
Photo Credit ; Goal
Photo Credit ; Sky Sports
ယမန္ႏွစ္က ဥေရာပထိပ္သီးဖလား၂လံုးစလံုးကို အဂၤလန္ကုိယ္စားျပဳအသင္းေတြကပဲ ရယူပိုင္ဆိုင္ႏိုင္ခဲ့ေပမယ့္ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကေတာ့ ခ်န္ပီယံလိဂ္မွာ အဂၤလိပ္ကလပ္ေတြကပဲ ထပ္ၿပီးစိုးမိုးခ်ယ္လွယ္ႏိုင္မွာမဟုတ္ဘူးလို႔ဆိုပါတယ္။
Photo Credit ; Sky Sports
ၿပီးခဲ့တဲ့ရာသီက ယူ႐ိုပါလိဂ္ဖလားကို ခ်ဲလ္ဆီးအသင္းကဆြတ္ခူးပိုင္ဆိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားကိုေတာ့ လီဗာပူးအသင္းက ဖုိင္နယ္ပြဲစဥ္မွာ ေတာ့တင္ဟမ္အသင္းကို အႏိုင္ရရွိၿပီး ဆြတ္ခူးခဲ့တာပါ။
Photo Credit ; Getty Images
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမဲခြဲဖိ႔ုက နီးကပ္လာၿပီျဖစ္ၿပီး ဒီရာသီမွာ ၿပိဳင္ဆိုင္မႈေတြ ပိုမိုျပင္းထန္လာတာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အဂၤလန္ကလပ္ေတြ ထပ္ၿပီးစိုးမိုးႏုိင္မွာမဟုတ္ဘူးလိ႔ု ကေလာ့ပ္ကေျပာဆိုခဲ့တာျဖစ္ပါတယ္။
Photo Credit ; Getty Images
“အုပ္စုပြဲစဥ္ေတြမွာေတာင္ အသင္းေတြကအံ့မခန္းပါပဲ၊ ခ်န္ပီယံဘယ္အသင္းျဖစ္မလဲဆိုတာ မခန္႔မွန္းတတ္ေအာင္ပါပဲ၊ ကၽြန္ေတာ္တို႔မွာလည္း သူမ်ားေတြလိုတန္းတူအခြင့္အေရးရွိတာမွန္ပါတယ္”
Photo Credit ; Getty Images
”ဒါေပမဲ့ ကၽြန္ေတာ္တိ႔ုအပါအဝင္ အဂၤလန္ကလပ္အသင္းတစ္သင္သင္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို စိုးမိုးခ်ယ္လွယ္ႏိုင္မယ္လို႔ မထင္မိပါဘူး၊ မဲအုိး ၂က အသင္းေတြအားလံုးက အသင္းေကာင္းေတြခ်ည္းပဲ၊ မဲအိုး ၁နဲ႔ မဲအုိး ၃ ေတြကအသင္းေတြလည္းအတူတူပါပဲ၊ ၀ိုး… မဲအိုး ၄ မွာလည္း လိုက္ပ္ဇစ္လိုအသင္းမ်ိဳး ပါေနတယ္”လို႔ ကေလ့ာပ္ကေျပာပါတယ္။
Photo Credit
လီဗာပူးဟာ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့တာေၾကာင့္ မဲအုိး ၁ မွာ ယူ႐ိုပါလိဂ္ခ်န္ပီယံ ခ်ဲလ္ဆီး ၊ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးတို႔နဲ႔ တစ္ဖြဲ႕တညး္က်မွာ ျဖစ္ပါတယ္။ ဆက္လက္ၿပီး ကေလာ့ပ္က ဒီရာသီဘြန္ဒက္စ္လီဂါအသင္းေတြ အင္အားႀကီးမားပံုကိုလည္းေျပာျပသြားပါေသးတယ္။
Photo Credit ; Getty Images
“ဘိုင္ယန္ျမဴးနစ္က ဒီေႏြရာသီမွာ အိုင္ဗန္ပါရီဆစ္နဲ႔ ဖီလစ္ပီေကာ္တင္ညိဳတို႔ကိုေခၚယူထားႏိုင္ခဲ့ပါတယ္။ ဒါႀကီးမားတဲ့ အင္အားျဖည့္တင္းမႈပါပဲ၊ ေဒါ့မြန္အသင္းလူစာရင္းကိုလည္း အကဲခတ္ၾကည့္ပါဦး၊ ခင္ဗ်ားဘယ္လိုထင္သလဲ၊ သူတိ႔ုကစားသမား ၅ ေယာက္ေလာက္ ေခၚယူအားျဖည့္ထားတယ္၊
Photo Credit
”ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္တို႔လိုအသင္းေကာင္းေတြ အမ်ားၾကီး ပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ၊ ဒီရာသီမွာေတာ့ အဂၤလန္ကလပ္အသင္းေတြ ခ်ယ္လွယ္ႏိုင္မွာမဟုတ္ဘူး”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။
