ခ်န္ပီယံလိဂ္ဖလားရယူဖုိ႔ မီလန္ကို ေရာက္လာခဲ့တာလုိ႔ သီယိုဟာနန္ဒက္ဇ္ ႀကံဳး၀ါး

Photo Credit ; AC Milan

Photo Credit

ရီးရဲလ္ကေန ေအစီမီလန္ကို ေရာက္ရွိလာတဲ့ ေနာက္ခံလူ သီယိုဟာနန္ဒက္ဇ္က ေအစီမီလန္အသင္းရဲ႕ ၁၂ႏွစ္ၾကာ ဥေရာပဖလားနဲ႔ေ၀းကြာေနမႈကို အဆုံးသတ္ဖို႔ ေမွ်ာ္လင့္ေနၿပီး သူကိုယ္တိုင္လည္း ဒုတိယေျမာက္ခ်န္ပီယံလိဂ္ဖလားကုိင္ေျမႇာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ဆုိပါတယ္။ ဘယ္ေနာက္ခံလူ သီယိုဟာ ရီးရဲလ္ကို ေနာက္ခံလူေတြျဖစ္တဲ့ မီလီတာအိုနဲ႔ ဖာလန္းမန္ဒီတို႔ ေရာက္ရွိလာၿပီးေနာက္ ေအစီမီလန္ကို ယူ႐ိုသန္း ၂၀နဲ႔ ေရာက္ရွိလာသူျဖစ္ၿပီး ဘာေနဗ်ဴးအေျခစိုက္အသင္းနဲ႔ ၂ႏွစ္ၾကာလက္တြဲမႈလည္း အဆုံးသတ္သြားပါတယ္။

Photo Credit ; AC Milan

ရီးရဲလ္ဟာ ၂၀၁၇ ဇူလုိင္လက ၿမိဳ႕ခံၿပိဳင္ဘက္အက္သလက္တီကိုကေန ယူ႐ိုသန္း ၃၀နဲ႔ သီယိုကို ေခၚယူခဲ့ေပမယ့္ အဲဒီကစားသမားဟာ ၂ႏွစ္တာကာလအတြင္း လာလီဂါ၁၃ပြဲပဲ ကစားခြင့္ရရွိခဲ့တဲ့အထိ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ သူဟာ ၂၀၁၇-၁၈ ရာသီက ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ၿပီး ေအစီမီလန္အသင္းနဲ႔အတူ ဥေရာပမွာ ေအာင္ျမင္မႈေတြပိုမိုရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit ; AC Milan

”ေအစီမီလန္ကို ေျပာင္းေရႊ႕ခြင့္ရရွိလုိ႔ စိတ္လႈပ္ရွားမိသလို တကယ္လည္း ေပ်ာ္ရႊင္မိပါတယ္။ အသင္းအတြက္ အေကာင္းဆုံးအရာေတြေပးဆပ္သြားမွာပါ။ ေအစီမီလန္က ႀကီးက်ယ္တဲ့ကလပ္အသင္းတစ္သင္းျဖစ္ၿပီး အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ဖုိ႔ မီလန္ကို ေရာက္လာတာပါ။ ေအစီမီလန္အသင္းမွာ သမုိင္းသစ္ေရးထုိးဖုိ႔အတြက္ ဒီကိုေရာက္လာတာပါ”လုိ႔ သီယိုက ေျပာၾကားခဲ့ပါတယ္။

Photo Credit ; AC Milan

ေအစီမီလန္ဟာ သီယိုဟာနန္ဒက္ဇ္အျပင္ ၂ရာသီၾကာအငွားနဲ႔ေခၚယူထားတဲ့ကြင္းလယ္လူ ကက္ဆီးကိုလည္း အၿမဲတမ္းစာခ်ဳပ္နဲ႔အၿပီးသတ္ေခၚယူႏိုင္ခဲ့ၿပီး ဆမ္ဒိုးရီးယားကေန ေအစီမီလန္ကို ေရာက္ရွိလာတဲ့နည္းျပ ဂီယမ္ပါအိုလုိကလည္း ေနာက္ထပ္ကစားသမားသစ္ေခၚယူမႈေတြ ျပဳလုပ္ဖြယ္ရွိေနပါတယ္။ ေအစီမီလန္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက စီးရီးေအခ်န္ပီယံျဖစ္သြားတဲ့ ဂ်ဴဗင္တပ္စ္နဲ႔ ၂၂မွတ္အထိ ျပတ္က်န္ခဲ့သလို လာမယ့္ရာသီမွာလည္း ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အားၿပိဳင္ရဖြယ္ရွိေနပါတယ္။

