ခ်ဲလ္ဆီးရဲ႕အေကာင္းဆုံးနည္းျပအျဖစ္ဘယ္သူ႔ကို အက္ရွ္ေလကိုးလ္ေရြးခဲ့သလဲ

ခ်ဲလ္ဆီးအသင္းေနာက္ခံလူေဟာင္း အက္ရွ္ေလကိုးလ္က ခ်ဲလ္ဆီးရဲ႕အေကာင္းဆုံးနည္ျပကိုေရြးခ်ယ္ရာမွာ သူ႔ကိုအာဆင္နယ္ကေနေခၚယူခဲ့တဲ႔ ေမာ္ရင္ဟိုကိုခ်န္လွပ္ခဲ့ၿပီး အန္စေလာ႔တီကသာ အေကာင္းဆုံးနည္းျပျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

ခ်ဲလ္ဆီးဟာ ေမာ္ရင္ဟိုနည္းျပအျဖစ္ခန္႔အပ္ၿပီးမွ ျပည္တြင္းမွာလႊမ္းမိုးႏိုင္တဲ႔ထိပ္တန္းကလပ္ျဖစ္လာသလို ဥေရာပအဆင့္မွာဆိုရင္လည္း ခ်န္ပီယံဘြဲ႔ကို စိန္ေခၚႏိုင္တဲ႔အသင္းအျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။ ေမာ္ရင္ဟိုဟာ ၂၀၀၆ တုန္းက အက္ရွ္ေလကိုးလ္ကို အာဆင္နယ္ကေနေခၚယူခဲ့သူျဖစ္ပါတယ္။ ဒါေပမယ္႔ ကိုးလ္ဟာေမာ္ရင္လက္ေအာက္မွာ ပရီးမီးယားလိဂ္ဖလားမရခဲ့ဘဲ အက္ဖ္ေအနဲ႔လိဂ္ဖလားေတြသာရခဲ့တာျဖစ္ပါတယ္။

အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ႔ ကိုးလ္ဟာ ခ်ဲလ္ဆီးကိုအန္စေလာ႔တီကိုင္တြယ္ေတာ႔မွ ပရီးမီးယားလိဂ္ဖလားရခဲ့တာပါ။ ခ်ဲလ္ဆီးရဲ႕အေကာင္းဆုံးနည္းျပကိုေရြးခ်ယ္ရာမွာေတာ႔ သူကစားရတဲ႔အေျခအေနကိုထည့္တြက္ခဲ့ၿပီး အီတလီသားအန္စေလာ႔တီကသာ အေကာင္းဆုံးျဖစ္တယ္လို႔ ေျပာသြားတာပါ။

ခ်ဲလ္ဆီးမွာ ၈ ႏွစ္ၾကာကစားခဲ့တဲ႔ ကိုးလ္က”က်ြန္ေတာ္ဟာ အာဆင္နယ္မွာကတည္းက တိုက္စစ္ကိုပိုၿပီးအားသန္ခဲ့သူပါ။ ဒါေၾကာင့္ ကြ်န္ေတာ္႔ကစားဟန္နဲ႔အံ၀င္တဲ႔သူကလည္း တိုက္စစ္အသားေပးတဲ႔နည္းျပေတြဘဲျဖစ္ပါတယ္။ စကိုလာရီေရာက္လာေတာ႔ အေကာင္းဆုံးပုံစံကိုက်ြန္ေတာ္ျပန္ရခဲ့ၿပီး ယုံၾကည္မႈလည္းပိုလာပါတယ္။ ဒါေပမယ္႔က်ြန္ေတာ္႔ရဲ႕နံပါတ္ ၁ နည္းျပကေတာ႔ အန္စေလာ႔တီပါဘဲ။

သူဟာနည္းစနစ္ကို ေသခ်ာက်င့္သုံးသူျဖစ္ေပမယ္႔ က်ြန္ေတာ္႔ကိုေတာ႔လြတ္လပ္စြာကစားေစခဲ့တာပါ။ ဒါေၾကာင့္လည္း တိုက္စစ္ကိုလိုက္ပါႏိုင္ခဲ့တာေပါ့။ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားရခဲ့တဲ႔ ၂၀၀၉-၁၀ ေဘာလုံးရာသီဟာက်ြန္ေတာ္ရဲကေျခစြမ္းအေကာင္းဆုံးျဖစ္ခဲ့တဲ႔ ရာသီလို႔ထင္ပါတယ္။ တိုက္စစ္ကိုလိုက္သြားရင္ တယ္ရီကက်န္ေနရစ္ခဲ့သလို ဘယ္ေတာင္ပံမွာ မာလူဒါ၊ လမ္းပတ္တို႔နဲ႔လည္းေကာင္းစြာခ်ိတ္ဆက္ႏိုင္ခဲ့တာပါ။

