ချန်ပီယံလိဂ်က နေမာနဲ့ပီအက်စ်ဂျီတို့ရဲ့လှောင်ပြောင်မှုကို ဗွေမယူတဲ့ဟာလန်း

photo-metro

photo-daily mail

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေရပ်မသွားခင် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတုန်းက နေမာနဲ့ပီအက်စ်ဂျီအသင်းဖော်တွေရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပေမယ့် ဒေါ့မန်တိုက်စစ်မှုးဟာလန်းဟာ ဗွေမယူခဲ့တဲ့အပြင် ကျေးဇူးတင်စကားတောင် ဆိုသွားလိုက်ပါတယ်။ ပဲရစ်မှာကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဒေါ့မန်တို့ရဲ့ချန်ပီယံလိဂ်ဒုတိယအကျော့မှာ နေမာက ဦးဆောင်ဂိုးသွင်းပြီး ဟာလန်းလို တရားထိုင်တဲ့ပုံစံအောင်ပွဲခံခဲ့သလို ပွဲအပြီးမှာလည်း နေမာဦးဆောင်တဲ့ ပီအက်စ်ဂျီတစ်သင်းလုံးဟာ ဟာလန်ရဲ့အောင်ပွဲခံပုံစံအတိုင်း ထပ်မံပြုလုပ်ကာ လှောင်ပြောင်ခဲ့ကြပါတယ်။

photo-social media

ပြိုင်ဘက်လူငယ်ကစားသမားလေးတစ်ယောက်ကို ဒီလိုအသင်းလိုက်လှောင်ခဲ့တာနဲ့ပတ်သက်လို့ ပီအက်စ်ဂျီဟာ အကြီးအကျယ်ဝေဖန်ခြင်း ခံခဲ့ရသလို ယူအီးအက်ဖ်အေကတောင် သတိပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဟာလန်းဟာ ၂ ဂိုးသွင်းခဲ့တဲ့ ပထမအကျော့မှာ သူ့ရဲ့trademark လိုဖြစ်နေတဲ့ တရားထိုင်တဲ့ပုံစံအောင်ပွဲခံခဲ့တာပါ။ ဒါပေမဲ့ ဒုတိယအကျော့မတိုင်ခင်မှာ ပဲရစ်ဟာ သူ့ရဲ့မြို့ပါလို့ ဟာလန်းပုံနဲ့ ပို့စ်အတုတစ်ခုဟာ ဆိုရှယ်မီဒီယာတစ်ခုပေါ် ပျံ့နှံ့ခဲ့ပြီး အဲဒါနဲ့ပတ်သက်လို့ နေမာဦးဆောင်တဲ့ပီအက်စ်ဂျီအသင်းသားတွေက အခုလိုတုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

photo-gettyimages

နေမာတို့အုပ်စုက အခုလိုလှောင်ခဲ့တာကို စိတ်ပျက်မိလားလို့ မေးမြန်းတော့ ဟာလန်းက ”နိုး၊ တကယ်ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်ကို တရားအများကြီးထိုင်အောင်နဲ့ တရားထိုင်တာဟာ အရေးကြီးတဲ့အရာတစ်ခုဆိုတာ တစ်ကမ္ဘာလုံးကို ပြသဖို့ သူတို့ ကျွန်တော့်ကို ကူညီပေးလိုက်တာလို့ပဲ ထင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့အဲဒီကူညီမှုအတွက် ကျေးဇူးတင်မိပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

[Zawgyi]

ခ်န္ပီယံလိဂ္က ေနမာနဲ႔ပီအက္စ္ဂ်ီတုိ႔ရဲ႕ေလွာင္ေျပာင္မႈကို ေဗြမယူတဲ့ဟာလန္း

ကုိရိုနာဗုိင္းရပ္စ္ေၾကာင့္ ေဘာလုံးပြဲေတြရပ္မသြားခင္ ေနာက္ဆုံးကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲတုန္းက ေနမာနဲ႔ပီအက္စ္ဂ်ီအသင္းေဖာ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းခံခဲ့ရေပမယ့္ ေဒါ့မန္တုိက္စစ္မႈးဟာလန္းဟာ ေဗြမယူခဲ့တဲ့အျပင္ ေက်းဇူးတင္စကားေတာင္ ဆိုသြားလိုက္ပါတယ္။ ပဲရစ္မွာကစားခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႔ ေဒါ့မန္တို႔ရဲ႕ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့မွာ ေနမာက ဦးေဆာင္ဂိုးသြင္းၿပီး ဟာလန္းလို တရားထိုင္တဲ့ပုံစံေအာင္ပြဲခံခဲ့သလို ပြဲအၿပီးမွာလည္း ေနမာဦးေဆာင္တဲ့ ပီအက္စ္ဂ်ီတစ္သင္းလုံးဟာ ဟာလန္ရဲ႕ေအာင္ပြဲခံပုံစံအတုိင္း ထပ္မံျပဳလုပ္ကာ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

ၿပိဳင္ဘက္လူငယ္ကစားသမားေလးတစ္ေယာက္ကို ဒီလိုအသင္းလုိက္ေလွာင္ခဲ့တာနဲ႔ပတ္သက္လို႔ ပီအက္စ္ဂ်ီဟာ အႀကီးအက်ယ္ေ၀ဖန္ျခင္း ခံခဲ့ရသလုိ ယူအီးအက္ဖ္ေအကေတာင္ သတိေပးရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ ဟာလန္းဟာ ၂ ဂိုးသြင္းခဲ့တဲ့ ပထမအေက်ာ့မွာ သူ႔ရဲ႕trademark လုိျဖစ္ေနတဲ့ တရားထိုင္တဲ့ပုံစံေအာင္ပြဲခံခဲ့တာပါ။ ဒါေပမဲ့ ဒုတိယအေက်ာ့မတိုင္ခင္မွာ ပဲရစ္ဟာ သူ႔ရဲ႕ၿမိဳ႕ပါလုိ႔ ဟာလန္းပုံနဲ႔ ပို႔စ္အတုတစ္ခုဟာ ဆိုရွယ္မီဒီယာတစ္ခုေပၚ ပ်ံ႔ႏွံ႔ခဲ့ၿပီး အဲဒါနဲ႔ပတ္သက္လို႔ ေနမာဦးေဆာင္တဲ့ပီအက္စ္ဂ်ီအသင္းသားေတြက အခုလုိတုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ေနမာတုိ႔အုပ္စုက အခုလုိေလွာင္ခဲ့တာကို စိတ္ပ်က္မိလားလို႔ ေမးျမန္းေတာ့ ဟာလန္းက ”ႏိုး၊ တကယ္ဘာမွမျဖစ္ပါဘူး။ ကၽြန္ေတာ့္ကို တရားအမ်ားႀကီးထိုင္ေအာင္နဲ႔ တရားထိုင္တာဟာ အေရးႀကီးတဲ့အရာတစ္ခုဆိုတာ တစ္ကမာၻလုံးကို ျပသဖို႔ သူတုိ႔ ကၽြန္ေတာ့္ကို ကူညီေပးလိုက္တာလုိ႔ပဲ ထင္ပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕အဲဒီကူညီမႈအတြက္ ေက်းဇူးတင္မိပါတယ္”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။