
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အီတလီ နဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီတွေလွဲချော်ခဲ့ကြတဲ့ ရက်ရှ်ဖို့ဒ် ၊ ဆန်ချို နဲ့ ဆာကာ စတဲ့ အင်္ဂလန်ကစားသမားလေးတွေဟာ လူရမ်းကားတွေရဲ့ လူမျိုးရေးခွဲခြားခြင်းတွေကို ခံနေရပါတယ်။
ဘောလုံးလောကမှာ အခုထိအပြီးတိုင်အမြစ်မပြတ်နိုင်သေးတဲ့ လူမျိုးရေးခွဲခြားမှုတွေက မကြာခဏဆိုသလို ကစားသမားလေးတွေရဲ့ ဘဝကို ထိုးနှက်တိုက်ခိုက်လေ့ရှိတယ်။
အများဆုံးကတော့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်ကပဲလို့ပြောရမှာပါ။
ကိုယ့်ရဲ့ပုံရိပ်ကို အလွယ်တကူဖုံးကွယ်ထားနိုင်တဲ့ လူမှုကွန်ယက်ပေါ်ရောက်သွားရင် လူအများစုက သူတို့ရဲ့ စိတ်ဓာတ်အစစ်အမှန် ၊ သရုပ်အမှန်တွေကို ချပြတက်ကြပြီး တပါးသူကို မညှာမတာ ထိုးနှက်လေ့ရှိကြတယ်။
အဲ့ဒီလို လုပ်ရပ်တွေကို ပျောက်ကွယ်သွားအောင်လုပ်ဖို့ ထင်သလောက်အားမထုတ်ကြတဲ့ လူမှုကွန်ယက်ကုမ္ပဏီတွေကိုလည်း မေးခွန်းထုတ်ချင်စရာပါပဲ။
ဖိုင်နယ်ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ် ၊ ဆန်ချို ၊ ဆာကာ တို့ ၃ ယောက်လုံးဟာ လူမျိုးရေးခွဲခြားတဲ့ စာသားတွေများစွာနဲ့ တိုက်ခိုက်မှုကို လူမှုကွန်ယက်ပေါ်မှာ ရင်ဆိုင်ခဲ့ရတယ်။
ပိုဆိုးတာက ရမ်းကားတဲ့လူတချို့က မားကပ်စ် ရက်ရှ်ဖို့ဒ် ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးဆွဲပေးထားတဲ့ မန်ချက်စတာမြို့က သူ့ရဲ့နံရံဆေးရေးပန်းချီကိုပါ လာရောက်ဖျက်ဆီးခဲ့ကြတယ်။
အဲ့ဒီပန်းချီပုံပေါ်မှာ ရက်ရှ်ဖို့ဒ် နဲ့ သူငယ်ချင်းဖြစ်သူ ဆန်ချို ကို ဆဲဆိုထားတဲ့ ညစ်ညမ်းစာတွေ ၊ လူမျိုးရေးခွဲခြားတဲ့ စာတွေကို မှုတ်ဆေးတွေနဲ့ ရေးသားကာ အနုပညာလက်ရာတခုကို ဖျက်ဆီးခဲ့ကြတာပါ။
မူရင်းပန်းချီဆရာကတော့ အဲ့ဒီအဖြစ်အပျက်ကို ကြားကြားချင်း အမြန်ဆုံးလာရောက်ခဲ့ပြီး အရင်အနေအထားမျိုးဖြစ်အောင် ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့တယ်။
အမုန်းတရားတွေဟာ ကမ္ဘာပေါ်ကနေရာတိုင်းမှာ နေရာလပ်မကျန်အောင် အချိန်တိုင်းရှိနေတဲ့ နတ်ဆိုးပါ။
