ချန်ပီယံပြိုင်ဘက်အသင်းက မာနီကို ဒိုင်ဗင်သမားလို့ စွပ်စွဲလိုက်တဲ့ ဂွါဒီယိုလာ

photo-sportbible

photo-gettyimages

နောက်တစ်ပတ်ရင်ဆိုင်တွေ့မယ့် ချန်ပီယံပြိုင်ဘက်လီဗာပူးနဲ့ ပွဲစဉ်မတိုင်ခင် မန်စီတီးနည်းပြဂွါဒီယိုလာဟာ ပြိုင်ဘက်အသင်းတိုက်စစ်မှုးမာနီကို ဒိုင်ဗင်သမားလို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ချန်ပီယံဆုအတွက် အဓိကပြိုင်ဆိုင်သူတွေဖြစ်ကြတဲ့ မန်စီးတီးနဲ့လီဗာပူးတို့ဟာ ပြီးခဲ့တဲ့စနေညပရီးမီးယားမှာ ရှုံးနေရာကနေ နောက်ကျဂိုးတွေသွင်းနိုင်ခဲ့လို့ ၂-၁ ရလဒ်တွေနဲ့ ခက်ခဲတဲ့နိုင်ပွဲကိုယ်စီရရှိခဲ့ကြတာပါ။ အဲဒီမှာ မာနီဟာ နာကျင်အချိန်ပို ၄ မိနစ်အရောက် ဗီလာဘက်ကို နောက်ကျအနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့် အစောပိုင်းတုန်းက ပြိုင်ဘက်ဧရိယာအတွင်း ဟန်ဆောင်ဒိုင်ဗင်ထိုးမှုနဲ့ အဝါကတ်ပြခံထားရတာပါ။

photo-gettyimages

အဲဒါဟာ ဂွါဒီယိုလာအတွက် အလွတ်ပေးစရာ မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် လီဗာပူးရခဲ့တဲ့ ၂ ဂိုးစလုံးဟာ မာနီကြောင့်ဖြစ်ပြီး အဲဒီဆီနီဂေါသားက ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ကာ သူ့ကြောင့်သာ မဟုတ်ရင် လီဗာပူးဟာ မန်စီးတီးနဲ့ ၃ မှတ်သာကွာတော့မှာပါ။ ဒါကို ဂွါဒီယိုလာတစ်ယောက်မကျေမချမ်းဖြစ်သွားပုံရပြီး ပွဲအပြီးမှာ မာနီရဲ့နောက်ကျဂိုးတွေအကြောင်းမေးမြန်းတော့ သူက”နောက်ပိုင်းနှစ်တွေအတွင်း လီဗာပူးမှာ အဲဒါမျိုးေျတွအများကြီးဖြစ်ခဲ့တာပါ။ အဲဒါက ဘာကြောင့်လဲဆိုတော့ မာနီဟာ Special Talent ရှိသူတစ်ယောက်ပါ။ တစ်ခါတစ်ရံ သူဒိုင်ဗင်ထိုးတယ်။ တစ်ခါတစ်ရံ နောက်ဆုံးမိနစ်မှာ မယုံနိုင်ဖွယ်ဂိုးတွေသွင်းတဲ့ ဒီလိုအရည်အသွေးမျိုး သူ့မှာရှိတယ်။ သူဟာ အရည်အသွေးရှိသူတစ်ယောက်ပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo-gettyimages

မန်စီးတီးဟာ နောက်တစ်ပတ်မှာ လီဗာပူးနဲ့ရင်ဆိုင်ဖို့ အန်ဖီးလ်ကိုသွားရမှာဆိုတော့ အဓိကပြိုင်ဘက်အသင်းရဲ့လက်ရှိခြေစွမ်းအပြဆုံးကစားသမားအပေါ် ဂွါဒီယိုလာက စိတ်ဓာတ်စစ်ဆင်ရေးလုပ်လိုက်တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ မန်စီးတီးအနေနဲ့ ၂၀၀၃ ကတည်းက ပရီးမီးယားလိဂ်မှာ လီဗာပူအိမ်ကွင်း အနိုင်ရဖူးခြင်းမရှိသေးပါဘူး။ ဒါကြောင့် လီဗာပူးနဲ့ ၆ မှတ်ကွာအနေအထားကို သူတို့ လျှော့ချနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

[Zawgyi]

