ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ သတင္းစာရွင္းလင္းပြဲကို ဗလင္စီယာကစားသမားေတြသပိတ္ေမွာက္

photo-daily mail

photo-AFP

ဗလင္စီယာကစားသမားေတြဟာ အရင္နည္းျပကိုထုတ္ပယ္ခဲ့တာနဲ႔ပတ္သက္လုိ႔ ေက်နပ္မႈမရွိတာေၾကာင့္ မီဒီယာေတြ႕ဆုံမႈကို သပိတ္ေမွာက္ဖို႔ ေရြးခ်ယ္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးနဲ႔ခ်န္ပီယံလိဂ္ပြဲအတြက္ သတင္းစာရွင္းလင္းပြဲကို လက္ရွိနည္းျပဆီလာဒက္စ္တစ္ေယာက္တည္းသာ တက္ေရာက္ခဲ့ရပါတယ္။ အဲဒီလာလီဂါအသင္းဟာ ၿပီးခဲ့တဲ့အပတ္က နည္းျပမာဆယ္လင္ႏိုကို ရုတ္တရတ္ထုတ္ပယ္ၿပီး ဆီလာဒက္စ္နဲ႔အစားထုိးခဲ့တာပါ။ မာဆယ္လင္ႏိုဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဗလင္စီယာကို စပိန္ဘုရင့္ဖလားေအာင္ျမင္မႈရယူေပးခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရေအာင္လည္း စြမ္းေဆာင္ေပးႏိုင္ခဲ့တာပါ။

photo-gettyimages

ဒါေပမဲ့လည္း အသင္းပိုင္ရွင္ျဖစ္တဲ့ စင္ကာပူစီးပြားေရးလုပ္ငန္းရွင္ပီတာလင္နဲ႔ ဆက္ဆံေရးအဆင္မေျပတာေၾကာင့္ ေအာင္ျမင္မႈေတြရယူေပးႏိုင္ခဲ့ေပမယ့္လည္း ထုတ္ပယ္ျခငး္ခံလိုက္ရပါတယ္။ ဒါကို ဗလင္စီယာပရိသတ္ေတြကလည္း ေက်နပ္ျခင္းမရွိဘဲ အသင္းပိုင္ရွင္ကို ဆိုရွယ္မီဒီယာထက္မွာ ဆႏၵျပမႈေတြလုပ္ေနၾကပါတယ္။ လက္ရွိနည္းျပဆီလာဒက္စ္ဟာ အေတြ႕အႀကဳံနည္းပါးသူျဖစ္ၿပီး အရင္က ရီးရဲလ္မွာ လက္ေထာက္နည္းျပအျဖစ္သာ ေဆာင္ရြက္ဖူးကာ သူ႔လက္ထက္ ပထမဆုံးပြဲမွာလည္း ဘာစီလိုနာကို ၅-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ ဒီၾကားရက္မွာေတာ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္အျဖစ္ ခ်ဲလ္ဆီးနဲ႔ဆက္လက္ကစားရမွာျဖစ္ကာ အသင္းတြင္းမတည္ၿငိမ္မႈေၾကာင့္ ရလဒ္ေကာင္းရဖို႔ ဆက္လက္ရုန္းကန္ရဖြယ္ရွိေနပါတယ္။

photo-gettyimages

သတင္းစာရွငး္လင္းပြဲကိုတစ္ေယာက္တည္းတက္ေရာက္လာတဲ့ ဗလင္စီယာနည္းျပဆီလာဒက္စ္ကေတာ့”အသင့္ဆုံးအေျခအေနမဟုတ္တာေတာ့ ေသခ်ာပါတယ္။ ဒါေပမ့ဲ အဲဒါက ကစားသမားေတြရဲ႕ဆုံးျဖတ္ခ်က္ပါ။ ဒီအေၾကာင္းနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ့္မွာ အမ်ားႀကီးထပ္ေျပာစရာမရွိပါဘူး။ ဒါေပမဲ့ လာမယ့္ပြဲေတြအတြက္ သူတုိ႔အင္တုိက္အားတုိက္ယွဥ္ၿပိဳင္မယ္လုိ႔ ကၽြန္ေတာ္ခိုင္ခိုင္မာမာေျပာရဲပါတယ္။ အားလုံးက ခ်န္ပီယံလိဂ္မွာ ကစားလိုၾကၿပီး ဘယ္သူကမွလြဲေခ်ာ္ခ်င္တာ မဟုတ္ပါဘူး။ ကၽြန္ေတာ့္အတြက္ အဲဒါကသာ အေရးႀကီးဆုံးပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