ဒါပေမဲ့ ကမ္ဘာပေါ်မှာ အကြင်နာတရားတွေ ၊ ချစ်ခြင်းမေတ္တာတရားတွေဟာလည်း မျိုးသုဉ်းပျောက်ကွယ် မသွားသေးပါဘူး။
ရက်ရှ်ဖို့ဒ် ရဲ့ ပုံတူပန်းချီဖျက်ဆီးခံရမှုကို သိသွားတဲ့ အင်္ဂလန်နိုင်ငံသားတွေကလည်း သူတို့ရဲ့ အားပေးစကားတွေ နဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုပုံဖော်ထားတဲ့ စကားတွေကို ပန်းချီကို ဖုံးထားတဲ့ တိပ်တွေပေါ်မှာ အသီးသီးလာရောက် ကပ်ကြတာကို ကြည်နူးဖွယ်တွေ့မြင်ရပါတယ်။
လူမှုကွန်ယက်တွေပေါ်မှာလည်း ဘောလုံးလောကက နာမည်ကျော်တွေအပါအဝင် တခြားနယ်ပယ်အသီးသီးက ထင်ပေါ်ကျော်ကြားသူတွေနဲ့ ကမ္ဘာတဝန်းက ပရိသတ်တွေကလည်း ရက်ရှ်ဖို့ဒ် ၊ ဆန်ချို ၊ ဆာကာ တို့ ၃ ယောက်ကို အားပေးစကားတွေ ပေးပို့ခဲ့ကြပါတယ်။
အင်္ဂလန်အသင်းရဲ့ အမှတ်တံဆပ်ဖြစ်တဲ့ ခြင်္သေ့သုံးကောင်လိုပဲ ရက်ရှ်ဖို့ဒ်တို့ ၃ ယောက်ရဲ့ ပင်နယ်တီကန်ရဲတဲ့ သတ္တိဟာ လူမျိုးရေးခွဲခြားတဲ့ သူရဲဘောကြောင်တွေနဲ့ ယှဉ်ရင်တော့ မိုင်ပေါင်းများစွာ သာလွန်ပါတယ်လို့သာ ကောက်ချက်ချ ချင်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ခ်စ္ျခင္းေမတၱာတရားေတြရဲ႕ ေရွ႕ေမွာက္မွာ ဒူးေထာက္အရႈံးေပးခဲ့ရတဲ့ အမုန္းတရားမ်ား
အီတလီ နဲ႔ ကစားခဲ့တဲ့ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာ ပင္နယ္တီေတြလြဲေခ်ာ္ခဲ့ၾကတဲ့ ရက္ရွ္ဖို႔ဒ္ ၊ ဆန္ခ်ိဳ နဲ႔ ဆာကာ စတဲ့ အဂၤလန္ကစားသမားေလးေတြဟာ လူရမ္းကားေတြရဲ႕ လူမ်ိဳးေရးခြဲျခားျခင္းေတြကို ခံေနရပါတယ္။
ေဘာလုံးေလာကမွာ အခုထိအၿပီးတိုင္အျမစ္မျပတ္ႏိုင္ေသးတဲ့ လူမ်ိဳးေရးခြဲျခားမႈေတြက မၾကာခဏဆိုသလို ကစားသမားေလးေတြရဲ႕ ဘဝကို ထိုးႏွက္တိုက္ခိုက္ေလ့ရွိတယ္။ အမ်ားဆုံးကေတာ့ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚကပဲလို႔ေျပာရမွာပါ။
ကိုယ့္ရဲ႕ပုံရိပ္ကို အလြယ္တကူဖုံးကြယ္ထားႏိုင္တဲ့ လူမႈကြန္ယက္ေပၚေရာက္သြားရင္ လူအမ်ားစုက သူတို႔ရဲ႕ စိတ္ဓာတ္အစစ္အမွန္ ၊ သ႐ုပ္အမွန္ေတြကို ခ်ျပတက္ၾကၿပီး တပါးသူကို မညႇာမတာ ထိုးႏွက္ေလ့ရွိၾကတယ္။ အဲ့ဒီလို လုပ္ရပ္ေတြကို ေပ်ာက္ကြယ္သြားေအာင္လုပ္ဖို႔ ထင္သေလာက္အားမထုတ္ၾကတဲ့ လူမႈကြန္ယက္ကုမၸဏီေတြကိုလည္း ေမးခြန္းထုတ္ခ်င္စရာပါပဲ။
