ခ်ဲလ္ဆီးနည္းျပဘ၀ လမ္းပတ္ရဲ႕ပထမဆုံးရာသီမွာ ဘယ္အဆင့္နဲ႔အဆုံးသတ္မလဲဆိုတာ ခန္႔မွန္းလုိက္တဲ့ ဇုိလာ

Photo Credit ; Getty Images

Photo Credit ; Getty Images

ခ်ဲလ္ဆီးအသင္းအေနနဲ႔ နည္းျပသစ္လမ္းပတ္လက္ထက္ ပထမဆုံရာသီမွာ ၿပီးခဲ့တဲ့ရာသီကထက္ အဆင့္ရပ္တည္မႈ ၂ဆင့္က်ဆင္းသြားလိမ့္မယ္လုိ႔ လက္ေထာက္နည္းျပေဟာင္းလည္းျဖစ္၊ ဂႏၳ၀င္ကစားသမားတစ္ဦးလည္းျဖစ္တဲ့ ဇိုလာက ေဟာကိန္းထုတ္သြားပါတယ္။

Photo Credit ; Getty Images

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက နည္းျပဆာရီနဲ႔ လက္ေထာက္နည္းျပ ဇုိလာတုိ႔ရဲ႕လက္ေအာက္မွာ ရလဒ္ေကာင္းေတြရယူႏုိင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ရမွတ္ ၇၂မွတ္နဲ႔ တတိယေနရာရရွိခဲ့သလို ယူ႐ိုပါလိဂ္မွာလည္း ျပည္တြင္းၿပိဳင္ဘက္ အာဆင္နယ္ကို ဂိုးျပတ္အႏိုင္ယူကာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

Photo Credit ; Getty Images / AFP

ဆာရီဟာ ၂၀၁-၁၉ ရာသီအၿပီးမွာပဲ ဂ်ဴဗင္တပ္စ္နည္းျပအျဖစ္ တာ၀န္ယူဖုိ႔ ခ်ဲလ္ဆီးအသင္းနဲ႔လမ္းခြဲသြားခဲ့ၿပီး စတမ္းဖုိ႔ဒ္ဘရစ္ခ်္အေျခစိုက္အသင္းကလည္း ဂႏၳ၀င္ကစားသမား ဖရန္႔လမ္းပတ္ကို နည္းျပသစ္အျဖစ္ အစားထုိးခန္႔အပ္ခဲ့ပါတယ္။

Photo Credit ; EMPICS Sport

လမ္းပတ္ဟာ နည္းျပဘ၀ သူ႕ရဲ႕ပထမဆုံးရာသီမွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏုိင္ခဲ့ၿပီး ယမန္ႏွစ္ရာသီက ဒါဘီအသင္းကို ခ်န္ပီယံရွစ္တန္းတက္ပေလးေအာ့ဖ္ဗိုလ္လုပြဲအထိ တက္ေရာက္ေစဖို႔ ဦးေဆာင္ႏိုင္ခဲ့ကာ အက္စ္တြန္ဗီလာကို အေရးနိမ့္ခဲ့လုိ႔သာ တန္းတက္ခြင့္ဆုံး႐ံႈးခဲ့ရတာပါ။

Photo Credit ; Getty Images

ဒါေပမဲ့ အဂၤလန္အသင္းလက္ေရြးစင္ေဟာင္းလမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းမွာ အေျပာင္းအေရႊ႕ပိတ္ပင္ခံရတဲ့ျပစ္ဒဏ္ေၾကာင့္ ကစားသမားအင္အားျဖည့္တင္းဖို႔ အခက္ႀကံဳခ့ဲရၿပီး သူ႕အေနနဲ႔ ရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖုိ႔ ႐ုန္းကန္ရလိမ့္မယ္လုိ႔ အီတလီႏိုင္ငံသား ဇုိလာက သုံးသပ္ခဲ့ပါတယ္။

Photo Credit

”ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အားၿပိဳင္မႈေတြက တကယ့္ကိုခက္ခဲၾကမ္းတမ္းလာႏိုင္ပါတယ္။ ေျပာရရင္ တစ္သင္းနဲ႔တစ္သင္း သိပ္မကြာဘဲ ေနာက္ဆုံးအခ်ိန္အထိ အားၿပိဳင္ရဖို႔ မ်ားပါတယ္”လုိ႔ ဇိုလာက ေျပာပါတယ္။ ခ်ဲလ္ဆီးဟာ ရာသီအဖြင့္ပြဲစဥ္အျဖစ္ ယေန႔ညမွာ ယမန္ႏွစ္ရာသီက အဆင့္ ၆ ေနရာရရိွခဲ့တဲ့ ယူႏုိက္တက္နဲ႔အေ၀းကြင္းပဲြကစားရမွာျဖစ္ပါတယ္။

Photo Credit ; PA

Unicode

ချဲလ်ဆီးနည်းပြဘ၀ လမ်းပတ်ရဲ့ပထမဆုံးရာသီမှာ ဘယ်အဆင့်နဲ့အဆုံးသတ်မလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ဇိုလာ

ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြသစ်လမ်းပတ်လက်ထက် ပထမဆုံရာသီမှာ ပြီးခဲ့တဲ့ရာသီကထက် အဆင့်ရပ်တည်မှု ၂ဆင့်ကျဆင်းသွားလိမ့်မယ်လို့ လက်ထောက်နည်းပြဟောင်းလည်းဖြစ်၊ ဂန္ထဝင်ကစားသမားတစ်ဦးလည်းဖြစ်တဲ့ ဇိုလာက ဟောကိန်းထုတ်သွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဆာရီနဲ့ လက်ထောက်နည်းပြ ဇိုလာတို့ရဲ့လက်အောက်မှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရမှတ် ၇၂မှတ်နဲ့ တတိယနေရာရရှိခဲ့သလို ယူရိုပါလိဂ်မှာလည်း ပြည်တွင်းပြိုင်ဘက် အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဆာရီဟာ ၂၀၁-၁၉ ရာသီအပြီးမှာပဲ ဂျူဗင်တပ်စ်နည်းပြအဖြစ် တာဝန်ယူဖို့ ချဲလ်ဆီးအသင်းနဲ့လမ်းခွဲသွားခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်အခြေစိုက်အသင်းကလည်း ဂန္ထဝင်ကစားသမား ဖရန့်လမ်းပတ်ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့ပါတယ်။
လမ်းပတ်ဟာ နည်းပြဘ၀ သူ့ရဲ့ပထမဆုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး ယမန်နှစ်ရာသီက ဒါဘီအသင်းကို ချန်ပီယံရှစ်တန်းတက်ပလေးအော့ဖ်ဗိုလ်လုပွဲအထိ တက်ရောက်စေဖို့ ဦးဆောင်နိုင်ခဲ့ကာ အက်စ်တွန်ဗီလာကို အရေးနိမ့်ခဲ့လို့သာ တန်းတက်ခွင့်ဆုံးရှုံးခဲ့ရတာပါ။
ဒါပေမဲ့ အင်္ဂလန်အသင်းလက်ရွေးစင်ဟောင်းလမ်းပတ်ဟာ ချဲလ်ဆီးအသင်းမှာ အပြောင်းအရွှေ့ပိတ်ပင်ခံရတဲ့ပြစ်ဒဏ်ကြောင့် ကစားသမားအင်အားဖြည့်တင်းဖို့ အခက်ကြုံခဲ့ရပြီး သူ့အနေနဲ့ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်ရလိမ့်မယ်လို့ အီတလီနိုင်ငံသား ဇိုလာက သုံးသပ်ခဲ့ပါတယ်။
”ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်မှုတွေက တကယ့်ကိုခက်ခဲကြမ်းတမ်းလာနိုင်ပါတယ်။ ပြောရရင် တစ်သင်းနဲ့တစ်သင်း သိပ်မကွာဘဲ နောက်ဆုံးအချိန်အထိ အားပြိုင်ရဖို့ များပါတယ်”လို့ ဇိုလာက ပြောပါတယ်။ ချဲလ်ဆီးဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် ယနေ့ညမှာ ယမန်နှစ်ရာသီက အဆင့် ၆ နေရာရရှိခဲ့တဲ့ ယူနိုက်တက်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။