
photo-gettyimages
photo-gettyimages
စပြန္ဆာနာမည္အရ ကာရာေဘာင္းဖလားလုိ႔ လူသိမ်ားတဲ့ အဂၤလန္လိဂ္ဖလား ၁၆ သင္းအဆင့္ ပြဲစဥ္ေတြထြက္ေပၚလာၿပီျဖစ္ရာ ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္ၾကတဲ့ ခ်ဲလ္ဆီးနဲ႔မန္ယူတို႔ ထိပ္တိုက္ေတြ႕ေနၾကပါတယ္။ အဂၤလန္လိဂ္ဖလား ၁၆ သင္းအဆင့္မွာ ခ်ဲလ္ဆီး-မန္ယူအျပင္ ေနာက္ထပ္ပြဲႀကီးပြဲေကာင္းတစ္ပြဲလညး္ ပါ၀င္ေနပါတယ္။ အဲဒါကေတာ့ လီဗာပူးနဲ႔အာဆင္နယ္တို႔ ရင္ဆိုင္ေတြ႕ေနၾကတာပါပဲ။
photo-reuters
ခ်ဲလ္ဆီးနဲ႔မန္ယူတို႔ဟာ အဂၤလန္လိဂ္ဖလားၿပိဳင္ပြဲမွာ ၅ ႀကိမ္ေျမာက္ေတြ႕ဆုံတာျဖစ္ၿပီး ၂၀၁၂ ေနာက္ပိုင္း အဲဒီၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ျပန္ေတြ႕တာလည္း ျဖစ္ပါတယ္။ အဲဒီတုန္းက စတုတၳအဆင့္လို႔ဆုိႏိုင္တဲ့ဒီအဆင့္မွာပဲ ခ်ဲလ္ဆီးက မန္ယူကို ၅-၄ ဂိုးနဲ႔ အႏိုင္ရေက်ာ္ျဖတ္ခဲ့ဖူးပါတယ္။ ဒီရာသီပရီးမီးယားလိဂ္ေတြ႕ဆုံမႈမွာေတာ့ မန္ယူက အိုးလ္ထရက္ဖုိ႔ဒ္မွာ ခ်ဲလ္ဆီးကို ၄ ဂိုးျပတ္ထားပါတယ္။ လီဗာပူးနဲ႔အာဆင္နယ္တို႔ကေတာ့ ဒီၿပိဳင္ပြဲမွာ ၁၅ ႀကိမ္ေျမာက္ေတြ႕ဆုံတာျဖစ္ၿပီး ၿပိဳင္ပြဲသမုိင္းမွာ ေတြ႕ျမင္ရအမ်ားဆုံးပြဲစဥ္လည္း ျဖစ္ပါတယ္။ ဒီရာသီပရီးမီးယားလိဂ္ေတြ႕ဆုံမႈမွာေတာ့ လီဗာပူးက အာဆင္နယ္ကို အန္ဖီးလ္မွာ ၃-၁ နဲ႔ႏုိင္ထားပါတယ္။
photo-gettyimages
က်န္ပြဲစဥ္ေတြမွာ လက္ရွိခ်န္ပီယံမန္စီးတီးကေတာ့ ေဆာက္သမ္တန္ကို အိမ္ကြင္းဧည့္ခံရမွာျဖစ္ၿပီး အဲဗာတန္နဲ႔၀က္ဖုိ႔ဒ္၊ အက္စ္တြန္ဗီလာနဲ႔၀ုဗ္တုိ႔ ပရီးမီးယားလိဂ္အသင္းအခ်င္းခ်င္းေတြ႕ဆုံတဲ့့ပြဲေတြလည္း ပါ၀င္ေနပါတယ္။ လက္စတာကေတာ့ ဒီအဆင့္မွာ ေအာက္တန္းၿပိဳင္ဘက္နဲ႔ကစားရတဲ့ တစ္သင္းတည္းေသာပရီးမီးယားလိဂ္ကလပ္ျဖစ္ပါတယ္။ ပြဲစဥ္ေတြကိုေတာ့ ေအာက္တုိဘာ ၂၈ ၀န္းက်င္မွာ ကစားသြားမွာပါ။
အဂၤလန္လိဂ္ဖလား ၁၆ သင္းအဆင့္
အဲဗာတန္ – ၀က္ဖုိ႔ဒ္
အက္စ္တြန္ဗီလာ – ၀ုဗ္
မန္စီးတီး – ေဆာက္သမ္တန္
ဘာတန္ – လက္စတာ
ခေရာ္ေလ – ကိုလ္ခ်က္စတာ
ခ်ဲလ္ဆီး – မန္ယူ
ေအာက္စဖို႔ဒ္ – ဆန္းဒါးလန္း
လီဗာပူး – အာဆင္နယ္
[Unicode]
