ချန်ပီယံဆုရချိန်မှာ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်ပါကြုံခဲ့ရတဲ့ အက်သလက်တီကို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ယမန်နေ့ ညက လာလီဂါ ရဲ့ နောက်ဆုံးပိတ် ပွဲစဉ်မှာ ရီးရဲ ဗယ်လာဒိုးလစ် အသင်းကို အဝေးကွင်းမှာ အနိုင် ကစားပြီး အမှတ်ပေး ချန်ပီယံဆုကို ရယူ သိမ်းပိုက် နိုင်ခဲ့ပါတယ်။

အက်သလက်တီကိုတို့ဟာ လာလီဂါရာသီပိတ်ပွဲစဉ် (၃၈)တွင် ဗယ်လာဒိုးလစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ရမှတ် (၈၆)မှတ်ဖြင့် ၂၀၂၀-၂၁ ရာသီ လာလီဂါအမှတ်ပေးချန်ပီယံဆုကိုရယူနိုင်ခဲ့ တာဖြစ်ပြီး၊

အက်သလက်တီကိုအသင်းဟာ ချန်ပီယံဆုအတွက် မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနှင့် နောက်ဆုံးပွဲစဉ်အထိယှဉ်ပြိုင်ခဲ့ရပြီး ရီးရဲလ်အသင်းမှာ ဗီလာရီးရဲလ်အသင်းကို အိမ်ကွင်းတွင် (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့သော်လည်း

အက်သလက်တီကိုအသင်းက ယခုပွဲမတိုင်မီကွာခြားချက်အတိုင်း ရမှတ် (၂)မှတ်အသာရကာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ အသင်းသမိုင်းတစ်လျှောက် လာလီဂါအမှတ်ပေးချန်ပီယံဆုကို (၁၁)ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၃-၁၄ ရာသီနောက်ပိုင်းတစ်ကျော့ပြန်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီဟာ နည်းပြဘဝတွင် ဒုတိယအကြိမ်မြောက်လာလီဂါအမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး အက်သလက်တီကိုအသင်းနှင့်အတူရရှိခဲ့တဲ့ (၈)လုံးမြောက်ဆုဖလားလည်းဖြစ်ခဲ့ပါတယ်။

လာလီဂါ ဘောလုံး အဖွဲ့ချုပ်ဟာ အက်သလက်တီကို မက်ဒရစ် ကို ဒီကနေ့ မှာ ချန်ပီယံ ဖလား ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ် ။

ဒါပေမယ့် ကလပ် အသင်း ဘက်ကတော့ ကိုဗစ် စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာတဲ့ အနေနဲ့ မက်ဒရစ် ရင်ပြင်မှာ ဖလားအောင်ပွဲခံ အခမ်းအနားကို ပြုလုပ်သွားမှာ မဟုတ်ဘဲ မြို့တွင်း လှည့်လည် ရာမှာလည်း ပရိသတ်တွေကို မိမိ ကားအတွင်းကနေသာ လိုက်ပါပေးဖို့ တောင်းဆို ထားတယ်လို့ သိရပါတယ်။

အေတီကို ပရိသတ်တွေ ဟာ မနေ့ညက ကွင်းထဲ ဝင်ရောက်ခွင့် မရခဲ့ကြပေမယ့် ကွင်းအပြင် ကနေ ရလဒ်ကို စောင့်ဆိုင်း ခဲ့ကြပြီး ပွဲအပြီးမှာ အောင်ပွဲခံခဲ့ ကြပါတယ်။

အေတီကို ကစားသမားတွေ ကလည်း ပွဲအပြီး မှာ ကွင်းအပြင်ကို ထွက်လာကာ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်စွာ အောင်ပွဲ ခံခဲ့ကြတယ်လို့ သိရပါတယ်။

ပျော်ရွှင်မှုတွေပြည့်နေတဲ့ ညနေခင်းမှာ ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခုလည်း ဖြစ်သွားခဲ့ပါတယ်။

အဲဒါကတော့ အသက် ၁၄ နှစ် အရွယ် အက်သလက်တီကို မက်ဒရစ် ပရိသတ်လေး တစ်ယောက် သေဆုံး ခဲ့ရတာပါပဲ။

လူငယ်တွေ စုပေါင်း စီးနင်းလာတဲ့ ဗင်ကားဟာ အက်သလက်တီကို မက်ဒရစ် ကို အားပေးဖို့ အတွက် ဗယ်လာဒိုးလစ် ကွင်းရဲ့ ကားပါကင် ထဲကို ဝင်ရောက် လာချိန်မှာ လမ်းဘေး အတားအဆီးတွေကို ဝင်တိုက်မိ ခဲ့ပြီး ပါကင် အဝမှာ ထပ်မံ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။

