ခ်ဲလ္ဆီးအတြက္ ေမြးဖြားလာသူ (သို႔မဟုတ္) ေမဆန္ေမာင့္

photo-gettyimages

photo-gettyimages

ခ်ဲလ္ဆီးအကယ္ဒမီရဲ႕အလားအလာအေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ ကြင္းလယ္လူေမဆန္ေမာင့္ ၁၅ ႏွစ္အရြယ္ျဖစ္တဲ့ လြန္ခဲ့တဲ့ ၂၀၁၄ ကေပါ့။ ခ်ဲလ္ဆီးမွာပဲ ပညာႏို႔ခ်ဳိဆက္စုိ႔မလား ဒါမွမဟုတ္ တျခားကမ္းလွမ္းမႈေတြအတြက္ ခ်ဲလ္ဆီးက ထြက္ခြာမလားဆိုတာ ေရြးခ်ယ္ဆုံးျဖတ္ရတဲ့အခ်ိန္ပါ။ အဲဒီေတာ့ ဖခင္ျဖစ္သူတြမ္ဟာ အလားအလာေကာင္းတဲ့ဆယ္ေက်ာ္သက္အရြယ္သားျဖစ္သူအတြက္ အႀကံဥာဏ္ေပးႏိုင္ဖု႔ိ ဦးေလးေတြ၊အေဒၚေတြနဲ႔အဖုိးေတြအဖြားေတြကုိပါဖိတ္ၿပီး ေနအိမ္မွာ မိသားစုေတြ႕ဆုံပြဲေလးလုပ္ခဲ့ပါတယ္။

photo-gettyimages

”အေကာင္းဆုံးအခြင့္အလမ္းရဖို႔ ေျပာင္းဖို႔လုိအပ္တယ္လို႔ထင္ေၾကာင္း ကၽြန္ေတာ္က ေမဆန္ကို ေျပာပါတယ္။ ၿပီးေတာ့ ကၽြန္ေတာ္က ‘တယ္ရီေနာက္ပိုင္းကတည္းက ဘယ္ခ်ဲလ္ဆီးအကယ္ဒမီကစားသမားမွ ပထမအသင္းႀကီးမွာ အခြင့္အေရးမရေတာ့ဘူး။ မင္းရမယ့္အခြင့္အေရးကေရာ ဘယ္ေလာက္ရွိမွာလဲ’လို႔ သူ႔ကို ေျပာပါတယ္။ ‘တယ္ရီၿပီးရင္ ကၽြန္ေတာ္ျဖစ္မွာေပ့ါဗ်။ ကၽြန္ေတာ္ ခ်ဲလ္ဆီးကေန ထြက္ခြာမွာ မဟုတ္ဘူး။ အဲဒါက ကၽြန္ေတာ္ရဲ႕ကလပ္ပဲ။ ၆ ႏွစ္ကတည္းက အဲဒီမွာ ရွိေနတာ။ ကၽြန္ေတာ္ကေတာ့ ဆုံးတဲ့အထိ ဆက္ေလွ်ာက္မွာပဲ’လို႔ သူက ကၽြန္ေတာ့္ကိုျပန္ေအာ္ပါတယ္”

photo-gettyimages

ေမဆန္ေမာင့္ရဲ႕ဖခင္ျဖစ္သူက သားျဖစ္သူအေၾကာင္း The Sun သတင္းစာကို ေျပာျပေနတာပါ။ ၅ ႏွစ္အၾကာမွာေတာ့ ေမဆန္ေမာင့္ဟာ သူေျပာခဲ့တဲ့အတိုင္း ျဖစ္လုနီးပါးျဖစ္ပါေတာ့မယ္။ မန္ယူနဲ႔ကစားရမယ့္ ရာသီအဖြင့္ပြဲအတြက္ ပြဲထြက္စာရင္းမွာ သူပါ၀င္လာဖြယ္ရွိေနတာပါ။ သူဟာ ခ်ဲလ္ဆီးအသင္းႀကီးအတြက္ ၿပိဳင္ပြဲအသြင္တစ္ပြဲမွကစားရဖူးျခင္း မရွိေသးပါဘူး။ ရာသီႀကိဳမွာေတာ့ ဂိုးသြင္းေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ လက္ရွိခ်ဲလ္ဆီးနည္းျပလမ္းပတ္ကိုင္တြယ္ခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီဒါဘီမွာလည္း အငွားသြားၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ သူဟာ ဒီေႏြရာသီမွာမွ ခ်ဲလ္ဆီးနဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားတာပါ။

