ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ နိုင်ငံတူကလပ်တွေ ထိပ်တိုက်တွေ့ဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေကို အခုတစ်ပတ်အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ အပြီးသတ်ကစားခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို အသင်းကြီးအများစုတက်ရောက်နိုင်ခဲ့ကြပါတယ်။

ကွာတားဖိုင်နယ်တက်ခဲ့ကြတဲ့အသင်းတွေကတော့ ပရီးမီးယားလိဂ်က မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ ဘွန်ဒစ်လီဂါကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဒေ့ါမွန်၊ လာလီဂါထိပ်သီး ရီးယဲလ်၊ ပြင်သစ်လီဂူးနာမည်ကျော် PSG နဲ့ ပေါ်တူဂီက ပေါ်တိုအသင်းတို့တက်ရောက်ခဲ့ကြတာပါ။

အသင်းကြီးတွေကြားထဲမှာ ပေါ်တိုတစ်သင်းက ထူးထူးခြားခြားပါဝင်နေပြီး ပြီးခဲ့တဲ့ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းကို မထင်မှတ်ဘဲကျော်ဖြတ်နိုင်ခဲ့တာကြောင့် (၃)ရာသီအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ကွာတားဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာ ဆီဒင်သတ်မှတ်ချက်၊ နိုင်ငံတူအသင်းတွေ မတွေ့ရဆိုတဲ့ စည်းကမ်းတွေမရှိတော့တာကြောင့် ပရီးမီးယားလိဂ်(၃)သင်းဖြစ်တဲ့ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့ထဲက (၂)သင်းဟာ အချင်းချင်ပြန်ဆုံတွေ့နိုင်သလို၊ ဘွန်ဒစ်လီဂါ(၂)သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေ့ါမွန်တို့ကလည်း ထိပ်တိုက်တွေ့နိုင်တဲ့အခြေအနေရှိနေပါပြီ။

ဒါ့အပြင် အခုအဆင့်ကို ရောက်ခဲ့ကြတာက ဥရောပထိပ်သီးအသင်းတွေဖြစ်ကြတာကြောင့် ဘယ်လိုအတွဲအဖက်တွေပဲ ထွက်ပေါ်သည်ဖြစ်ပါစေ အကြိတ်အနယ်ရှိမှာအမှန်ပါပဲ။ ဒီထဲမှာ ပေါ်တိုအသင်းက အားအနည်းဆုံးဖြစ်တာကြောင့် ပေါ်တိုအသင်းနဲ့ ဆုံတွေ့မယ့်အသင်းက နည်းနည်းတော့ပွဲချောင်တယ်လို့ပဲ ပြောရမှာပါ။

(၁)နှစ်အတွင်း ဆုဖလား(၆)ခုအထိရယူခဲ့ပြီး ချန်ပီယံလိဂ်လက်ရှိချန်ပီယံလည်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးယဲလ်အသင်း(၂၀၁၅-၁၆၊ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈)နောက်ပိုင်း ချန်ပီယံဘွဲ့ကာကွယ်နိုင်မယ့်အသင်းအဖြစ် မှတ်တမ်းဝင်နိုင်မလားဆိုတာလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အတွက် မဲခွဲပွဲအခမ်းအနားကို မနက်ဖြန်(သောကြာနေ့)မှာ ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာရှိတဲ့ UEFA ရုံးချုပ်မှာကျင်းပသွားမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ မြန်မာစံတော်ချိန်ညနေ (၅:၃၀)အချိန်ကျရင် UEFA Official Website မှာတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲတွေကို ဧပြီလ(၆၊၇)ရက်တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲတွေကိုတော့ ဧပြီ(၁၃၊၁၄)ရက်တွေမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ႏိုင္ငံတူကလပ္ေတြ ထိပ္တိုက္ေတြ႕ဖို႔ရွိေန

ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္ေတြကို အခုတစ္ပတ္အဂၤါ၊ ဗုဒၶဟူးေန႔ေတြမွာ အၿပီးသတ္ကစားခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို အသင္းႀကီးအမ်ားစုတက္ေရာက္ႏိုင္ခဲ့ၾကပါတယ္။ ကြာတားဖိုင္နယ္တက္ခဲ့ၾကတဲ့အသင္းေတြကေတာ့ ပရီးမီးယားလိဂ္က မန္စီးတီး၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ ဘြန္ဒစ္လီဂါကလပ္ေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္၊ ေဒ့ါမြန္၊ လာလီဂါထိပ္သီး ရီးယဲလ္၊ ျပင္သစ္လီဂူးနာမည္ေက်ာ္ PSG နဲ႔ ေပၚတူဂီက ေပၚတိုအသင္းတို႔တက္ေရာက္ခဲ့ၾကတာပါ။ အသင္းႀကီးေတြၾကားထဲမွာ ေပၚတိုတစ္သင္းက ထူးထူးျခားျခားပါဝင္ေနၿပီး ၿပီးခဲ့တဲ့ရႈံးထြက္(၁၆)သင္းအဆင့္တုန္းက စီေရာ္နယ္လ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္အသင္းကို မထင္မွတ္ဘဲေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ (၃)ရာသီအတြင္း ဒုတိယအႀကိမ္ေျမာက္အျဖစ္ ကြာတားဖိုင္နယ္အဆင့္အထိတက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ကြာတားဖိုင္နယ္အဆင့္မွာ ဆီဒင္သတ္မွတ္ခ်က္၊ ႏိုင္ငံတူအသင္းေတြ မေတြ႕ရဆိုတဲ့ စည္းကမ္းေတြမရွိေတာ့တာေၾကာင့္ ပရီးမီးယားလိဂ္(၃)သင္းျဖစ္တဲ့ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္တို႔ထဲက (၂)သင္းဟာ အခ်င္းခ်င္ျပန္ဆုံေတြ႕ႏိုင္သလို၊ ဘြန္ဒစ္လီဂါ(၂)သင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ေဒ့ါမြန္တို႔ကလည္း ထိပ္တိုက္ေတြ႕ႏိုင္တဲ့အေျခအေနရွိေနပါၿပီ။ ဒါ့အျပင္ အခုအဆင့္ကို ေရာက္ခဲ့ၾကတာက ဥေရာပထိပ္သီးအသင္းေတြျဖစ္ၾကတာေၾကာင့္ ဘယ္လိုအတြဲအဖက္ေတြပဲ ထြက္ေပၚသည္ျဖစ္ပါေစ အႀကိတ္အနယ္ရွိမွာအမွန္ပါပဲ။ ဒီထဲမွာ ေပၚတိုအသင္းက အားအနည္းဆုံးျဖစ္တာေၾကာင့္ ေပၚတိုအသင္းနဲ႔ ဆုံေတြ႕မယ့္အသင္းက နည္းနည္းေတာ့ပြဲေခ်ာင္တယ္လို႔ပဲ ေျပာရမွာပါ။ (၁)ႏွစ္အတြင္း ဆုဖလား(၆)ခုအထိရယူခဲ့ၿပီး ခ်န္ပီယံလိဂ္လက္ရွိခ်န္ပီယံလည္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ရီးယဲလ္အသင္း(၂၀၁၅-၁၆၊ ၂၀၁၆-၁၇၊ ၂၀၁၇-၁၈)ေနာက္ပိုင္း ခ်န္ပီယံဘြဲ႕ကာကြယ္ႏိုင္မယ့္အသင္းအျဖစ္ မွတ္တမ္းဝင္ႏိုင္မလားဆိုတာလည္း ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အတြက္ မဲခြဲပြဲအခမ္းအနားကို မနက္ျဖန္(ေသာၾကာေန႔)မွာ ဆြစ္ဇာလန္ႏိုင္ငံ၊ နီယြန္ၿမိဳ႕မွာရွိတဲ့ UEFA ႐ုံးခ်ဳပ္မွာက်င္းပသြားမွာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ ျမန္မာစံေတာ္ခ်ိန္ညေန (၅:၃၀)အခ်ိန္က်ရင္ UEFA Official Website မွာတိုက္႐ိုက္ၾကည့္ရႈႏိုင္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲေတြကို ဧၿပီလ(၆၊၇)ရက္ေတြမွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ပြဲေတြကိုေတာ့ ဧၿပီ(၁၃၊၁၄)ရက္ေတြမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။