
Photo Credit
Photo Credit
ၿပီးခဲ့တဲ့ၾကားရက္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ နာပိုလီကို ဂိုးျပတ္အေရးနိမ့္ခဲ့ရတဲ့ လီဗာပူးဟာ ဒီပြဲမွာေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ျပန္လာဖို႔ ႀကိဳးစားမႈကို အေကာင္းဆုံးေက်ာ္ျဖတ္ကာ ၆ပြဲစလုံးအႏိုင္ရမႈအျဖစ္ အမွတ္ျပည့္ရရွိသြားခဲ့ၿပီး ခ်ဲလ္ဆီးကေတာ့ ဒီရာသီပထမဆုံးအိမ္ကြင္းႏိုင္ပြဲရဖို႔ ႀကိဳးစားေနရဆဲျဖစ္သြားရပါတယ္။
Photo Credit
ခ်ဲလ္ဆီးဟာ ဒီပဲြမွာလည္း ဂိုးေတြေပးခဲ့ရၿပီး ကန္တီရဲ႕လွပတဲ့ေခ်ပဂိုးနဲ႔အတူ ပြဲၿပီးခါနီးမွာ သေရတစ္မွတ္ရေစမယ့္ ေခ်ပဂိုးရဖို႔ အခြင့္အေရးေတြဖန္တီးႏုိင္ခဲ့ေပမယ့္ အသုံးမခ်ႏုိင္ခဲ့လို႔ အိမ္ကြင္းမွာပဲ အေရးနိမ့္ခဲ့ရပါတယ္။ ပြဲၿပီးခါနီးမွာ ေမဆင္ေမာင့္ရဲ႕အနီးကပ္ပိတ္သြင္းခ်က္ ဂိုးဘားေပၚေတာ္ေတာ္မ်ားမ်ားေက်ာ္သြားတာက ခ်ဲလ္ဆီးအတြက္ အေတာ္ေလးနစ္နာခဲ့ရပါတယ္။
Photo Credit
လီဗာပူးကေတာ့ ပထမပိုင္းမွာ အိမ္ရွင္အသင္းကို စိတ္ႀကိဳက္စုိးမုိးကစားသြားႏိုင္ခဲ့ၿပီး နည္းျပကေလာ့ပ္လည္း ပရီးမီးယားလိဂ္ပဲြစဥ္အျဖစ္ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ ၃ပြဲဆက္အႏိုင္ရတဲ့ပထမဆုံးလီဗာပူးနည္းျပျဖစ္လာပါတယ္။
Photo Credit
ပြဲအစကတည္းက ၂သင္းစလုံးတုိက္စစ္ဖြင့္ကစားခဲ့ၿပီး ပြဲခ်ိန္ ၁၄မိနစ္မွာ ျပစ္ဒဏ္ေဘာကေန ဆာလာ အသာေလးျပန္ခ်ေပးတာကို ညာေနာက္ခံလူ အာႏုိးလ္က ျပင္းထန္အားပါတဲ့ကန္ခ်က္နဲ႔ ခ်ဲလ္ဆီးဂိုးသမား ကီပါရဲ႕ဘယ္ဘက္အေပၚေထာင့္ထဲ လွလွပပကန္သြင္းယူႏုိင္ခဲ့လု႔ိ လီဗာပူးအသင္း ဦးေဆာင္ဂိုးရရွိခ့ဲပါတယ္။
Photo Credit
ေနာက္ ၁၂မိနစ္အၾကာမွာ ညာေနာက္ခံလူ အက္စ္ပီလီက်ဴတာ ဂုိးသြင္းႏိုင္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ ေမဆင္ေမာင့္ လူကၽြံေဘာျဖစ္ေနလုိ႔ ပယ္ဖ်က္ျခင္းခံခဲ့ရပါတယ္။ သိပ္မၾကာခင္ ပြဲခ်ိန္မိနစ္ ၃၀မွာ ေရာဘတ္ဆန္ရဲ႕ေပးပို႔မႈကေန လူကပ္မခံထားရတဲ့ ဖာမီႏိုက ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လို႔ လီဗာပူးအသင္း ဒုတိယေျမာက္ဦးေဆာင္ဂုိးရရွိခဲ့ပါတယ္။
Photo Credit
တုိက္စစ္မွဴး ေအဘရာဟမ္ ဂိုးေပါက္ေပ်ာက္ေနခ်ိန္မွာ ခ်ဲလ္ဆီးတုိက္စစ္က အနည္းငယ္႐ုန္းကန္ခဲ့ရၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာ ကြင္းလယ္လူ ကန္တီက ပင္နယ္တီဧရိယာထိပ္ကေန ဂိုးသမားရဲ႕ဘယ္ဘက္အေပၚေထာင့္ထဲ လွလွပပကန္သြင္းကာ ေခ်ပဂိုးတစ္ဂုိးသြင္းယူႏိုင္ခဲ့ပါတယ္။
Photo Credit
Unicode