[Unicode]

ချဲလ်ဆီးအကယ်ဒမီရဲ့အလားအလာအကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ကွင်းလယ်လူမေဆန်မောင့် ၁၅ နှစ်အရွယ်ဖြစ်တဲ့ လွန်ခဲ့တဲ့ ၂၀၁၄ ကပေါ့။ ချဲလ်ဆီးမှာပဲ ပညာနို့ချိုဆက်စို့မလား ဒါမှမဟုတ် တခြားကမ်းလှမ်းမှုတွေအတွက် ချဲလ်ဆီးက ထွက်ခွာမလားဆိုတာ ရွေးချယ်ဆုံးဖြတ်ရတဲ့အချိန်ပါ။ အဲဒီတော့ ဖခင်ဖြစ်သူတွမ်ဟာ အလားအလာကောင်းတဲ့ဆယ်ကျော်သက်အရွယ်သားဖြစ်သူအတွက် အကြံဉာဏ်ပေးနိုင်ဖု့ိ ဦးလေးတွေ၊အဒေါ်တွေနဲ့အဖိုးတွေအဖွားတွေကိုပါဖိတ်ပြီး နေအိမ်မှာ မိသားစုတွေ့ဆုံပွဲလေးလုပ်ခဲ့ပါတယ်။

”အကောင်းဆုံးအခွင့်အလမ်းရဖို့ ပြောင်းဖို့လိုအပ်တယ်လို့ထင်ကြောင်း ကျွန်တော်က မေဆန်ကို ပြောပါတယ်။ ပြီးတော့ ကျွန်တော်က ‘တယ်ရီနောက်ပိုင်းကတည်းက ဘယ်ချဲလ်ဆီးအကယ်ဒမီကစားသမားမှ ပထမအသင်းကြီးမှာ အခွင့်အရေးမရတော့ဘူး။ မင်းရမယ့်အခွင့်အရေးကရော ဘယ်လောက်ရှိမှာလဲ’လို့ သူ့ကို ပြောပါတယ်။ ‘တယ်ရီပြီးရင် ကျွန်တော်ဖြစ်မှာပေ့ါဗျ။ ကျွန်တော် ချဲလ်ဆီးကနေ ထွက်ခွာမှာ မဟုတ်ဘူး။ အဲဒါက ကျွန်တော်ရဲ့ကလပ်ပဲ။ ၆ နှစ်ကတည်းက အဲဒီမှာ ရှိနေတာ။ ကျွန်တော်ကတော့ ဆုံးတဲ့အထိ ဆက်လျှောက်မှာပဲ’လို့ သူက ကျွန်တော့်ကိုပြန်အော်ပါတယ်”

မေဆန်မောင့်ရဲ့ဖခင်ဖြစ်သူက သားဖြစ်သူအကြောင်း The Sun သတင်းစာကို ပြောပြနေတာပါ။ ၅ နှစ်အကြာမှာတော့ မေဆန်မောင့်ဟာ သူပြောခဲ့တဲ့အတိုင်း ဖြစ်လုနီးပါးဖြစ်ပါတော့မယ်။ မန်ယူနဲ့ကစားရမယ့် ရာသီအဖွင့်ပွဲအတွက် ပွဲထွက်စာရင်းမှာ သူပါဝင်လာဖွယ်ရှိနေတာပါ။ သူဟာ ချဲလ်ဆီးအသင်းကြီးအတွက် ပြိုင်ပွဲအသွင်တစ်ပွဲမှကစားရဖူးခြင်း မရှိသေးပါဘူး။ ရာသီကြိုမှာတော့ ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိချဲလ်ဆီးနည်းပြလမ်းပတ်ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီဒါဘီမှာလည်း အငှားသွားပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူဟာ ဒီနွေရာသီမှာမှ ချဲလ်ဆီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုထားတာပါ။