ခ်ဲလ္ဆီးကြင္းလယ္လူ ဘာကာယိုကို ကိုမန္ယူလိုက္ေနတယ္လို႔ဆို

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားဟာ အသင္းကိုျပန္လည္တည္ေဆာက္ေနမႈနဲ႔အတူ ကစားသမားသစ္ေနာက္ထပ္ ၂ ဦးေခၚယူလိုေနၿပီး ခ်ဲလ္ဆီးကြင္းလယ္လူ ဘာကာယိုကို ကိုေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပပါတယ္။

ဆိုးလ္ရွားဟာ အခုေႏြရာသီေစ်းကြက္ထဲမွာ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ၀မ္ဘစ္ဆာကာ တို႔ကိုေခၚယူထားၿပီးျဖစ္ပါတယ္။ ဒါေပမယ္႔ ေပါ့ဂ္ဘာရဲ႕အနာဂတ္မေသခ်ာခ်ိန္မွာ ကြင္းလယ္လူသစ္ေခၚယူဖို႔ႀကိဳးစားေနၿပီး  ဘာကာယုိကို ကိုေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္ရွိတဲ႔ ဘာကာယိုကို ဟာၿပီးခဲ့တဲ႔ရာသီက ေအစီမီလန္မွာအငွားသြားေရာက္ကစားခဲ့ရသူပါ။

ၿပီးခဲ့တဲ႔ ၂၀၁၇ ကမိုနာကိုကေနေပါင္သန္း ၄၀ နဲေျပာင္းေရႊ႕လာတဲ႔ ဘာကာယိုကို ဟာ ေအစီမီလန္ကစားသမားဘ၀အစမွာရုန္းကန္ခဲ့ရေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ေျခစြမ္းျပလာမႈနဲ႔အတူ ပုံမွန္ေနရာရလာသူျဖစ္ပါတယ္။ သူဟာခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ေနေသးသူလည္းျဖစ္ပါတယ္။

လက္ရွိမွာ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ရာသီႀကိဳေလ႔က်င့္ခန္းမွာပါ၀င္ေနတဲ႔ ဘာကာယိုကို ကိုပီအက္စ္ဂ်ီအသင္းကလည္းေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဒီျပင္သစ္သားဟာ ခ်ဲလ္ဆီးအသင္းမွာေျခစြမ္းမျပႏိုင္တဲ႔အတြက္ အငွားသြားကစားခဲ့ရတာျဖစ္ၿပီး ပရိသတ္ေတြကလည္း သူ႔ကိုအႀကိဳက္မေတြ႔ၾကပါဘူး။

ဒီအေျခအေနေၾကာင့္ ဘာကာယိုကို ကိုကမး္လွမး္မႈေတြရွိလာရင္ ခ်ဲလ္ဆီးကေရာင္းခ်ဖြယ္ရွိေနတယ္လို႔လည္းဆိုပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ဟာ လာမယ္႔ၾသဂုတ္ ၈ မွာပိတ္မွာျဖစ္လို႔ ကလပ္ေတြအတြက္ ကစားသမားသစ္ေခၚယူဖို႔ တစ္လေလာက္ဘဲလိုေတာ႔တယ္လို႔ သိရပါတယ္။

Unicode

ချဲလ်ဆီးကွင်းလယ်လူ ဘာကာယိုကို ကိုမန်ယူလိုက်နေတယ်လို့ဆို
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းကိုပြန်လည်တည်ဆောက်နေမှုနဲ့အတူ ကစားသမားသစ်နောက်ထပ် ၂ ဦးခေါ်ယူလိုနေပြီး ချဲလ်ဆီးကွင်းလယ်လူ ဘာကာယိုကို ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြပါတယ်။

ဆိုးလ်ရှားဟာ အခုနွေရာသီဈေးကွက်ထဲမှာ ဒန်နီရယ်ဂျိမ်းစ်နဲ့ ဝမ်ဘစ်ဆာကာ တို့ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာရဲ့အနာဂတ်မသေချာချိန်မှာ ကွင်းလယ်လူသစ်ခေါ်ယူဖို့ကြိုးစားနေပြီး  ဘာကာယိုကို ကိုစောင့်ကြည့်နေတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်ရှိတဲ့ ဘာကာယိုကို ဟာပြီးခဲ့တဲ့ရာသီက အေစီမီလန်မှာအငှားသွားရောက်ကစားခဲ့ရသူပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ကမိုနာကိုကနေပေါင်သန်း ၄၀ နဲပြောင်းရွှေ့လာတဲ့ ဘာကာယိုကို ဟာ အေစီမီလန်ကစားသမားဘဝအစမှာရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ခြေစွမ်းပြလာမှုနဲ့အတူ ပုံမှန်နေရာရလာသူဖြစ်ပါတယ်။ သူဟာချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးသူလည်းဖြစ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးအသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းမှာပါဝင်နေတဲ့ ဘာကာယိုကို ကိုပီအက်စ်ဂျီအသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီပြင်သစ်သားဟာ ချဲလ်ဆီးအသင်းမှာခြေစွမ်းမပြနိုင်တဲ့အတွက် အငှားသွားကစားခဲ့ရတာဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ကိုအကြိုက်မတွေ့ကြပါဘူး။

ဒီအခြေအနေကြောင့် ဘာကာယိုကို ကိုကမ်းလှမ်းမှုတွေရှိလာရင် ချဲလ်ဆီးကရောင်းချဖွယ်ရှိနေတယ်လို့လည်းဆိုပါတယ်။ ပရီးမီးယားလိဂ်ရဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ လာမယ့်သြဂုတ် ၈ မှာပိတ်မှာဖြစ်လို့ ကလပ်တွေအတွက် ကစားသမားသစ်ခေါ်ယူဖို့ တစ်လလောက်ဘဲလိုတော့တယ်လို့ သိရပါတယ်။