ခ်န္ပီယံၿပိဳ္င္ဘက္အသင္းက မာနီကို ဒုိင္ဗင္သမားလုိ႔ စြပ္စြဲလိုက္တဲ့ ဂြါဒီယိုလာ

ေနာက္တစ္ပတ္ရင္ဆုိင္ေတြ႕မယ့္ ခ်န္ပီယံၿပိဳင္ဘက္လီဗာပူးနဲ႔ ပြဲစဥ္မတိုင္ခင္ မန္စီတီးနည္းျပဂြါဒီယိုလာဟာ ၿပိဳင္ဘက္အသင္းတုိက္စစ္မႈးမာနီကို ဒုိင္ဗင္သမားလုိ႔ စြပ္စြဲေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဆုိင္သူေတြျဖစ္ၾကတ့ဲ မန္စီးတီးနဲ႔လီဗာပူးတို႔ဟာ ၿပီးခဲ့တဲ့စေနညပရီးမီးယားမွာ ရႈံးေနရာကေန ေနာက္က်ဂိုးေတြသြင္းႏိုင္ခဲ့လို႔ ၂-၁ ရလဒ္ေတြနဲ႔ ခက္ခဲတဲ့ႏိုင္ပြဲကိုယ္စီရရွိခဲ့ၾကတာပါ။ အဲဒီမွာ မာနီဟာ နာက်င္အခ်ိန္ပို ၄ မိနစ္အေရာက္ ဗီလာဘက္ကို ေနာက္က်အႏိုင္ဂိုးသြငး္ေပးႏိုင္ခဲ့ေပမယ့္ အေစာပိုင္းတုနး္က ၿပိဳင္ဘက္ဧရိယာအတြင္း ဟန္ေဆာင္ဒိုင္ဗင္ထုိးမႈနဲ႔ အ၀ါကတ္ျပခံထားရတာပါ။

အဲဒါဟာ ဂြါဒီယိုလာအတြက္ အလြတ္ေပးစရာ မျဖစ္ခဲ့ပါဘူး။ ဘာေၾကာင့္လဲဆုိရင္ လီဗာပူးရခဲ့တဲ့ ၂ ဂိုးစလုံးဟာ မာနီေၾကာင့္ျဖစ္ၿပီး အဲဒီဆီနီေဂါသားက ၁ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးႏိုင္ခဲ့ကာ သူ႔ေၾကာင့္သာ မဟုတ္ရင္ လီဗာပူးဟာ မန္စီးတီးနဲ႔ ၃ မွတ္သာကြာေတာ့မွာပါ။ ဒါကို ဂြါဒီယိုလာတစ္ေယာက္မေက်မခ်မ္းျဖစ္သြားပုံရၿပီး ပြဲအၿပီးမွာ မာနီရဲ႕ေနာက္က်ဂိုးေတြအေၾကာင္းေမးျမန္းေတာ့ သူက”ေနာက္ပိုင္းႏွစ္ေတြအတြင္း လီဗာပူးမွာ အဲဒါမ်ိဳးေ်တြအမ်ားႀကီးျဖစ္ခဲ့တာပါ။ အဲဒါက ဘာေၾကာင့္လဲဆုိေတာ့ မာနီဟာ Special Talent ရွိသူတစ္ေယာက္ပါ။ တစ္ခါတစ္ရံ သူဒိုင္ဗင္ထိုးတယ္။ တစ္ခါတစ္ရံ ေနာက္ဆုံးမိနစ္မွာ မယုံႏုိုင္ဖြယ္ဂိုးေတြသြင္းတဲ့ ဒီလိုအရည္အေသြးမ်ိဳး သူ႔မွာရွိတယ္။ သူဟာ အရည္အေသြးရွိသူတစ္ေယာက္ပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

မန္စီးတီးဟာ ေနာက္တစ္ပတ္မွာ လီဗာပူးနဲ႔ရင္ဆုိင္ဖို႔ အန္ဖီးလ္ကိုသြားရမွာဆုိေတာ့ အဓိကၿပိဳင္ဘက္အသင္းရဲ႕လက္ရွိေျခစြမ္းအျပဆုံးကစားသမားအေပၚ ဂြါဒီယိုလာက စိတ္ဓာတ္စစ္ဆင္ေရးလုပ္လိုက္တဲ့သေဘာလည္း ျဖစ္ႏိုင္ပါတယ္။ မန္စီးတီးအေနနဲ႔ ၂၀၀၃ ကတည္းက ပရီးမီးယားလိဂ္မွာ လီဗာပူအိမ္ကြင္း အႏိုင္ရဖူးျခငး္မရွိေသးပါဘူး။ ဒါေၾကာင့္ လီဗာပူးနဲ႔ ၆ မွတ္ကြာအေနအထားကို သူတုိ႔ ေလွ်ာ့ခ်ႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါပဲ။