ချန်ပီယံပြိုင်ပွဲ မပြီးဆုံးသေးကြောင်း ဂွာဒီယိုလာကို သတိပေးလိုက်တဲ့ ဆိုးရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုလေ ဂန်နား ဆိုးရှားက မန်စီးတီးအနေနဲ့ ( ၁၀ ) မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပေမယ့် ချန်ပီယံဆု မရရှိသေးကြောင်း ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူရိုပါလိဂ် ပွဲစဥ်မှာ ရီးရဲဆိုစီဒက်စ်အသင်းကို ( ၄ – ၀ ) အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပက်ဂွာဒီယိုလာရဲ့ အသင်းကို ဆက်လက်ဖိအားပေးဖို့ အသင့်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

ဆိုးရှားက သတင်းစာ ရှင်းလင်းပွဲမှာ “ သူတို့ ( မန်စီးတီး ) ချန်ပီယံမဖြစ်နိုင်ဘူးဆိုပြီး ဘယ်သူမှ ပြောမယ်မထင်ပါဘူး။ ကျွန်တော်တို့ကလည်း ပွဲစဥ်တိုင်း အနိုင်ရဖို့ ကြိုးစားသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ လက်ရှိ အဆင့် ( ၂ ) နေ့မှာ ရပ်တည်နေပါတယ်။ ဒီထက် ပိုပြီး ကျဆင်းမသွားဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်လို့ ပြောကြပါလိမ့်မယ်။ မန်စီးတီးကို ဆက်လက်ဖိအားပေးနိုင်ဖို့ ရလာဒ်ကောင်းတွေ ပိုင်ဆိုင်ရပါမယ်။ ဒါကို တနင်္ဂနွေနေ့မှာ ကစားမယ့် နယူးကာဆယ်နဲ့ ပွဲစဥ်ကတည်းက စတင်သင့်ပါတယ်။”

ပရီးမီးယားလိဂ် သမိုင်းမှာ ( ၁၀ ) မှတ်ကွာအနေအထားကနေ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီးမှ ချန်ပီယံဆုနဲ့ ဝေးကွာခဲ့တဲ့ အသင်း ( ၂ ) သင်းသာ ရှိပြီး ( ၁၉၉၇-၉၈ ) ဘောလုံးရာသီက မန်ချက်စတာ ယူနိုက်တက် နှင့် ( ၁၉၉၅ – ၉၆ ) ဘောလုံးရာသီက နယူးကာဆယ်အသင်းတို့ ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် နောက်ဆုံး ( ၅ ) ပွဲမှာ ( ၁ ) ပွဲသာ အနိုင်ရရှိထားတဲ့ နယူးကာဆယ်အသင်းကို လက်ခံကစားရဖို့ရှိနေပါတယ်။ အကိုး – ESPN

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံၿပိဳင္ပြဲ မၿပီးဆုံးေသးေၾကာင္း ဂြာဒီယိုလာကို သတိေပးလိုက္တဲ့ ဆိုးရွား

အိုေလ ဂန္နား ဆိုးရွားက မန္စီးတီးအေနနဲ႔ ( ၁၀ ) မွတ္အသာျဖင့္ အမွတ္ေပးဇယားထိပ္မွာ ဦးေဆာင္ေနေပမယ့္ ခ်န္ပီယံဆု မရရွိေသးေၾကာင္း ေျပာဆိုလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ယူ႐ိုပါလိဂ္ ပြဲစဥ္မွာ ရီးရဲဆိုစီဒက္စ္အသင္းကို ( ၄ – ၀ ) အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ပက္ဂြာဒီယိုလာရဲ႕ အသင္းကို ဆက္လက္ဖိအားေပးဖို႔ အသင့္ရွိေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဆိုးရွားက သတင္းစာ ရွင္းလင္းပြဲမွာ “ သူတို႔ ( မန္စီးတီး ) ခ်န္ပီယံမျဖစ္ႏိုင္ဘူးဆိုၿပီး ဘယ္သူမွ ေျပာမယ္မထင္ပါဘူး ။ ကြၽန္ေတာ္တို႔ကလည္း ပြဲစဥ္တိုင္း အႏိုင္ရဖို႔ ႀကိဳးစားသြားမွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။ “ ကြၽန္ေတာ္တို႔ လက္ရွိ အဆင့္ ( ၂ ) ေန႔မွာ ရပ္တည္ေနပါတယ္။ ဒီထက္ ပိုၿပီး က်ဆင္းမသြားဖို႔က ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္လို႔ ေျပာၾကပါလိမ့္မယ္။ မန္စီးတီးကို ဆက္လက္ဖိအားေပးႏိုင္ဖို႔ ရလာဒ္ေကာင္းေတြ ပိုင္ဆိုင္ရပါမယ္။ ဒါကို တနဂၤေႏြေန႔မွာ ကစားမယ့္ နယူးကာဆယ္နဲ႔ ပြဲစဥ္ကတည္းက စတင္သင့္ပါတယ္။”

ပရီးမီးယားလိဂ္ သမိုင္းမွာ ( ၁၀ ) မွတ္ကြာအေနအထားကေန အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ ခ်န္ပီယံဆုနဲ႔ ေဝးကြာခဲ့တဲ့ အသင္း ( ၂ ) သင္းသာ ရွိၿပီး ( ၁၉၉၇-၉၈ ) ေဘာလုံးရာသီက မန္ခ်က္စတာ ယူႏိုက္တက္ ႏွင့္ ( ၁၉၉၅ – ၉၆ ) ေဘာလုံးရာသီက နယူးကာဆယ္အသင္းတို႔ ျဖစ္ပါတယ္။

ယူႏိုက္တက္အေနနဲ႔ တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္ ေနာက္ဆုံး ( ၅ ) ပြဲမွာ ( ၁ ) ပြဲသာ အႏိုင္ရရွိထားတဲ့ နယူးကာဆယ္အသင္းကို လက္ခံကစားရဖို႔ရွိေနပါတယ္။
အကိုး – ESPN