ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့လူကာကူကို Twitter ပေါ်မှာ Troll လိုက်တဲ့ မန်ယူအသင်းဖော်ဟောင်းလုခ်ရှော

photo-daily mail

photo-gettyimages

လူကာကူရဲ့အင်တာမီလန်အသင်း ချန်ပီယံလိဂ်က ထွက်ခဲ့ရတာကို ကြည့်ပြီးတဲ့နောက် သူူ့ရဲ့မန်ယူအသင်းဖော်ဟောင်းလုခ်ရှောတစ်ယောက် အတော်လေးပျော်သွားပုံရပြီး အဲဒါကို ဆိုရှယ်မီဒီယာပေါ်မှာ ရယ်သွေးတဲ့သဘောအနေနဲ့ Troll  လိုက်ပါတယ်။ အင်တာဟာ အုပ်စုနောက်ဆုံးပွဲစဉ်အိမ်ကွင်းမှာ ဘာစီလိုနာကို ၂-၁ ဂိုးနဲ့ရှုံးခဲ့တာဖြစ်ပြီး အဲဒီအတွက် ယူရိုပါလိဂ်ရှုံးထွက်အဆင့်မှာ ဆင်းကစားရတော့မှာပါ။ တစ်ဆက်တည်းမှာပဲ အင်တာဟာ လာမယ့်တနင်္လာနေ့ပြုလုပ်မယ့် ယူရိုပါလိဂ် ၃၂ သင်းအဆင့်အတွက် မဲခွဲပွဲမှာ မန်ယူနဲ့တွေ့ဆုံနိုင်ခြေလည်း ရှိနေပါတယ်။

photo-AP

အင်တာရဲ့ရှုံးပွဲအပြီး ၂ နာရီအကြာလောက်မှာ လုခ်ရှောဘက်က သူ့ရဲ့မန်ယူအသင်းဖော်ဟောင်းကို သရော်ရတဲ့အကြောင်းအရင်းများစွာလည်း ရှိနေပါတယ်။ သူဟာ Twitter ပေါ်က လူကာကူရဲ့ပို့အဟောင်းအောက်မှာ မန့်ခဲ့တာပါ။ လူကာကူရဲ့အဲဒီပို့စ်အဟောင်းမှာ ပြုံးနေတဲ့ emojiနဲ့အတူ ချန်ပီယံလိဂ်ရဲ့အတိုကောက်စာလုံးဖြစ်တဲ့ UCL လို့ caption ထိုးထားတာပါ။ အဲဒီပို့စ်ကို လုပ်ခ်ရှောက ပြန် share ကာ welcome back ပြန်လည်ကြိုဆိုပါတယ်ဆိုပြီး Troll ခဲ့တာပါ။

photo-social media

နောက်ဆုံးတော့လည်း လူကာကူဟာ သူ့မန်ယူအသင်းဖော်ဟောင်းတွေလိုပဲ ယူရိုပါလိဂ်မှာ ကစားရတော့မှာပါ။ ဒါ့အပြင် လုခ်ရှောဟာ ရာသီအစက သူ့အပေါ်လူကာကူလုပ်ခဲ့တာနဲ့ပတ်သက်လို့ ပြန်လည်လက်စားချေလိုက်တာလည်း  ဖြစ်ပါတယ်။ အီတလီကိုမသွားခင်တုန်းက လူကာကူဟာ မန်ယူတစ်သင်းလုံးရဲ့တာတိုပြေးအားနဲ့ပတ်သက်တဲ့အချက်အလက်တွေကို Twitter ပေါ်တင်ခဲ့ပြီး အဲဒီမှာ လုခ်ရှောရဲ့တာတိုပြေးအားဟာ မာတာနဲ့မာတစ်တို့လို မန်ယူရဲ့စီနီယာတွေထက်တောင် ပိုနှေးနေခဲ့တာပါ။ ဒါကြောင့်လည်း အဲဒီအချိန်တုန်းက လုခ်ရှောဟာ Twitter ပေါ်မှာ အလှောင်ခံခဲ့ရဖူးပါတယ်။

[Zawgyi]

ခ်န္ပီယံလိဂ္က ထြက္ခဲ့ရတဲ့လူကာကူကို Twitter ေပၚမွာ Troll လုိက္တ့ဲ မန္ယူအသင္းေဖာ္ေဟာင္းလုခ္ေရွာ

လူကာကူရဲ႕အင္တာမီလန္အသင္း ခ်န္ပီယံလိဂ္က ထြက္ခဲ့ရတာကို ၾကည့္ၿပီးတဲ့ေနာက္ သူူ႔ရဲ႕မန္ယူအသင္းေဖာ္ေဟာင္းလုခ္ေရွာတစ္ေယာက္ အေတာ္ေလးေပ်ာ္သြားပုံရၿပီး အဲဒါကို ဆိုရွယ္မီဒီယာေပၚမွာ ရယ္ေသြးတဲ့သေဘာအေနနဲ႔ Troll  လိုက္ပါတယ္။ အင္တာဟာ အုပ္စုေနာက္ဆုံးပြဲစဥ္အိမ္ကြင္းမွာ ဘာစီလိုနာကို ၂-၁ ဂိုးနဲ႔ရံႈးခဲ့တာျဖစ္ၿပီး အဲဒီအတြက္ ယူရိုပါလိဂ္ရႈံးထြက္အဆင့္မွာ ဆင္းကစားရေတာ့မွာပါ။ တစ္ဆက္တည္းမွာပဲ အင္တာဟာ လာမယ့္တနလၤာေန႔ျပဳလုပ္မယ့္ ယူရုိပါလိဂ္ ၃၂ သင္းအဆင့္အတြက္ မဲခြဲပြဲမွာ မန္ယူနဲ႔ေတြ႕ဆုံႏိုင္ေျခလည္း ရွိေနပါတယ္။

အင္တာရဲ႕ရႈံးပြဲအၿပီး ၂ နာရီအၾကာေလာက္မွာ လုခ္ေရွာဘက္က သူ႔ရဲ႕မန္ယူအသင္းေဖာ္ေဟာင္းကို သေရာ္ရတဲ့အေၾကာင္းအရင္းမ်ားစြာလည္း ရွိေနပါတယ္။ သူဟာ Twitter ေပၚက လူကာကူရဲ႕ပုိ႔အေဟာင္းေအာက္မွာ မန္႔ခဲ့တာပါ။ လူကာကူရဲ႕အဲဒီပို႔စ္အေဟာင္းမွာ ၿပဳံးေနတဲ့ emojiနဲ႔အတူ ခ်န္ပီယံလိဂ္ရဲ႕အတိုေကာက္စာလုံးျဖစ္တဲ့ UCL လို႔ caption ထုိးထားတာပါ။ အဲဒီပို႔စ္ကို လုပ္ခ္ေရွာက ျပန္ share ကာ welcome back ျပန္လည္ႀကိဳဆိုပါတယ္ဆိုၿပီး Troll ခဲ့တာပါ။

ေနာက္ဆုံးေတာ့လည္း လူကာကူဟာ သူ႔မန္ယူအသင္းေဖာ္ေဟာင္းေတြလုိပဲ ယူရိုပါလိဂ္မွာ ကစားရေတာ့မွာပါ။ ဒါ့အျပင္ လုခ္ေရွာဟာ ရာသီအစက သူ႔အေပၚလူကာကူလုပ္ခဲ့တာနဲ႔ပတ္သက္လို႔ ျပန္လည္လက္စားေခ်လိုက္တာလည္း  ျဖစ္ပါတယ္။ အီတလီကိုမသြားခင္တုန္းက လူကာကူဟာ မန္ယူတစ္သင္းလုံးရဲ႕တာတိုေျပးအားနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို Twitter ေပၚတင္ခဲ့ၿပီး အဲဒီမွာ လုခ္ေရွာရဲ႕တာတိုေျပးအားဟာ မာတာနဲ႔မာတစ္တို႔လို မန္ယူရဲ႕စီနီယာေတြထက္ေတာင္ ပိုေႏွးေနခဲ့တာပါ။ ဒါေၾကာင့္လည္း အဲဒီအခ်ိန္တုန္းက လုခ္ေရွာဟာ Twitter ေပၚမွာ အေလွာင္ခံခဲ့ရဖူးပါတယ္။