ချန်ပီယံလိဂ်ကနေ စောစော မထွက်ရဖို့ ကြိုးစားရမယ်လို့ စီရော်နယ်လ်ဒို သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်း နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုက ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစောစီးစီး မထွက်ရဖို့အတွက် အခုကစားမယ့် ရှုံးထွက်(၁၆)သင်းအဆင့်မှာ အကောင်းဆုံးပုံစံပြသဖို့ လိုတယ်လို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၆-၁၇ ရာသီတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီး ရီးယဲလ်ကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်း ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရပြီး မနှစ်က ရှုံးထွက်(၁၆)သင်းအဆင့်၊ ၂၀၁၈-၁၉နဲ့ ၂၀၁၇-၁၈ ရာသီတွေမှာ အေဂျက်စ်၊ ရီးယဲလ်တို့ကို ရှုံးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၁၉၉၅-၉၆ရာသီတုန်းက ဆွတ်ခူးခဲ့ပြီး အဲဒီနောက်ပိုင်း ဗိုလ်လုပွဲ(၅)ကြိမ်အထိတက်ရောက်နိုင်ခဲ့ပေမယ့် တစ်ကြိမ်မှ ဗိုလ်မစွဲခဲ့ပါဘူး။

အဲဒါကြောင့် ချန်ပီယံလိဂ်အောင်မြင်မှုရရှိဖို့အတွက် ၂၀၁၈ ခုနှစ်မှာ စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ပြီး ချန်ပီယံဆုဖလားရရှိဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့အဖြစ် အဝေးကွင်းမှာ ပေါ်တိုနဲ့သွားရောက်ကစားရမှာဖြစ်လို့ အဲဒီပွဲမတိုင်ခင် စီရော်နယ်လ်ဒိုက သတိပေးစကားဆိုခဲ့တာပါ။

စီရော်နယ်လ်ဒိုက “ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကိုရောက်လာပြီဆိုတာနဲ့ ပိုပြီးသတိထားရတော့တာပါပဲ။ အသင်းတိုင်းကလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လာကြတာကြောင့် မထင်မှတ်တဲ့ ရလဒ်တွေထွက်ပေါ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့အသင်းဟာ ကိုယ်လိုချင်တဲ့နေရာကို မရောက်ဘဲ ဒီပြိုင်ပွဲကနေ စောစောစီးစီးထွက်ခဲ့ရပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီရာသီအပါအဝင် ရာသီတိုင်းမှာ အမြင့်ဆုံးအောင်မြင်မှုတွေရဖို့ ပစ်မှတ်ထားရမှာပါ။ အခုရင်ဆိုင်ရမယ့်အသင်း(ပေါ်တို)ကလည်း အသင်းကောင်းတစ်သင်းပါပဲ။ ဒီအဆင့်ကနေ ဗိုလ်လုပွဲရောက်တဲ့အထိ ခရီးရှည်ကြီးကို စတင်လျှောက်လှမ်းဖို့ အခုပွဲက ပထမဆုံးခြေလှမ်းဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝမှာ ကြီးမားတဲ့ ချန်ပီယံလိဂ်အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ ချန်ပီယံ(၁)ကြိမ်၊ ရီးယဲလ်အသင်းနဲ့ ချန်ပီယံ(၄)ကြိမ်အထိ ရရှိခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့(၂)ရာသီအတွင်း ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ်အောင်မြင်မှု မရယူပေးခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ အခုရာသီမှာ အသင်းအတွက် ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ကေန ေစာေစာ မထြက္ရဖို႔ ႀကိဳးစားရမယ္လို႔ စီေရာ္နယ္လ္ဒို သတိေပး