စပွန်ဆာနာမည်အရ ကာရာဘောင်းဖလားလို့ လူသိများတဲ့ အင်္ဂလန်လိဂ်ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွေထွက်ပေါ်လာပြီဖြစ်ရာ ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်ကြတဲ့ ချဲလ်ဆီးနဲ့မန်ယူတို့ ထိပ်တိုက်တွေ့နေကြပါတယ်။ အင်္ဂလန်လိဂ်ဖလား ၁၆ သင်းအဆင့်မှာ ချဲလ်ဆီး-မန်ယူအပြင် နောက်ထပ်ပွဲကြီးပွဲကောင်းတစ်ပွဲလည်း ပါဝင်နေပါတယ်။ အဲဒါကတော့ လီဗာပူးနဲ့အာဆင်နယ်တို့ ရင်ဆိုင်တွေ့နေကြတာပါပဲ။
ချဲလ်ဆီးနဲ့မန်ယူတို့ဟာ အင်္ဂလန်လိဂ်ဖလားပြိုင်ပွဲမှာ ၅ ကြိမ်မြောက်တွေ့ဆုံတာဖြစ်ပြီး ၂၀၁၂ နောက်ပိုင်း အဲဒီပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ပြန်တွေ့တာလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက စတုတ္ထအဆင့်လို့ဆိုနိုင်တဲ့ဒီအဆင့်မှာပဲ ချဲလ်ဆီးက မန်ယူကို ၅-၄ ဂိုးနဲ့ အနိုင်ရကျော်ဖြတ်ခဲ့ဖူးပါတယ်။ ဒီရာသီပရီးမီးယားလိဂ်တွေ့ဆုံမှုမှာတော့ မန်ယူက အိုးလ်ထရက်ဖို့ဒ်မှာ ချဲလ်ဆီးကို ၄ ဂိုးပြတ်ထားပါတယ်။ လီဗာပူးနဲ့အာဆင်နယ်တို့ကတော့ ဒီပြိုင်ပွဲမှာ ၁၅ ကြိမ်မြောက်တွေ့ဆုံတာဖြစ်ပြီး ပြိုင်ပွဲသမိုင်းမှာ တွေ့မြင်ရအများဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်တွေ့ဆုံမှုမှာတော့ လီဗာပူးက အာဆင်နယ်ကို အန်ဖီးလ်မှာ ၃-၁ နဲ့နိုင်ထားပါတယ်။
ကျန်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံမန်စီးတီးကတော့ ဆောက်သမ်တန်ကို အိမ်ကွင်းဧည့်ခံရမှာဖြစ်ပြီး အဲဗာတန်နဲ့ဝက်ဖို့ဒ်၊ အက်စ်တွန်ဗီလာနဲ့ဝုဗ်တို့ ပရီးမီးယားလိဂ်အသင်းအချင်းချင်းတွေ့ဆုံတဲ့ပွဲတွေလည်း ပါဝင်နေပါတယ်။ လက်စတာကတော့ ဒီအဆင့်မှာ အောက်တန်းပြိုင်ဘက်နဲ့ကစားရတဲ့ တစ်သင်းတည်းသောပရီးမီးယားလိဂ်ကလပ်ဖြစ်ပါတယ်။ ပွဲစဉ်တွေကိုတော့ အောက်တိုဘာ ၂၈ ဝန်းကျင်မှာ ကစားသွားမှာပါ။
အင်္ဂလန်လိဂ်ဖလား ၁၆ သင်းအဆင့်
အဲဗာတန် – ဝက်ဖို့ဒ်
အက်စ်တွန်ဗီလာ – ဝုဗ်
မန်စီးတီး – ဆောက်သမ်တန်
ဘာတန် – လက်စတာ
ခရော်လေ – ကိုလ်ချက်စတာ
ချဲလ်ဆီး – မန်ယူ
အောက်စဖို့ဒ် – ဆန်းဒါးလန်း
လီဗာပူး – အာဆင်နယ်