ဖိုင္နယ္ပြဲအၿပီးမွာ ရက္ရွ္ဖို႔ဒ္ ၊ ဆန္ခ်ိဳ ၊ ဆာကာ တို႔ ၃ ေယာက္လုံးဟာ လူမ်ိဳးေရးခြဲျခားတဲ့ စာသားေတြမ်ားစြာနဲ႔ တိုက္ခိုက္မႈကို လူမႈကြန္ယက္ေပၚမွာ ရင္ဆိုင္ခဲ့ရတယ္။ ပိုဆိုးတာက ရမ္းကားတဲ့လူတခ်ိဳ႕က မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေရးဆြဲေပးထားတဲ့ မန္ခ်က္စတာၿမိဳ႕က သူ႔ရဲ႕နံရံေဆးေရးပန္းခ်ီကိုပါ လာေရာက္ဖ်က္ဆီးခဲ့ၾကတယ္။
အဲ့ဒီပန္းခ်ီပုံေပၚမွာ ရက္ရွ္ဖို႔ဒ္ နဲ႔ သူငယ္ခ်င္းျဖစ္သူ ဆန္ခ်ိဳ ကို ဆဲဆိုထားတဲ့ ညစ္ညမ္းစာေတြ ၊ လူမ်ိဳးေရးခြဲျခားတဲ့ စာေတြကို မႈတ္ေဆးေတြနဲ႔ ေရးသားကာ အႏုပညာလက္ရာတခုကို ဖ်က္ဆီးခဲ့ၾကတာပါ။ မူရင္းပန္းခ်ီဆရာကေတာ့ အဲ့ဒီအျဖစ္အပ်က္ကို ၾကားၾကားခ်င္း အျမန္ဆုံးလာေရာက္ခဲ့ၿပီး အရင္အေနအထားမ်ိဳးျဖစ္ေအာင္ ျပန္လည္ျပင္ဆင္ေရးဆြဲခဲ့တယ္။
အမုန္းတရားေတြဟာ ကမာၻေပၚကေနရာတိုင္းမွာ ေနရာလပ္မက်န္ေအာင္ အခ်ိန္တိုင္းရွိေနတဲ့ နတ္ဆိုးပါ။ ဒါေပမဲ့ ကမာၻေပၚမွာ အၾကင္နာတရားေတြ ၊ ခ်စ္ျခင္းေမတၱာတရားေတြဟာလည္း မ်ိဳးသုဥ္းေပ်ာက္ကြယ္ မသြားေသးပါဘူး။ ရက္ရွ္ဖို႔ဒ္ ရဲ႕ ပုံတူပန္းခ်ီဖ်က္ဆီးခံရမႈကို သိသြားတဲ့ အဂၤလန္ႏိုင္ငံသားေတြကလည္း သူတို႔ရဲ႕ အားေပးစကားေတြ နဲ႔ ခ်စ္ျခင္းေမတၱာတရားေတြကိုပုံေဖာ္ထားတဲ့ စကားေတြကို ပန္းခ်ီကို ဖုံးထားတဲ့ တိပ္ေတြေပၚမွာ အသီးသီးလာေရာက္ ကပ္ၾကတာကို ၾကည္ႏူးဖြယ္ေတြ႕ျမင္ရပါတယ္။
လူမႈကြန္ယက္ေတြေပၚမွာလည္း ေဘာလုံးေလာကက နာမည္ေက်ာ္ေတြအပါအဝင္ တျခားနယ္ပယ္အသီးသီးက ထင္ေပၚေက်ာ္ၾကားသူေတြနဲ႔ ကမာၻတဝန္းက ပရိသတ္ေတြကလည္း ရက္ရွ္ဖို႔ဒ္ ၊ ဆန္ခ်ိဳ ၊ ဆာကာ တို႔ ၃ ေယာက္ကို အားေပးစကားေတြ ေပးပို႔ခဲ့ၾကပါတယ္။ အဂၤလန္အသင္းရဲ႕ အမွတ္တံဆပ္ျဖစ္တဲ့ ျခေသၤ့သုံးေကာင္လိုပဲ ရက္ရွ္ဖို႔ဒ္တို႔ ၃ ေယာက္ရဲ႕ ပင္နယ္တီကန္ရဲတဲ့ သတၱိဟာ လူမ်ိဳးေရးခြဲျခားတဲ့ သူရဲေဘာေၾကာင္ေတြနဲ႔ ယွဥ္ရင္ေတာ့ မိုင္ေပါင္းမ်ားစြာ သာလြန္ပါတယ္လို႔သာ ေကာက္ခ်က္ခ် ခ်င္ပါတယ္။