ခ်ဲလ္ဆီးသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုးပရီးမီးယားလိဂ္ဟက္ထရစ္ရွင္အျဖစ္ တိုက္စစ္မွဴးေအဘရာဟမ္ မွတ္တမ္းေရးထိုး

Photo Credit

Photo Credit

ခ်ဲလ္ဆီးအသင္းတိုက္စစ္မွဴး ေအဘရာဟမ္ဟာ အသင္းအတြက္ ပရီးမီးယားလိဂ္မွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ အသက္အငယ္ဆံုးကစားသ မားျဖစ္လာၿပီး ယူႏုိက္တက္တိုက္စစ္မွဴးေဟာင္း ေရာ္နယ္ဒိုရဲ႕မွတ္တမ္းတစ္ခုကိုလည္း လိုက္မီႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

Photo Credit

အဂၤလန္လက္ေရြးစင္ ေအဘရာဟမ္ဟာ ၾသဂုတ္လ ၂၄ ရက္ေန႔က ေနာဝစ္ခ်္နဲ႔ပြဲမွာ ခ်ဲလ္ဆီးအသင္းအတြက္ သူ႕ရဲ႕ပထမဆံုးဂိုးသြင္းယူႏိုင္ၿပီးခ်ိန္ကတည္းက ဂိုးျမဴးေနသူႁဖစ္ၿပီး စေနေန႔ က ဝုဗ္ကို ၂-၅ ဂိုးနဲ႔အႏိုင္ရခဲ့တ့ဲပြဲမွာလည္း တစ္ဦးတည္း ၃ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit

သူဟာ ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ပြဲမွာ ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အဂၤလန္အသင္းတြင္ ေရြးခ်ယ္ျခင္းခံခဲ့ရၿပီး ဝုဗ္နဲ႔ပြဲမွာ ပြဲကစားခ်ိန္ ၂၁မိ နစ္အတြင္း ၃ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

Photo Credit

ယင္းအတြက္ေၾကာင့္ ေအဘရာဟမ္ဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ေရာ္နယ္ဒိုနဲ႔စပါးကြင္းလယ္လူ အယ္လီတို႔ၿပီးေနာက္ ၃ပြဲဆက္ တစ္ပြဲအနည္းဆံုး ၂ဂိုးသြင္းယူႏိုင္တ့ဲ တတိယေျမာက္ကစားသမားအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

Photo Credit

ေရာ္နယ္ဒိုဟာ ၂၀ဝ၆ ဒီဇင္ဘာလ ၂၃ ရက္ကေန ၃၀ ရက္အတြင္း ဗီလာ၊ ဝီဂန္၊ ရက္ဒင္းတို႔နဲ႔ပြဲေတြမွာ ၂ဂိုးစီသြင္းယူႏိုင္ခဲတာျဖစ္ပါတယ္။

Photo Credit

ေအဘရာဟမ္ဟာ ခ်ဲလ္ဆီးအသင္းသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုးပရီးမီးယားလိဂ္ဟက္ထရစ္ရွင္အျဖစ္လည္း ၂၁ႏွစ္၊ ၃၄၇ ရက္န႔ဲ စံခ်ိန္တင္ႏိုင္ခဲ့ၿပီး ၂၀၁၅ ေအာက္တိုဘာလက ဘုန္းေမာက္နဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့သည့္စတာလင္းၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ အသက္အငယ္ဆံုး အဂၤလိပ္ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။

Photo Credit

ေနာက္ထပ္ထူးျခားတာကေတာ့ နည္းျပလမ္းပတ္လက္ထက္ ခ်ဲလ္ဆီးအသင္းရရွိထားတဲ့ ပရီးမီးယားလိဂ္သြင္းဂိုးေတြကို အသင္းရဲ႕လူငယ္အကယ္ဒမီထြက္ကစားသမားေတြကပဲ သြင္းယူထားတာျဖစ္ၿပီး ေအဘရာဟမ္က ၇ဂိုး၊ ကြင္းလယ္လူေမဆင္ေမာင့္က ၃ဂိုးနဲ႔ ေနာက္ခံလူ တုိမိုရီက ၁ဂိုးသြင္းယူေပးထားတာျဖစ္ပါတယ္။

