ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရတော့မယ့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေဟာ ယခုအပတ်အတွင်း မှာ ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရနိုင်တယ်လို့ သိရပါတယ်။

အဲဒီဥရောပအသင်းကြီး ၃သင်းဟာ စူပါလိဂ်ကစားဖို့ ကြံရွယ်နေတာကြောင့် စည်းကမ်းပိုင်းဆိုင်ရာအရ အပြစ်ပေးခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရတာပါ။

အဲဒီအသင်းတွေက ၎င်းတို့တွင်လည်း အီးယူရဲ့စည်းမျဉ်းဥပဒေအရပြိုင်ပွဲသစ်ကျင်းပခွင့်ရှိနေပြီး ယူအီးအက်ဖ်အေနှင့်ဖီဖာတို့ကဝင်ရောက်တားဆီးနိုင်ခြင်းမရှိဟုဆိုထားကြပါတယ်။

ဘောလုံးလောကအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ်စေခဲ့တဲ့ အဲဒီပြိုင်ပွဲကနေ ဒါဇင်နဲ့ချီတဲ့ အသင်းကြီးတွေထွက်သွားချိန်မှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေသာ ကျန်တော့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာကတော့ တကယ်လို့ယူအီးအက်ဖ်အေကအရေးယူမှုပြုလုပ်လာပါက အားကစားသမာဓိခုံရုံးတွင်ဖြေရှင်းသွားမှာ ဖြစ်ကြောင်းကြေညာထားပါတယ်။

လာပေါ်တာက “တောင်းပန်မှုမလုပ်လို့အရေးယူခြင်းခံရမယ်ဆိုရင် အားကစားသမာဓိခုံရုံးကိုသွားမယ်လို့ ယူအီးအက်ဖ်အေဥက္ကဌကို ပြောကြားထားပြီးပါပြီ။

ကျွန်တော်တို့ကို တရားမမျှမတဆုံးဖြတ်လာတာဖြစ်လို့အဲဒီလိုစီစဉ်ထားရတာပါ။”

“ဘာစီလိုနာအတွက် ကျွန်တော်တို့တိုက်ပွဲဝင်ပါမယ်။

ခေတ်သစ်ဘောလုံးလောကနဲ့ထိုက်တန်တဲ့အရာအတွက်တိုက်ပွဲဝင်ပါမယ်။ အခုအချိန်မှာ ကလပ်တိုင်းကငွေတွေဆုံးရှုံးနေတာပါ”လို့ပြောထားပါတယ်။

စူပါလိဂ်နဲ့ ပတ်သက်ဆက်နွယ်ခဲ့တဲ့ အခြားအသင်း၉သင်းဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်၊ အက်သလက်တီကို၊ အာဆင်နယ်၊ လီဗာပူး၊

ယူနိုက်တက်၊ တော့တင်ဟမ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကတော့ ယူအီးအက်ဖ်အေကို တောင်းပန်စာ လက်မှတ်ရေးထိုးခဲ့ကာ ဘောလုံးလောက တိုးတက်ရေးအတွက် ပေါင် ၁၂.၉သန်း ကူညီဖို့ သဘောတူခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ကေန ထုတ္ပယ္ခံရေတာ့မယ့္ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာႏွင့္ ဂ်ဴဗင္တပ္စ္

ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြဟာ ယခုအပတ္အတြင္း မွာ ခ်န္ပီယံလိဂ္ကစားခြင့္ ပိတ္ပင္ခံရႏိုင္တယ္လို႔ သိရပါတယ္။ အဲဒီဥေရာပအသင္းႀကီး ၃သင္းဟာ စူပါလိဂ္ကစားဖို႔ ႀကံ႐ြယ္ေနတာေၾကာင့္ စည္းကမ္းပိုင္းဆိုင္ရာအရ အျပစ္ေပးခံရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရတာပါ။

အဲဒီအသင္းေတြက ၎တို႔တြင္လည္း အီးယူရဲ႕စည္းမ်ဥ္းဥပေဒအရၿပိဳင္ပြဲသစ္က်င္းပခြင့္ရွိေနၿပီး ယူအီးအက္ဖ္ေအႏွင့္ဖီဖာတို႔ကဝင္ေရာက္တားဆီးႏိုင္ျခင္းမရွိဟုဆိုထားၾကပါတယ္။ ေဘာလုံးေလာကအတြက္ ႀကီးမားတဲ့ ႐ိုက္ခတ္မႈျဖစ္ေစခဲ့တဲ့ အဲဒီၿပိဳင္ပြဲကေန ဒါဇင္နဲ႔ခ်ီတဲ့ အသင္းႀကီးေတြထြက္သြားခ်ိန္မွာ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြသာ က်န္ေတာ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာကေတာ့ တကယ္လို႔ယူအီးအက္ဖ္ေအကအေရးယူမႈျပဳလုပ္လာပါက အားကစားသမာဓိခုံ႐ုံးတြင္ေျဖရွင္းသြားမွာ ျဖစ္ေၾကာင္းေၾကညာထားပါတယ္။ လာေပၚတာက “ေတာင္းပန္မႈမလုပ္လို႔အေရးယူျခင္းခံရမယ္ဆိုရင္ အားကစားသမာဓိခုံ႐ုံးကိုသြားမယ္လို႔ ယူအီးအက္ဖ္ေအဥကၠဌကို ေျပာၾကားထားၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ကို တရားမမွ်မတဆုံးျဖတ္လာတာျဖစ္လို႔အဲဒီလိုစီစဥ္ထားရတာပါ။”

“ဘာစီလိုနာအတြက္ ကြၽန္ေတာ္တို႔တိုက္ပြဲဝင္ပါမယ္။ ေခတ္သစ္ေဘာလုံးေလာကနဲ႔ထိုက္တန္တဲ့အရာအတြက္တိုက္ပြဲဝင္ပါမယ္။ အခုအခ်ိန္မွာ ကလပ္တိုင္းကေငြေတြဆုံးရႈံးေနတာပါ”လို႔ေျပာထားပါတယ္။

စူပါလိဂ္နဲ႔ ပတ္သက္ဆက္ႏြယ္ခဲ့တဲ့ အျခားအသင္း၉သင္းျဖစ္တဲ့ ေအစီမီလန္၊ အင္တာမီလန္၊ အက္သလက္တီကို၊ အာဆင္နယ္၊ လီဗာပူး၊ ယူႏိုက္တက္၊ ေတာ့တင္ဟမ္၊ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔ကေတာ့ ယူအီးအက္ဖ္ေအကို ေတာင္းပန္စာ လက္မွတ္ေရးထိုးခဲ့ကာ ေဘာလုံးေလာက တိုးတက္ေရးအတြက္ ေပါင္ ၁၂.၉သန္း ကူညီဖို႔ သေဘာတူခဲ့ပါတယ္။