ခ်ဲလ္ဆီးအတြက္ ေစ်းဦးေပါက္ခဲ့တဲ့ေမဆင္ေမာင့္ဟာ ကမာၻအဆင့္ျဖစ္လာႏိုင္တယ္လုိ႔ အက္ရွ္ေလကိုးလ္ယုံၾကည္

photo-gettyimages

photo-reuters

ခ်ဲလ္ဆီးကြင္းလယ္လူေမဆင္ေမာင့္ဟာ တစ္ေန႔မွာ ကမာၻ႔အဆင့္ကစားသမားတစ္ေယာက္ျဖစ္လာႏိုင္တ့ဲအလားအလာရွိေၾကာင္း အသင္းကစားသမားေဟာင္းအက္ရွ္ေလကိုးလ္က ယုံၾကည္ေနပါတယ္။ အသက္ ၂၀ သာရွိေသးတဲ့ေမဆင္ေမာင့္ဟာ လီဗာပူးနဲ႔ဥေရာပစူပါဖလားပြဲမွာကတည္းက လူစား၀င္ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တာပါ။ အဲဒီအလားအလာေကာင္းတဲ့ ကြင္းလယ္လူဟာ လက္စတာနဲ႔ၿပီးခဲ့တဲ့တနဂၤေႏြညပရီးမီးယားလိဂ္ပဲြစဥ္မွာေတာ့ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

photo-EPA

စတမး္ဖုိ႔ဒ္ဘရစ္ခ်္က သူ႔ရဲ႕ပထမဆုံးပြဲစဥ္မွာပဲ ခ်ဲလ္ဆီးအသင္းႀကီးအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးကို သြင္းေပးႏိုင္ခဲ့တာပါ။ ဒါဟာ ခ်ဲလ္ဆီးအကယ္ဒမီကထြက္ေပၚလာတဲ့ ေမဆင္ေမာင့္လိုကစားသမားတစ္ေယာက္အတြက္ အိပ္မက္တာထြက္ျဖစ္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ရာသီသစ္မွာ ႏိုင္ပဲြမရေသးေပမယ့္ ေမဆင္ေမာင့္အဖို႔ကေတာ့ ထူးရွယ္ေန႔တစ္ေန႔ဆိုတာ ျငင္းႏိုင္စရာမရွိပါဘူး။ ဒီအခ်ိန္မွာ အက္ရွ္ေလကိုးလ္ကလည္း ေမဆင္ေမာင့္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္လို႔ တကယ္ကို အထင္ႀကီးေနပုံရပါတယ္။

photo-daily mail

ဒါေၾကာင့္လည္း လက္စတာနဲ႔ပြဲအၿပီးမွာ အက္ရွ္ေလကိုးလ္က “ေမဆင္ေမာင့္ဟာ သူ႔အသက္အရြယ္အရဆုိရင္ အရမ္းကိုရင့္က်က္ေနတာပါ။ သူ႔မွာ ေဘာလုံးအျမင္ရွိသလို အခ်ိန္တိုင္းလည္း တိုးတက္ခ်င္ေနသူပါ။ သူဟာ ကြင္းလယ္မွာ ဘယ္ေနရာမဆုိကစားႏိုင္စြမး္ရွိပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူ႔ရဲ႕အေ၀းေပးပို႔မႈေတြက အရမ္းေကာင္းပါတယ္။ သူဟာ ကမာၻအဆင့္ကစားသမားျဖစ္လာႏိုင္ပါတယ္။ ဒါေပမဲ့ သူအမ်ားႀကီးသင္ယူရဖုိ႔ရွိပါတယ္”လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

[Unicode]

ချဲလ်ဆီးကွင်းလယ်လူမေဆင်မောင့်ဟာ တစ်နေ့မှာ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဖြစ်လာနိုင်တဲ့အလားအလာရှိကြောင်း အသင်းကစားသမားဟောင်းအက်ရှ်လေကိုးလ်က ယုံကြည်နေပါတယ်။ အသက် ၂၀ သာရှိသေးတဲ့မေဆင်မောင့်ဟာ လီဗာပူးနဲ့ဥရောပစူပါဖလားပွဲမှာကတည်းက လူစားဝင်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာပါ။ အဲဒီအလားအလာကောင်းတဲ့ ကွင်းလယ်လူဟာ လက်စတာနဲ့ပြီးခဲ့တဲ့တနင်္ဂနွေညပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်က သူ့ရဲ့ပထမဆုံးပွဲစဉ်မှာပဲ ချဲလ်ဆီးအသင်းကြီးအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းပေးနိုင်ခဲ့တာပါ။ ဒါဟာ ချဲလ်ဆီးအကယ်ဒမီကထွက်ပေါ်လာတဲ့ မေဆင်မောင့်လိုကစားသမားတစ်ယောက်အတွက် အိပ်မက်တာထွက်ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ရာသီသစ်မှာ နိုင်ပွဲမရသေးပေမယ့် မေဆင်မောင့်အဖို့ကတော့ ထူးရှယ်နေ့တစ်နေ့ဆိုတာ ငြင်းနိုင်စရာမရှိပါဘူး။ ဒီအချိန်မှာ အက်ရှ်လေကိုးလ်ကလည်း မေဆင်မောင့်ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ တကယ်ကို အထင်ကြီးနေပုံရပါတယ်။

ဒါကြောင့်လည်း လက်စတာနဲ့ပွဲအပြီးမှာ အက်ရှ်လေကိုးလ်က “မေဆင်မောင့်ဟာ သူ့အသက်အရွယ်အရဆိုရင် အရမ်းကိုရင့်ကျက်နေတာပါ။ သူ့မှာ ဘောလုံးအမြင်ရှိသလို အချိန်တိုင်းလည်း တိုးတက်ချင်နေသူပါ။ သူဟာ ကွင်းလယ်မှာ ဘယ်နေရာမဆိုကစားနိုင်စွမ်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဝေးပေးပို့မှုတွေက အရမ်းကောင်းပါတယ်။ သူဟာ ကမ္ဘာအဆင့်ကစားသမားဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူအများကြီးသင်ယူရဖို့ရှိပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။