[Unicode]

ဗလင်စီယာကစားသမားတွေဟာ အရင်နည်းပြကိုထုတ်ပယ်ခဲ့တာနဲ့ပတ်သက်လို့ ကျေနပ်မှုမရှိတာကြောင့် မီဒီယာတွေ့ဆုံမှုကို သပိတ်မှောက်ဖို့ ရွေးချယ်ခဲ့တာကြောင့် ချဲလ်ဆီးနဲ့ချန်ပီယံလိဂ်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို လက်ရှိနည်းပြဆီလာဒက်စ်တစ်ယောက်တည်းသာ တက်ရောက်ခဲ့ရပါတယ်။ အဲဒီလာလီဂါအသင်းဟာ ပြီးခဲ့တဲ့အပတ်က နည်းပြမာဆယ်လင်နိုကို ရုတ်တရတ်ထုတ်ပယ်ပြီး ဆီလာဒက်စ်နဲ့အစားထိုးခဲ့တာပါ။ မာဆယ်လင်နိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗလင်စီယာကို စပိန်ဘုရင့်ဖလားအောင်မြင်မှုရယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

ဒါပေမဲ့လည်း အသင်းပိုင်ရှင်ဖြစ်တဲ့ စင်ကာပူစီးပွားရေးလုပ်ငန်းရှင်ပီတာလင်နဲ့ ဆက်ဆံရေးအဆင်မပြေတာကြောင့် အောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပေမယ့်လည်း ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ ဒါကို ဗလင်စီယာပရိသတ်တွေကလည်း ကျေနပ်ခြင်းမရှိဘဲ အသင်းပိုင်ရှင်ကို ဆိုရှယ်မီဒီယာထက်မှာ ဆန္ဒပြမှုတွေလုပ်နေကြပါတယ်။ လက်ရှိနည်းပြဆီလာဒက်စ်ဟာ အတွေ့အကြုံနည်းပါးသူဖြစ်ပြီး အရင်က ရီးရဲလ်မှာ လက်ထောက်နည်းပြအဖြစ်သာ ဆောင်ရွက်ဖူးကာ သူ့လက်ထက် ပထမဆုံးပွဲမှာလည်း ဘာစီလိုနာကို ၅-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီကြားရက်မှာတော့ ချန်ပီယံလိဂ်အုပ်စုအဖွင့်အဖြစ် ချဲလ်ဆီးနဲ့ဆက်လက်ကစားရမှာဖြစ်ကာ အသင်းတွင်းမတည်ငြိမ်မှုကြောင့် ရလဒ်ကောင်းရဖို့ ဆက်လက်ရုန်းကန်ရဖွယ်ရှိနေပါတယ်။

သတင်းစာရှင်းလင်းပွဲကိုတစ်ယောက်တည်းတက်ရောက်လာတဲ့ ဗလင်စီယာနည်းပြဆီလာဒက်စ်ကတော့”အသင့်ဆုံးအခြေအနေမဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ အဲဒါက ကစားသမားတွေရဲ့ဆုံးဖြတ်ချက်ပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အများကြီးထပ်ပြောစရာမရှိပါဘူး။ ဒါပေမဲ့ လာမယ့်ပွဲတွေအတွက် သူတို့အင်တိုက်အားတိုက်ယှဉ်ပြိုင်မယ်လို့ ကျွန်တော်ခိုင်ခိုင်မာမာပြောရဲပါတယ်။ အားလုံးက ချန်ပီယံလိဂ်မှာ ကစားလိုကြပြီး ဘယ်သူကမှလွဲချော်ချင်တာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် အဲဒါကသာ အရေးကြီးဆုံးပါ”လို့ ပြောကြားခဲ့ပါတယ်။