ဂ်ဴဗင္တပ္စ္အသင္း နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုက ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ေစာေစာစီးစီး မထြက္ရဖို႔အတြက္ အခုကစားမယ့္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အေကာင္းဆုံးပုံစံျပသဖို႔ လိုတယ္လို႔ အသင္းေဖာ္ေတြကို တိုက္တြန္းလိုက္ပါတယ္။ စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၁၆-၁၇ ရာသီတုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ခဲ့ၿပီး ရီးယဲလ္ကို ရႈံးနိမ့္ခဲ့လို႔ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ဒါေပမဲ့ အဲဒီေနာက္ပိုင္း ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ႐ုန္းကန္ခဲ့ရၿပီး မႏွစ္က ရႈံးထြက္(၁၆)သင္းအဆင့္၊ ၂၀၁၈-၁၉နဲ႔ ၂၀၁၇-၁၈ ရာသီေတြမွာ ေအဂ်က္စ္၊ ရီးယဲလ္တို႔ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ကေန လွည့္ျပန္ခဲ့ရတာပါ။

ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို ၁၉၉၅-၉၆ရာသီတုန္းက ဆြတ္ခူးခဲ့ၿပီး အဲဒီေနာက္ပိုင္း ဗိုလ္လုပြဲ(၅)ႀကိမ္အထိတက္ေရာက္ႏိုင္ခဲ့ေပမယ့္ တစ္ႀကိမ္မွ ဗိုလ္မစြဲခဲ့ပါဘူး။ အဲဒါေၾကာင့္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရရွိဖို႔အတြက္ ၂၀၁၈ ခုႏွစ္မွာ စီေရာ္နယ္လ္ဒိုကို ေခၚယူခဲ့ၿပီး ခ်န္ပီယံဆုဖလားရရွိဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့အျဖစ္ အေဝးကြင္းမွာ ေပၚတိုနဲ႔သြားေရာက္ကစားရမွာျဖစ္လို႔ အဲဒီပြဲမတိုင္ခင္ စီေရာ္နယ္လ္ဒိုက သတိေပးစကားဆိုခဲ့တာပါ။ စီေရာ္နယ္လ္ဒိုက “ခ်န္ပီယံလိဂ္မွာ ရႈံးထြက္အဆင့္ကိုေရာက္လာၿပီဆိုတာနဲ႔ ပိုၿပီးသတိထားရေတာ့တာပါပဲ။ အသင္းတိုင္းကလည္း အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္လာၾကတာေၾကာင့္ မထင္မွတ္တဲ့ ရလဒ္ေတြထြက္ေပၚေလ့ရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ကြၽန္ေတာ္တို႔အသင္းဟာ ကိုယ္လိုခ်င္တဲ့ေနရာကို မေရာက္ဘဲ ဒီၿပိဳင္ပြဲကေန ေစာေစာစီးစီးထြက္ခဲ့ရပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီရာသီအပါအဝင္ ရာသီတိုင္းမွာ အျမင့္ဆုံးေအာင္ျမင္မႈေတြရဖို႔ ပစ္မွတ္ထားရမွာပါ။ အခုရင္ဆိုင္ရမယ့္အသင္း(ေပၚတို)ကလည္း အသင္းေကာင္းတစ္သင္းပါပဲ။ ဒီအဆင့္ကေန ဗိုလ္လုပြဲေရာက္တဲ့အထိ ခရီးရွည္ႀကီးကို စတင္ေလွ်ာက္လွမ္းဖို႔ အခုပြဲက ပထမဆုံးေျခလွမ္းျဖစ္လာပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝမွာ ႀကီးမားတဲ့ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ၿပီး ယူႏိုက္တက္အသင္းနဲ႔ ခ်န္ပီယံ(၁)ႀကိမ္၊ ရီးယဲလ္အသင္းနဲ႔ ခ်န္ပီယံ(၄)ႀကိမ္အထိ ရရွိခဲ့သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့(၂)ရာသီအတြင္း ဂ်ဴဗင္တပ္စ္အသင္းကို ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ မရယူေပးခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ အခုရာသီမွာ အသင္းအတြက္ ဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။