ချန်ပီယံရှစ်ကလပ်နဲ့ခြေစမ်းပွဲမှာ ရှုံးသွားလို့ စပါးနဲ့ချဲလ်ဆီးပရိသတ်တွေရဲ့လှောင်ခြင်းခံနေရတဲ့အာဆင်နယ်

LONDON, ENGLAND - JUNE 10: of Arsenal during a friendly match between Arsenal and Brentford at Emirates Stadium on June 10, 2020 in London, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

photo-arsenal.com

photo-arsenal.com

ဗုဒ္ဓဟူးညက ကွင်းပိတ်ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ခြေစမ်းပွဲမှာ ၃-၂ နဲ့ရှုံးနိမ့်သွားခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ လန်ဒန်ပြိုင်ဘက်ပရိသတ်တွေရဲ့ ဆိုရှယ်မီဒီယာထက် လှောင်ပြောင်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ချန်ပီယံရှစ်ကလပ်နဲ့ အဲဒီခြေစမ်းပွဲမှာ နည်းပြအာတီတာဟာ တောင့်တင်းတဲ့လူစာရင်းကို အသုံးပြုခဲ့တာဖြစ်ပြီး ဂန်းနားတွေအတွက် ဂိုးတွေကို ဝီလော့ခ်နဲ့ လာကာဇက်တီတို့က သွင်းယူခဲ့တာပါ။

photo-arsenal.com

အာဆင်နယ်ဟာ အဲဒီပွဲမှာ ပထမပိုင်းပြီးချိန် ၁-၀ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘရန်ဖို့ဒ်ရဲ့ ၃ ဂိုးသွင်းယူခြင်းကို ခံခဲ့ရပါတယ်။ အာဆင်နယ်အနေနဲ့ ၄ ရက်တာကာလအတွင်းမှာ  နောက်ထပ်ချန်ပီယံရှစ်အသင်းတစ်သင်းနဲ့ ထပ်မံခြေစမ်းတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေတုန်းကတော့ ချန်ပီယံရှစ်အသင်းပဲဖြစ်တဲ့ ချာလ်တန်ကို ၆-၀ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

photo-arsenal.com

အခုနောက်ဆုံးရလဒ်နဲ့ပတ်သက်လို့ အာဆင်နယ်ပရိသတ်တွေကတော့ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုရင် လာမယ့်အပတ်ဆိုရင်ပဲ အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မှာပါ။ အာဆင်နယ်ဟာ ပြန်စတော့မယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာကို ရောက်ရှိနေပြီး လက်ကျန်ပွဲတွေမှာလည်း မန်စီးတီးအပြင် ဝုဗ်၊လက်စတာ၊စပါး၊လီဗာပူးတို့နဲ့ ပွဲကျပ်တွေဆက်တိုက်ကစားရဖို့ရှိတဲ့အတွက် လာမယ့်ရာသီ ဥရောပဝင်ခွင့်တစ်နေရာအတွက်က ရုန်းကန်ရနိုင်ပါတယ်။

[Zawgyi]

ခ်န္ပီယံရွစ္ကလပ္နဲ႔ေျခစမ္းပြဲမွာ ရႈံးသြားလို႔ စပါးနဲ႔ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ေလွာင္ျခငး္ခံေနရတဲ့အာဆင္နယ္

ဗုဒၶဟူးညက ကြင္းပိတ္ကစားခဲ့တဲ့ ဘရန္႔ဖို႔ဒ္နဲ႔ေျခစမ္းပြဲမွာ ၃-၂ နဲ႔ရႈံးနိမ့္သြားခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းဟာ လန္ဒန္ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ဆိုရွယ္မီဒီယာထက္ ေလွာင္ေျပာင္မႈနဲ႔ ႀကံဳေတြ႕ေနရပါတယ္။ ခ်န္ပီယံရွစ္ကလပ္နဲ႔ အဲဒီေျခစမ္းပြဲမွာ နည္းျပအာတီတာဟာ ေတာင့္တင္းတဲ့လူစာရင္းကို အသုံးျပဳခဲ့တာျဖစ္ၿပီး ဂန္းနားေတြအတြက္ ဂိုးေတြကို ၀ီေလာ့ခ္နဲ႔ လာကာဇက္တီတုိ႔က သြင္းယူခဲ့တာပါ။

အာဆင္နယ္ဟာ အဲဒီပြဲမွာ ပထမပုိင္းၿပီးခ်ိန္ ၁-၀ ဂိုးနဲ႔ဦးေဆာင္ႏို္င္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဘရန္ဖုိ႔ဒ္ရဲ႕ ၃ ဂိုးသြင္းယူျခင္းကို ခံခဲ့ရပါတယ္။ အာဆင္နယ္အေနနဲ႔ ၄ ရက္တာကာလအတြင္းမွာ  ေနာက္ထပ္ခ်န္ပီယံရွစ္အသင္းတစ္သင္းနဲ႔ ထပ္မံေျခစမ္းတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့စေနတုန္းကေတာ့ ခ်န္ပီယံရွစ္အသင္းပဲျဖစ္တဲ့ ခ်ာလ္တန္ကို ၆-၀ ဂိုးနဲ႔ အႏုိင္ရခဲ့တာပါ။

အခုေနာက္ဆုံးရလဒ္နဲ႔ပတ္သက္လို႔ အာဆင္နယ္ပရိသတ္ေတြကေတာ့ စိုးရိမ္ပူပန္ခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆုိရင္ လာမယ့္အပတ္ဆုိရင္ပဲ အာတီတာရဲ႕အသင္းဟာ ပရီးမီးယားလိဂ္ပြဲက်န္အျဖစ္ မန္စီးတီးနဲ႔ ရင္ဆိုင္ရေတာ့မွာပါ။ အာဆင္နယ္ဟာ ျပန္စေတာ့မယ့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕အမွတ္ေပးဇယားမွာ အဆင့္ ၉ ေနရာကို ေရာက္ရွိေနၿပီး လက္က်န္ပြဲေတြမွာလည္း မန္စီးတီးအျပင္ ၀ုဗ္၊လက္စတာ၊စပါး၊လီဗာပူးတုိ႔နဲ႔ ပြဲက်ပ္ေတြဆက္တိုက္ကစားရဖို႔ရွိတဲ့အတြက္ လာမယ့္ရာသီ ဥေရာပ၀င္ခြင့္တစ္ေနရာအတြက္က ရုန္းကန္ရႏိုင္ပါတယ္။