ခ်ဲလ္ဆီးရဲ႕နံပါတ္ ၉ က်ိန္စာကို အဆုံးသတ္ေပးမယ္လုိ႔ ေအဘရာဟမ္ကတိျပဳ

လမ္းပတ္ရဲ႕ေခတ္သစ္မွာ လူငယ္ၾကယ္ပြင့္ေလးေအဘရာဟမ္ဟာ ခ်ဲလ္ဆီးရဲ႕နံပတ္ ၉ က်ိန္စာကို အဆုံးသတ္ေပးဖို႔ အဆင္သင့္ျဖစ္ေနတဲ့ပုံပါပဲ။ သူဟာ မေန႔က ဂ်ပန္မွာကစားခဲ့တဲ့ ဘာစီလိုနာနဲ႔ ေျခစမ္းပြဲစဥ္မွာ နံပါတ္ ၉ အက်ၤီ၀တ္ဆင္ကစားၿပီး ေျခစြမး္ျပခဲ့ကာ ဘာစီလုိနာဂိုးသမားတာစတီဂန္ကိုလိမ္ေခါက္ၿပီး တစ္ဂိုးသြင္းေပးခဲ့ေသးတာပါ။ လာမယ့္ရာသီသစ္မွာလည္း သူဟာ ခ်ဲလ္ဆီးမွာ နံပါတ္ ၉ အက်ၤီ၀တ္ဆင္ကစားသြားမွာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ခ်ဲလ္ဆီးမွာ ေနာက္ပိုုင္းႏွစ္ေတြအတြင္း နံပါတ္ ၉ အက်ၤီ၀တ္ဆင္ကစားတဲ့သူတိုင္း ရုန္းကန္ခဲ့ရလို႔ အဲဒီနံပါတ္က က်ိန္စာသင့္သလို ျဖစ္ေနခဲ့တာပါ။

photo-gettyimages

ေအဘရာဟမ္ကေတာ့ ”ခ်ဲလ္ဆီးမွာ နံပါတ္ ၉ အက်ၤီ၀တ္၀တ္ဆင္ကစားရမွာျဖစ္လို႔ ဂုဏ္ယူမိပါတယ္။ နံပါတ္ ၉ ၀တ္ဖို႔ အဆင္သင့္ပဲလားလို႔ နည္းျပက ကၽြန္ေတာ့္ကို ေမးလာေတာ့ အဆင္သင့္ပဲလို႔ ျပန္ေျဖခဲ့ပါတယ္။ သူက ကၽြန္ေတာ့္ကို နံပါတ္ ၉ ေပးလို႔ ၀မး္ေျမာက္မိပါတယ္။ ေဘာလုံးဟာ ဖိအားေတြအမ်ားႀကီးကို သယ္ေဆာင္လာပါတယ္။ အဲဒါကပဲ ကၽြန္ေတာ့္ကို တြန္းအားျဖစ္ေစၿပီး အပိုယုံၾကည္မႈရေစတာပါ။ နံပါတ္၉ နဲ႔ပတ္သက္ၿပီး ေပါက္ကရေတြအားလုံးကို ကၽြန္ေတာ္ၾကားၿပီးပါၿပီ။ ပြဲကစားဖို႔နဲ႔ အေကာင္းဆုံးလုပ္ေဆာင္ဖုိ႔ ကၽြန္ေတာ္ ဒီကိုေရာက္ေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

photo-gettyimages

ခ်ဲလ္ဆီးဟာ အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရတဲ့အတြက္ လာမယ့္ရာသီမွာ ေအဘရာဟမ္နဲ႔ ေမဆင္ေမာင့္တုိ႔လို အလားအလားရွိလူငယ္ေတြကို အားကိုးရေတာ့မွာပါ။ ၂၁ ႏွစ္သာရွိေသးတဲ့ ေအဘရာဟမ္ဟာ ခ်ဲလ္ဆီးအကယ္ဒမီထြက္ကစားသမားျဖစ္ၿပီး ေနာက္ဆုံး ၃ ရာသီမွာ အက္စ္တြန္ဗီလာ၊ဆြမ္ဆီးနဲ႔ ဘရစၥတိုးလ္တို႔မွာ သြားေရာက္အငွားကစားခဲ့ရပါတယ္။ ၂၀၁၆ ကတည္းက ခ်ဲလ္ဆီးအသင္းႀကီးမွာ စတင္ပါ၀င္လာေပမယ့္ အငွားသြားကစားရမႈေတြေၾကာင့္ အသင္းႀကီးအတြက္ ၿပိဳင္ပြဲအသြင္ ၂ ပြဲသာကစားခြင့္ရပါေသးတယ္။