Photo Credit
Unicode
ချန်ပီယံလိဂ်မှာ အင်္ဂလိပ်ကလပ်တွေ ထပ်ပြီးစိုးမိုးချယ်လှယ်နိုင်မှာမဟုတ်ဘူး
ယမန်နှစ်က ဥရောပထိပ်သီးဖလား၂လုံးစလုံးကို အင်္ဂလန်ကိုယ်စားပြုအသင်းတွေကပဲ ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကတော့ ချန်ပီယံလိဂ်မှာ အင်္ဂလိပ်ကလပ်တွေကပဲ ထပ်ပြီးစိုးမိုးချယ်လှယ်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလားကို ချဲလ်ဆီးအသင်းကဆွတ်ခူးပိုင်ဆိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုတော့ လီဗာပူးအသင်းက ဖိုင်နယ်ပွဲစဉ်မှာ တော့တင်ဟမ်အသင်းကို အနိုင်ရရှိပြီး ဆွတ်ခူးခဲ့တာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲမဲခွဲဖိ့ုက နီးကပ်လာပြီဖြစ်ပြီး ဒီရာသီမှာ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ကလပ်တွေ ထပ်ပြီးစိုးမိုးနိုင်မှာမဟုတ်ဘူးလိ့ု ကလော့ပ်ကပြောဆိုခဲ့တာဖြစ်ပါတယ်။
“အုပ်စုပွဲစဉ်တွေမှာတောင် အသင်းတွေကအံ့မခန်းပါပဲ၊ ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ မခန့်မှန်းတတ်အောင်ပါပဲ၊ ကျွန်တော်တို့မှာလည်း သူများတွေလိုတန်းတူအခွင့်အရေးရှိတာမှန်ပါတယ်”
”ဒါပေမဲ့ ကျွန်တော်တိ့ုအပါအဝင် အင်္ဂလန်ကလပ်အသင်းတစ်သင်သင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကို စိုးမိုးချယ်လှယ်နိုင်မယ်လို့ မထင်မိပါဘူး၊ မဲအိုး ၂က အသင်းတွေအားလုံးက အသင်းကောင်းတွေချည်းပဲ၊ မဲအိုး ၁နဲ့ မဲအိုး ၃ တွေကအသင်းတွေလည်းအတူတူပါပဲ၊ ဝိုး… မဲအိုး ၄ မှာလည်း လိုက်ပ်ဇစ်လိုအသင်းမျိုး ပါနေတယ်”လို့ ကလေ့ာပ်ကပြောပါတယ်။
လီဗာပူးဟာ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တာကြောင့် မဲအိုး ၁ မှာ ယူရိုပါလိဂ်ချန်ပီယံ ချဲလ်ဆီး ၊ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးတို့နဲ့ တစ်ဖွဲ့တည်းကျမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ကလော့ပ်က ဒီရာသီဘွန်ဒက်စ်လီဂါအသင်းတွေ အင်အားကြီးမားပုံကိုလည်းပြောပြသွားပါသေးတယ်။
“ဘိုင်ယန်မြူးနစ်က ဒီနွေရာသီမှာ အိုင်ဗန်ပါရီဆစ်နဲ့ ဖီလစ်ပီကော်တင်ညိုတို့ကိုခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါကြီးမားတဲ့ အင်အားဖြည့်တင်းမှုပါပဲ၊ ဒေါ့မွန်အသင်းလူစာရင်းကိုလည်း အကဲခတ်ကြည့်ပါဦး၊ ခင်ဗျားဘယ်လိုထင်သလဲ၊ သူတိ့ုကစားသမား ၅ ယောက်လောက် ခေါ်ယူအားဖြည့်ထားတယ်၊
”ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့လိုအသင်းကောင်းတွေ အများကြီး ပါဝင်ယှဉ်ပြိုင်ကြမှာပါ၊ ဒီရာသီမှာတော့ အင်္ဂလန်ကလပ်အသင်းတွေ ချယ်လှယ်နိုင်မှာမဟုတ်ဘူး”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။