Photo Credit

ခ်ဲလ္ဆီးဂႏၳ၀င္ကြင္းလယ္လူ လမ္းပတ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက အသင္းနည္းျပအျဖစ္ စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကို ျပန္ေရာက္လာၿပီးခ်ိန္ကတည္းက လူငယ္ကစားသမားေတြကို ေနရာေပးေနတာျဖစ္ၿပီး လက္ရွိအသင္းအတြက္ ဂိုးသြင္းယူေပးထားသူအားလုံးကလည္း အသက္ ၂၂ႏွစ္ေအာက္ကစားသမားေတြျဖစ္ေနပါတယ္။

Photo Credit

Unicode

ချဲလ်ဆီးသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပရီးမီးယားလိဂ်ဟက်ထရစ်ရှင်အဖြစ် တိုက်စစ်မှူးအေဘရာဟမ် မှတ်တမ်းရေးထိုး

ချဲလ်ဆီးအသင်းတိုက်စစ်မှူး အေဘရာဟမ်ဟာ အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသ မားဖြစ်လာပြီး ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုရဲ့မှတ်တမ်းတစ်ခုကိုလည်း လိုက်မီနိုင်ခဲ့ကြောင်း သိရပါတယ်။
အင်္ဂလန်လက်ရွေးစင် အေဘရာဟမ်ဟာ သြဂုတ်လ ၂၄ ရက်နေ့က နောဝစ်ချ်နဲ့ပွဲမှာ ချဲလ်ဆီးအသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးသွင်းယူနိုင်ပြီးချိန်ကတည်းက ဂိုးမြူးနေသူဖြစ်ပြီး စနေနေ့ က ဝုဗ်ကို ၂-၅ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း တစ်ဦးတည်း ၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရပြီး ဝုဗ်နဲ့ပွဲမှာ ပွဲကစားချိန် ၂၁မိ နစ်အတွင်း ၃ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယင်းအတွက်ကြောင့် အေဘရာဟမ်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရော်နယ်ဒိုနဲ့စပါးကွင်းလယ်လူ အယ်လီတို့ပြီးနောက် ၃ပွဲဆက် တစ်ပွဲအနည်းဆုံး ၂ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀ဝ၆ ဒီဇင်ဘာလ ၂၃ ရက်ကနေ ၃၀ ရက်အတွင်း ဗီလာ၊ ဝီဂန်၊ ရက်ဒင်းတို့နဲ့ပွဲတွေမှာ ၂ဂိုးစီသွင်းယူနိုင်ခဲတာဖြစ်ပါတယ်။
အေဘရာဟမ်ဟာ ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပရီးမီးယားလိဂ်ဟက်ထရစ်ရှင်အဖြစ်လည်း ၂၁နှစ်၊ ၃၄၇ ရက်နဲ့ စံချိန်တင်နိုင်ခဲ့ပြီး ၂၀၁၅ အောက်တိုဘာလက ဘုန်းမောက်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့သည့်စတာလင်းပြီးနောက် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး အင်္ဂလိပ်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။
နောက်ထပ်ထူးခြားတာကတော့ နည်းပြလမ်းပတ်လက်ထက် ချဲလ်ဆီးအသင်းရရှိထားတဲ့ ပရီးမီးယားလိဂ်သွင်းဂိုးတွေကို အသင်းရဲ့လူငယ်အကယ်ဒမီထွက်ကစားသမားတွေကပဲ သွင်းယူထားတာဖြစ်ပြီး အေဘရာဟမ်က ၇ဂိုး၊ ကွင်းလယ်လူမေဆင်မောင့်က ၃ဂိုးနဲ့ နောက်ခံလူ တိုမိုရီက ၁ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။
ချဲလ်ဆီးဂန္ထဝင်ကွင်းလယ်လူ လမ်းပတ်ဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းနည်းပြအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်ရောက်လာပြီးချိန်ကတည်းက လူငယ်ကစားသမားတွေကို နေရာပေးနေတာဖြစ်ပြီး လက်ရှိအသင်းအတွက် ဂိုးသွင်းယူပေးထားသူအားလုံးကလည်း အသက် ၂၂နှစ်အောက်ကစားသမားတွေဖြစ်နေပါတယ်။