Photo Credit

Unicode

ချန်ပီယံလိဂ်ဖလားရယူဖို့ မီလန်ကို ရောက်လာခဲ့တာလို့ သီယိုဟာနန်ဒက်ဇ် ကြုံးဝါး

ရီးရဲလ်ကနေ အေစီမီလန်ကို ရောက်ရှိလာတဲ့ နောက်ခံလူ သီယိုဟာနန်ဒက်ဇ်က အေစီမီလန်အသင်းရဲ့ ၁၂နှစ်ကြာ ဥရောပဖလားနဲ့ဝေးကွာနေမှုကို အဆုံးသတ်ဖို့ မျှော်လင့်နေပြီး သူကိုယ်တိုင်လည်း ဒုတိယမြောက်ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။ ဘယ်နောက်ခံလူ သီယိုဟာ ရီးရဲလ်ကို နောက်ခံလူတွေဖြစ်တဲ့ မီလီတာအိုနဲ့ ဖာလန်းမန်ဒီတို့ ရောက်ရှိလာပြီးနောက် အေစီမီလန်ကို ယူရိုသန်း ၂၀နဲ့ ရောက်ရှိလာသူဖြစ်ပြီး ဘာနေဗျူးအခြေစိုက်အသင်းနဲ့ ၂နှစ်ကြာလက်တွဲမှုလည်း အဆုံးသတ်သွားပါတယ်။
ရီးရဲလ်ဟာ ၂၀၁၇ ဇူလိုင်လက မြို့ခံပြိုင်ဘက်အက်သလက်တီကိုကနေ ယူရိုသန်း ၃၀နဲ့ သီယိုကို ခေါ်ယူခဲ့ပေမယ့် အဲဒီကစားသမားဟာ ၂နှစ်တာကာလအတွင်း လာလီဂါ၁၃ပွဲပဲ ကစားခွင့်ရရှိခဲ့တဲ့အထိ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ၂၀၁၇-၁၈ ရာသီက ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီး အေစီမီလန်အသင်းနဲ့အတူ ဥရောပမှာ အောင်မြင်မှုတွေပိုမိုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
”အေစီမီလန်ကို ပြောင်းရွှေ့ခွင့်ရရှိလို့ စိတ်လှုပ်ရှားမိသလို တကယ်လည်း ပျော်ရွှင်မိပါတယ်။ အသင်းအတွက် အကောင်းဆုံးအရာတွေပေးဆပ်သွားမှာပါ။ အေစီမီလန်က ကြီးကျယ်တဲ့ကလပ်အသင်းတစ်သင်းဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ မီလန်ကို ရောက်လာတာပါ။ အေစီမီလန်အသင်းမှာ သမိုင်းသစ်ရေးထိုးဖို့အတွက် ဒီကိုရောက်လာတာပါ”လို့ သီယိုက ပြောကြားခဲ့ပါတယ်။
အေစီမီလန်ဟာ သီယိုဟာနန်ဒက်ဇ်အပြင် ၂ရာသီကြာအငှားနဲ့ခေါ်ယူထားတဲ့ကွင်းလယ်လူ ကက်ဆီးကိုလည်း အမြဲတမ်းစာချုပ်နဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး ဆမ်ဒိုးရီးယားကနေ အေစီမီလန်ကို ရောက်ရှိလာတဲ့နည်းပြ ဂီယမ်ပါအိုလိုကလည်း နောက်ထပ်ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်ဖွယ်ရှိနေပါတယ်။ အေစီမီလန်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက စီးရီးအေချန်ပီယံဖြစ်သွားတဲ့ ဂျူဗင်တပ်စ်နဲ့ ၂၂မှတ်အထိ ပြတ်ကျန်ခဲ့သလို လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်ရဖွယ်ရှိနေပါတယ်။