ချဲလ်ဆီးရဲ့ပြန်လာဖို့ ကြိုးစားမှုကို ကျော်ဖြတ်ကာ စီးတီးကို ပုံမှန်အတိုင်း ၅မှတ်ဖြတ်ထားတဲ့ လီဗာပူး (ချဲလ်ဆီး ၁-၂ လီဗာပူး ပွဲပြီးမြင်ကွင်းကျယ်)
ပြီးခဲ့တဲ့ကြားရက် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ နာပိုလီကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ လီဗာပူးဟာ ဒီပွဲမှာတော့ ချဲလ်ဆီးအသင်းရဲ့ပြန်လာဖို့ ကြိုးစားမှုကို အကောင်းဆုံးကျော်ဖြတ်ကာ ၆ပွဲစလုံးအနိုင်ရမှုအဖြစ် အမှတ်ပြည့်ရရှိသွားခဲ့ပြီး ချဲလ်ဆီးကတော့ ဒီရာသီပထမဆုံးအိမ်ကွင်းနိုင်ပွဲရဖို့ ကြိုးစားနေရဆဲဖြစ်သွားရပါတယ်။
ချဲလ်ဆီးဟာ ဒီပွဲမှာလည်း ဂိုးတွေပေးခဲ့ရပြီး ကန်တီရဲ့လှပတဲ့ချေပဂိုးနဲ့အတူ ပွဲပြီးခါနီးမှာ သရေတစ်မှတ်ရစေမယ့် ချေပဂိုးရဖို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ မေဆင်မောင့်ရဲ့အနီးကပ်ပိတ်သွင်းချက် ဂိုးဘားပေါ်တော်တော်များများကျော်သွားတာက ချဲလ်ဆီးအတွက် အတော်လေးနစ်နာခဲ့ရပါတယ်။
လီဗာပူးကတော့ ပထမပိုင်းမှာ အိမ်ရှင်အသင်းကို စိတ်ကြိုက်စိုးမိုးကစားသွားနိုင်ခဲ့ပြီး နည်းပြကလော့ပ်လည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၃ပွဲဆက်အနိုင်ရတဲ့ပထမဆုံးလီဗာပူးနည်းပြဖြစ်လာပါတယ်။
ပွဲအစကတည်းက ၂သင်းစလုံးတိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲချိန် ၁၄မိနစ်မှာ ပြစ်ဒဏ်ဘောကနေ ဆာလာ အသာလေးပြန်ချပေးတာကို ညာနောက်ခံလူ အာနိုးလ်က ပြင်းထန်အားပါတဲ့ကန်ချက်နဲ့ ချဲလ်ဆီးဂိုးသမား ကီပါရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ လှလှပပကန်သွင်းယူနိုင်ခဲ့လု့ိ လီဗာပူးအသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
နောက် ၁၂မိနစ်အကြာမှာ ညာနောက်ခံလူ အက်စ်ပီလီကျူတာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ မေဆင်မောင့် လူကျွံဘောဖြစ်နေလို့ ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။ သိပ်မကြာခင် ပွဲချိန်မိနစ် ၃၀မှာ ရောဘတ်ဆန်ရဲ့ပေးပို့မှုကနေ လူကပ်မခံထားရတဲ့ ဖာမီနိုက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
တိုက်စစ်မှူး အေဘရာဟမ် ဂိုးပေါက်ပျောက်နေချိန်မှာ ချဲလ်ဆီးတိုက်စစ်က အနည်းငယ်ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၇၁ မိနစ်မှာ ကွင်းလယ်လူ ကန်တီက ပင်နယ်တီဧရိယာထိပ်ကနေ ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ လှလှပပကန်သွင်းကာ ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။