ဒါေၾကာင့္အဲဒီရာသီဟာ က်ြန္ေတာ္႔ကစားသမားဘ၀မွာ ဂိုးအမ်ားဆုံးသြင္းႏိုင္တဲ႔ရာသီျဖစ္ခဲ့တာပါ” လို႔ေျပာသြားပါတယ္။ ကိုးလ္ဟာ အာဆင္နယ္အသင္းအကယ္ဒမီကေနထြက္ေပၚလာသူျဖစ္ၿပီး ခ်ဲလ္ဆီးကိုေျပာင္းၿပီးမွ ေအာင္ျမင္မႈေတြကိုပိုမိုရရွိခဲ့သူလည္းျဖစ္ပါတယ္။

Unicode

ချဲလ်ဆီးရဲ့အကောင်းဆုံးနည်းပြအဖြစ်ဘယ်သူ့ကို အက်ရှ်လေကိုးလ်ရွေးခဲ့သလဲ
ချဲလ်ဆီးအသင်းနောက်ခံလူဟောင်း အက်ရှ်လေကိုးလ်က ချဲလ်ဆီးရဲ့အကောင်းဆုံးနည်ပြကိုရွေးချယ်ရာမှာ သူ့ကိုအာဆင်နယ်ကနေခေါ်ယူခဲ့တဲ့ မော်ရင်ဟိုကိုချန်လှပ်ခဲ့ပြီး အန်စလော့တီကသာ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ချဲလ်ဆီးဟာ မော်ရင်ဟိုနည်းပြအဖြစ်ခန့်အပ်ပြီးမှ ပြည်တွင်းမှာလွှမ်းမိုးနိုင်တဲ့ထိပ်တန်းကလပ်ဖြစ်လာသလို ဥရောပအဆင့်မှာဆိုရင်လည်း ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ၂၀၀၆ တုန်းက အက်ရှ်လေကိုးလ်ကို အာဆင်နယ်ကနေခေါ်ယူခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ကိုးလ်ဟာမော်ရင်လက်အောက်မှာ ပရီးမီးယားလိဂ်ဖလားမရခဲ့ဘဲ အက်ဖ်အေနဲ့လိဂ်ဖလားတွေသာရခဲ့တာဖြစ်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကိုးလ်ဟာ ချဲလ်ဆီးကိုအန်စလော့တီကိုင်တွယ်တော့မှ ပရီးမီးယားလိဂ်ဖလားရခဲ့တာပါ။ ချဲလ်ဆီးရဲ့အကောင်းဆုံးနည်းပြကိုရွေးချယ်ရာမှာတော့ သူကစားရတဲ့အခြေအနေကိုထည့်တွက်ခဲ့ပြီး အီတလီသားအန်စလော့တီကသာ အကောင်းဆုံးဖြစ်တယ်လို့ ပြောသွားတာပါ။

ချဲလ်ဆီးမှာ ၈ နှစ်ကြာကစားခဲ့တဲ့ ကိုးလ်က”ကျွန်တော်ဟာ အာဆင်နယ်မှာကတည်းက တိုက်စစ်ကိုပိုပြီးအားသန်ခဲ့သူပါ။ ဒါကြောင့် ကျွန်တော့်ကစားဟန်နဲ့အံဝင်တဲ့သူကလည်း တိုက်စစ်အသားပေးတဲ့နည်းပြတွေဘဲဖြစ်ပါတယ်။ စကိုလာရီရောက်လာတော့ အကောင်းဆုံးပုံစံကိုကျွန်တော်ပြန်ရခဲ့ပြီး ယုံကြည်မှုလည်းပိုလာပါတယ်။ ဒါပေမယ့်ကျွန်တော့်ရဲ့နံပါတ် ၁ နည်းပြကတော့ အန်စလော့တီပါဘဲ။

သူဟာနည်းစနစ်ကို သေချာကျင့်သုံးသူဖြစ်ပေမယ့် ကျွန်တော့်ကိုတော့လွတ်လပ်စွာကစားစေခဲ့တာပါ။ ဒါကြောင့်လည်း တိုက်စစ်ကိုလိုက်ပါနိုင်ခဲ့တာပေါ့။ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားရခဲ့တဲ့ ၂၀၀၉-၁၀ ဘောလုံးရာသီဟာကျွန်တော်ရဲကခြေစွမ်းအကောင်းဆုံးဖြစ်ခဲ့တဲ့ ရာသီလို့ထင်ပါတယ်။ တိုက်စစ်ကိုလိုက်သွားရင် တယ်ရီကကျန်နေရစ်ခဲ့သလို ဘယ်တောင်ပံမှာ မာလူဒါ၊ လမ်းပတ်တို့နဲ့လည်းကောင်းစွာချိတ်ဆက်နိုင်ခဲ့တာပါ။

ဒါကြောင့်အဲဒီရာသီဟာ ကျွန်တော့်ကစားသမားဘဝမှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ရာသီဖြစ်ခဲ့တာပါ” လို့ပြောသွားပါတယ်။ ကိုးလ်ဟာ အာဆင်နယ်အသင်းအကယ်ဒမီကနေထွက်ပေါ်လာသူဖြစ်ပြီး ချဲလ်ဆီးကိုပြောင်းပြီးမှ အောင်မြင်မှုတွေကိုပိုမိုရရှိခဲ့သူလည်းဖြစ်ပါတယ်။