
Photo Credit
Photo Credit ; Eamonn and James Clarke
မန္ခ်က္စတာယူႏိုက္တက္ အသင္းသားေတြဟာ ယေန႔ညအိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္အတြက္ ယမန္ေန႔က ေလာ္ရီဟိုတယ္ကိုေရာက္ရွိလာခဲ့ပါတယ္။
Photo Credit ; Eamonn and James Clarke
နည္းျပဆိုးလ္ရွားကေတာ့ ၿပီးခဲ့တဲ့ရာသီကစိတ္ပ်က္ဖြယ္ ရလဒ္ဆိုးေတြကို သင္ပုန္းေခ်ၿပီး ဒီရာသီကိုပိုမိုေကာင္းမြန္တဲ့ ရာသီတစ္ခုျဖစ္ေအာင္ လုပ္ေဆာင္ဖို႔အတြက္ စိတ္အားထက္သန္ေနပါတယ္။
Photo Credit ; Eamonn and James Clarke
ယမန္ေန႔က နည္းျပဆိုးရွားက ေကာင္းမြန္တဲ့စိတ္အေျခအေနရွိေနပံုေပါက္ၿပီး ေလာ္ရီဟိုတယ္ အျပင္ဘက္ကပရိသတ္ေတြအားလံုးကို ရယ္ရယ္ေမာေမာနဲ႔ လက္မွတ္ေရးထိုးေပးခဲ့ပါတယ္။
Photo Credit ; Eamonn and James Clarke
အဆိုပါ ယူႏိုက္တက္လူစာရင္းမွာ ျပင္သစ္သားကြင္းလယ္လူေပါလ္ေပါ့ဂ္ဘာလည္း ပါဝင္ခဲ့ပါတယ္။ ေပါ့ဂ္ဘာက Lollipop သၾကားလံုး စုပ္ကာ ကားေပၚကေန ဆင္းလာခဲ့ပါတယ္။
Photo Credit ; Eamonn and James Clarke
ေႏြရာသီကေခၚယူထားတဲ့ အာရြန္ဝမ္ဘစ္ဆာကာနဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တို႔လည္း ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲဦးထြက္ပြဲစဥ္အတြက္ လိုက္ပါခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အပတ္ကေပါင္ သန္း ၈၀ ျဖင့္ေခၚယူထားခဲ့တဲ့ လက္စတာေနာက္ခံလူမက္ဂိြဳင္းယားလည္းယူႏိုက္တက္ရဲ႕ပြဲဦးထြက္ပြဲစဥ္မွာပါဝင္ ကစားမွာ ျဖစ္ပါတယ္။
Photo Credit ; Eamonn and James Clarke
လူငယ္ၾကယ္ပြင့္ ကစားသမားတစ္ဦးျဖစ္တဲ့ ေမဆင္ဂရင္းဝုဒ္ကေတာ့ ပြဲထြက္လူစာရင္းမွာ ပါဝင္ႏိုင္ဖြယ္ရွိၿပီး ေလာ္ရီဟိုတယ္ကို ေရာက္ရွိလာတဲ့လူစာရင္းမွာ တာဟစ္ေခ်ာင္နဲ႔ အိန္ဂ်ယ္ဂိုမက္စ္တုိ႔လည္း ပါဝင္ခဲ့ပါတယ္။
Photo Credit ; Getty Images
ၿပီးခဲ့တဲ့ရာသီကအဆင့္ ၆ ေနရာနဲ႔သာ ရာသီပိတ္သိမ္းခဲ့ရေပမယ့္ ပြဲဦးထြက္ပြဲစဥ္ကစတင္ၿပီး ဒီရာသီမွာ ပိုမိုေကာင္းမြန္တဲ့ရလဒ္ေတြ ရရွိေအာင္ စြမ္းေဆာင္ႏိုင္မယ္လို႔ နည္းျပဆိုးလ္ရွားကယံုၾကည္ေနပါတယ္။
Photo Credit ; Getty Images
Unicode
ချဲလ်ဆီးနဲ့ပွဲအတွက် လော်ရီဟိုတယ်ရောက်လာတဲ့ ယူနိုက်တက်အသင်းကို ပရိသတ်တွေ ကြိုဆို
မန်ချက်စတာယူနိုက်တက် အသင်းသားတွေဟာ ယနေ့ညအိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်အတွက် ယမန်နေ့က လော်ရီဟိုတယ်ကိုရောက်ရှိလာခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့ရာသီကစိတ်ပျက်ဖွယ် ရလဒ်ဆိုးတွေကို သင်ပုန်းချေပြီး ဒီရာသီကိုပိုမိုကောင်းမွန်တဲ့ ရာသီတစ်ခုဖြစ်အောင် လုပ်ဆောင်ဖို့အတွက် စိတ်အားထက်သန်နေပါတယ်။
ယမန်နေ့က နည်းပြဆိုးရှားက ကောင်းမွန်တဲ့စိတ်အခြေအနေရှိနေပုံပေါက်ပြီး လော်ရီဟိုတယ် အပြင်ဘက်ကပရိသတ်တွေအားလုံးကို ရယ်ရယ်မောမောနဲ့ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
အဆိုပါ ယူနိုက်တက်လူစာရင်းမှာ ပြင်သစ်သားကွင်းလယ်လူပေါလ်ပေါ့ဂ်ဘာလည်း ပါဝင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာက Lollipop သကြားလုံး စုပ်ကာ ကားပေါ်ကနေ ဆင်းလာခဲ့ပါတယ်။
နွေရာသီကခေါ်ယူထားတဲ့ အာရွန်ဝမ်ဘစ်ဆာကာနဲ့ ဒန်နီရယ်ဂျိမ်းစ်တို့လည်း ချဲလ်ဆီးအသင်းနဲ့ ပွဲဦးထွက်ပွဲစဉ်အတွက် လိုက်ပါခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပေါင် သန်း ၈၀ ဖြင့်ခေါ်ယူထားခဲ့တဲ့ လက်စတာနောက်ခံလူမက်ဂွိုင်းယားလည်းယူနိုက်တက်ရဲ့ပွဲဦးထွက်ပွဲစဉ်မှာပါဝင် ကစားမှာ ဖြစ်ပါတယ်။
လူငယ်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်ကတော့ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖွယ်ရှိပြီး လော်ရီဟိုတယ်ကို ရောက်ရှိလာတဲ့လူစာရင်းမှာ တာဟစ်ချောင်နဲ့ အိန်ဂျယ်ဂိုမက်စ်တို့လည်း ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကအဆင့် ၆ နေရာနဲ့သာ ရာသီပိတ်သိမ်းခဲ့ရပေမယ့် ပွဲဦးထွက်ပွဲစဉ်ကစတင်ပြီး ဒီရာသီမှာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရရှိအောင် စွမ်းဆောင်နိုင်မယ်လို့ နည်းပြဆိုးလ်ရှားကယုံကြည်နေပါတယ်။