[Unicode]

လမ်းပတ်ရဲ့ခေတ်သစ်မှာ လူငယ်ကြယ်ပွင့်လေးအေဘရာဟမ်ဟာ ချဲလ်ဆီးရဲ့နံပတ် ၉ ကျိန်စာကို အဆုံးသတ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပါပဲ။ သူဟာ မနေ့က ဂျပန်မှာကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ခြေစမ်းပွဲစဉ်မှာ နံပါတ် ၉ အကျင်္ီဝတ်ဆင်ကစားပြီး ခြေစွမး်ပြခဲ့ကာ ဘာစီလိုနာဂိုးသမားတာစတီဂန်ကိုလိမ်ခေါက်ပြီး တစ်ဂိုးသွင်းပေးခဲ့သေးတာပါ။ လာမယ့်ရာသီသစ်မှာလည်း သူဟာ ချဲလ်ဆီးမှာ နံပါတ် ၉ အကျင်္ီဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ချဲလ်ဆီးမှာ နောက်ပိုုင်းနှစ်တွေအတွင်း နံပါတ် ၉ အကျင်္ီဝတ်ဆင်ကစားတဲ့သူတိုင်း ရုန်းကန်ခဲ့ရလို့ အဲဒီနံပါတ်က ကျိန်စာသင့်သလို ဖြစ်နေခဲ့တာပါ။

အေဘရာဟမ်ကတော့ ”ချဲလ်ဆီးမှာ နံပါတ် ၉ အကျင်္ီဝတ်ဝတ်ဆင်ကစားရမှာဖြစ်လို့ ဂုဏ်ယူမိပါတယ်။ နံပါတ် ၉ ဝတ်ဖို့ အဆင်သင့်ပဲလားလို့ နည်းပြက ကျွန်တော့်ကို မေးလာတော့ အဆင်သင့်ပဲလို့ ပြန်ဖြေခဲ့ပါတယ်။ သူက ကျွန်တော့်ကို နံပါတ် ၉ ပေးလို့ ဝမး်မြောက်မိပါတယ်။ ဘောလုံးဟာ ဖိအားတွေအများကြီးကို သယ်ဆောင်လာပါတယ်။ အဲဒါကပဲ ကျွန်တော့်ကို တွန်းအားဖြစ်စေပြီး အပိုယုံကြည်မှုရစေတာပါ။ နံပါတ်၉ နဲ့ပတ်သက်ပြီး ပေါက်ကရတွေအားလုံးကို ကျွန်တော်ကြားပြီးပါပြီ။ ပွဲကစားဖို့နဲ့ အကောင်းဆုံးလုပ်ဆောင်ဖို့ ကျွန်တော် ဒီကိုရောက်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ အပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့အတွက် လာမယ့်ရာသီမှာ အေဘရာဟမ်နဲ့ မေဆင်မောင့်တို့လို အလားအလားရှိလူငယ်တွေကို အားကိုးရတော့မှာပါ။ ၂၁ နှစ်သာရှိသေးတဲ့ အေဘရာဟမ်ဟာ ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး နောက်ဆုံး ၃ ရာသီမှာ အက်စ်တွန်ဗီလာ၊ဆွမ်ဆီးနဲ့ ဘရစ္စတိုးလ်တို့မှာ သွားရောက်အငှားကစားခဲ့ရပါတယ်။ ၂၀၁၆ ကတည်းက ချဲလ်ဆီးအသင်းကြီးမှာ စတင်ပါဝင်လာပေမယ့် အငှားသွားကစားရမှုတွေကြောင့် အသင်းကြီးအတွက် ပြိုင်ပွဲအသွင် ၂ ပွဲသာကစားခွင့်ရပါသေးတယ်။