဆင့္မွာ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရတဲ့

ဆီဗီလာ၊ ေလဗာကူဆင္၊ စပို႔တင္းလစၥဘြန္း၊ ဂ်ဴဗင္တပ္စ္တို႔အျပင္

ေမာ္ရင္ဟိုရဲ႕ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တို႔ကို ကံေကာင္းေထာက္မစြာနဲ႔

ေရွာင္လႊဲႏိုင္ခဲ့ၿပီး နယ္သာလန္ကလပ္ ဖီယင္ႏုနဲ႔သာ ဆုံေတြ႕ရတာျဖစ္ပါတယ္။

႐ိုးမားအသင္းအေနနဲ႔ ဖီယင္ႏုကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္တက္ခြင့္ရမယ္ဆိုရင္

ေလဗာကူဆင္-Union Saint-Gilloise တို႔ပြဲမွာ အႏိုင္ရတဲ့အသင္းနဲ႔

ရင္ဆိုင္ရမွာျဖစ္လို႔ ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။