ကွယ်လွန်သူ ကောင်လေးဟာ ကားပြတင်းပေါက် ကနေ ကိုယ်တစ်ခြမ်းအထိ ထွက်ကာ စီးနင်းလာသူ ဖြစ်ပြီး ဦးခေါင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိ ခဲ့တာပဲ ဖြစ် ပါတယ်။

လူငယ်လေး ဟာ ဗယ်လာဒိုးလစ် ကွင်းအဝင် က ကားပါကင်ဝင်ပေါက် ကို ခေါင်းနဲ့ တိုက်မိ ခဲ့တာ ဖြစ်ပြီး ဆေးရုံကို ခေါ်ဆောင် သွားပေမယ့် အသက်မမီခဲ့ဘူးလို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကလပ် အသင်းတွေ ဘက်က ထုတ်ပြန်ခြင်း မပြုလုပ်သေးသလို ဖလား အောင်ပွဲခံ အခမ်းအနားမှာလည်း ဝမ်းနည်းဖွယ်  အထိမ်းအမှတ်စကား ထည့်သွင်းပြောမှာလား ဆိုတာ မသေချာသေးပါဘူး။ လူငယ်တွေအနေနဲ့ အပျော်ကနေ အပျက် မဖြစ်ဖို့ သတိထားသင့်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံဆုရခ်ိန္မွာ ေၾကကြဲဝမ္းနည္းဖြယ္ျဖစ္ရပ္ပါႀကဳံခဲ့ရတဲ့ အက္သလက္တီကို

အက္သလက္တီကို မက္ဒရစ္အသင္းဟာ ယမန္ေန႔ ညက လာလီဂါ ရဲ႕ ေနာက္ဆုံးပိတ္ ပြဲစဥ္မွာ ရီးရဲ ဗယ္လာဒိုးလစ္ အသင္းကို အေဝးကြင္းမွာ အႏိုင္ ကစားၿပီး အမွတ္ေပး ခ်န္ပီယံဆုကို ရယူ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

အက္သလက္တီကိုတို႔ဟာ လာလီဂါရာသီပိတ္ပြဲစဥ္ (၃၈)တြင္ ဗယ္လာဒိုးလစ္အသင္းကို (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ရမွတ္ (၈၆)မွတ္ျဖင့္ ၂၀၂၀-၂၁ ရာသီ လာလီဂါအမွတ္ေပးခ်န္ပီယံဆုကိုရယူႏိုင္ခဲ့ တာျဖစ္ၿပီး၊ အက္သလက္တီကိုအသင္းဟာ ခ်န္ပီယံဆုအတြက္ ၿမိဳ႕ခံၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ ေနာက္ဆုံးပြဲစဥ္အထိယွဥ္ၿပိဳင္ခဲ့ရၿပီး ရီးရဲလ္အသင္းမွာ ဗီလာရီးရဲလ္အသင္းကို အိမ္ကြင္းတြင္ (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့ေသာ္လည္း အက္သလက္တီကိုအသင္းက ယခုပြဲမတိုင္မီကြာျခားခ်က္အတိုင္း ရမွတ္ (၂)မွတ္အသာရကာ ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကိုအသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္ လာလီဂါအမွတ္ေပးခ်န္ပီယံဆုကို (၁၁)ႀကိမ္ေျမာက္ရယူႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၃-၁၄ ရာသီေနာက္ပိုင္းတစ္ေက်ာ့ျပန္ရရွိခဲ့တာလည္းျဖစ္ပါတယ္။

အက္သလက္တီကိုအသင္းနည္းျပ ဆီႁမြန္နီဟာ နည္းျပဘဝတြင္ ဒုတိယအႀကိမ္ေျမာက္လာလီဂါအမွတ္ေပးခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး အက္သလက္တီကိုအသင္းႏွင့္အတူရရွိခဲ့တဲ့ (၈)လုံးေျမာက္ဆုဖလားလည္းျဖစ္ခဲ့ပါတယ္။

လာလီဂါ ေဘာလုံး အဖြဲ႕ခ်ဳပ္ဟာ အက္သလက္တီကို မက္ဒရစ္ ကို ဒီကေန႔ မွာ ခ်န္ပီယံ ဖလား ေပးအပ္မွာ ျဖစ္တယ္လို႔ သိရ ပါတယ္။ ဒါေပမယ့္ ကလပ္အသင္း ဘက္ကေတာ့ ကိုဗစ္ စည္းမ်ဥ္း စည္းကမ္းေတြကို လိုက္နာတဲ့ အေနနဲ႔ မက္ဒရစ္ ရင္ျပင္မွာ ဖလားေအာင္ပြဲခံ အခမ္းအနားကို ျပဳလုပ္သြားမွာ မဟုတ္ဘဲ ၿမိဳ႕တြင္း လွည့္လည္ ရာမွာလည္း ပရိသတ္ေတြကို မိမိ ကားအတြင္းကေနသာ လိုက္ပါေပးဖို႔ ေတာင္းဆို ထားတယ္လို႔ သိရပါတယ္။

ေအတီကို ပရိသတ္ေတြဟာ မေန႔ညက ကြင္းထဲ ဝင္ေရာက္ခြင့္ မရခဲ့ၾကေပမယ့္ ကြင္းအျပင္ကေန ရလဒ္ကို ေစာင့္ဆိုင္း ခဲ့ၾကၿပီး ပြဲအၿပီးမွာ ေအာင္ပြဲခံခဲ့ ၾကပါတယ္။ ေအတီကို ကစားသမားေတြကလည္း ပြဲအၿပီး မွာ ကြင္းအျပင္ကို ထြက္လာကာ ပရိသတ္ေတြနဲ႔ အတူ ေပ်ာ္႐ႊင္စြာ ေအာင္ပြဲခံခဲ့ၾကတယ္လို႔ သိရ ပါတယ္။

ေပ်ာ္႐ႊင္မႈ​ေတြျပည့္​ေနတဲ့ ညေနခင္းမွာ ဝမ္းနည္းစရာ အျဖစ္အပ်က္တစ္ခုလည္း ျဖစ္သြားခဲ့ပါတယ္။ အဲဒါကေတာ့ အသက္ ၁၄ ႏွစ္ အ႐ြယ္ အက္သလက္တီကို မက္ဒရစ္ ပရိသတ္ေလး တစ္ေယာက္ ေသဆုံးခဲ့ရတာပါပဲ။

လူငယ္ေတြ စုေပါင္း စီးနင္းလာတဲ့ ဗင္ကားဟာ အက္သလက္တီကို မက္ဒရစ္ ကို အားေပးဖို႔ အတြက္ ဗယ္လာဒိုးလစ္ ကြင္းရဲ႕ ကားပါကင္ ထဲကို ဝင္ေရာက္ လာခ်ိန္မွာ လမ္းေဘး အတားအဆီးေတြကို ဝင္တိုက္မိ ခဲ့ၿပီး ပါကင္ အဝမွာ ထပ္မံ တိုက္မိခဲ့တာပဲ ျဖစ္ပါတယ္။

ကြယ္လြန္သူ ေကာင္ေလးဟာ ကားျပတင္းေပါက္ ကေန ကိုယ္တစ္ျခမ္းအထိ ထြက္ကာ စီးနင္းလာသူ ျဖစ္ၿပီး ဦးေခါင္းကို ျပင္းျပင္းထန္ထန္ ဒဏ္ရာ ရရွိ ခဲ့တာပဲ ျဖစ္ ပါတယ္။ လူငယ္ေလးဟာ ဗယ္လာဒိုးလစ္ ကြင္းအဝင္ က ကားပါကင္ဝင္ေပါက္ ကို ေခါင္းနဲ႔ တိုက္မိ ခဲ့တာ ျဖစ္ၿပီး ေဆး႐ုံကို ေခၚေဆာင္ သြားေပမယ့္ အသက္မမီခဲ့ဘူးလို႔ သိရပါတယ္။

အဲဒီကိစၥ နဲ႔ ပတ္သက္ၿပီး ကလပ္ အသင္းေတြဘက္က ထုတ္ျပန္ျခင္း မျပဳလုပ္ေသးသလို ဖလား ေအာင္ပြဲခံ အခမ္းအနားမွာလည္း ၀မ္းနည္းဖြယ္ အထိမ္းအမွတ္စကား ထည့္သြင္း​ေျပာမွာလားဆိုတာ မ​ေသခ်ာ​ေသးပါဘူး။ လူငယ္​ေတြအ​ေနနဲ႔ အ​ေပ်ာ္က​ေန အပ်က္မျဖစ္ဖို႔ သတိထားသင့္ပါတယ္။