
Photo Credit ; Sky Sports
Photo Credit ; Getty Images
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ စတုတ္ထနေရာသာရရှိခဲ့ပြီး ချန်ပီယံဖြစ်သွားတဲ့စီးတီးထက် ၁၇မှတ်အထိ ကွာဟခဲ့ရပါတယ်။
Photo Credit
Photo Credit
Unicode
ချန်ပီယံဆုအတွက် စီးတီးနဲ့လီဗာပူးတို့ကို စိန်ခေါ်နိုင်မယ့်အသင်း ရက်နက်ဒ်ထုတ်ဖော်လိုက်
စပါးအသင်းအနေနဲ့ ယခုရာသီပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံပြေးလမ်းမှာ လက်ရှိချန်ပီယံ မန်စီးတီး၊ လီဗာပူးတို့နဲ့အတူ ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ စပါးအသင်းနည်းပြဟောင်း ဟယ်ရီရက်နက်ဒ်က ဟောကိန်းထုတ်လိုက်ပါတယ်။
စပးါအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ စတုတ္ထနေရာသာရရှိခဲ့ပြီး ချန်ပီယံဖြစ်သွားတဲ့စီးတီးထက် ၁၇မှတ်အထိ ကွာဟခဲ့ရပါတယ်။
စပါးဟာ ယခုနွေရာသီအတွင်း လီယွန်ကွင်းလယ်လူ တန်ဂေးအန်ဒမ်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် ခြုံငုံသုံးသပ်ရရင် စပါးအသင်းရဲ့လှုပ်ရှားမှုတွေကို သိပ်မတွေ့ရတဲ့ဈေးကွက်ဖြစ်ပြီး လူငယ်ကစားသမား ကလပ်ခ်ကိုလည်း အသင်းဟောင်း လိဒ်ယူနိုက်တက်ထံ အငှားပြန်ချထားပါတယ်။
ဒါပေမဲ့ ရက်နက်ဒ်ကတော့ နည်းပြပိုချက်တီနိုဦးဆောင်တဲ့ စပါးအသင်းအနေနဲ့ ရာသီသစ်ချန်ပီယံလုပွဲမှာ ထိပ်ပိုင်းအသင်းတွေနဲ့ကွာဟချက်ကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ချန်ပီယံဆုအတွက်မူ လီဗာပူးအသင်းကို ထောက်ခံခဲ့ပါတယ်။
”စီးတီးနဲ့လီဗာပူးတို့က ချန်ပီယံဆုအတွက် တကယ့်ကိုဖေးဘရိတ်အဖြစ်ဆုံးအသင်းတွေဖြစ်ပါတယ်။ ပြီးတော့ ဒီနှစ်မှာ စပါးအသင်းလည်း ထိပ်ဆုံး ၂သင်းနဲ့ သိပ်မကွာလောက်ဘူးလို့ထင်ပါတယ်”
”ဒီအတွက်ကြောင့် ချန်ပီယံဆုအတွက် အသင်း ၃သင်းအားပြိုင်ရဖို့များပါတယ်။ ဒါပေမဲ့ စီးတီးထက်စာရင် အမှတ်ပေးချန်ပီယံဆုကို လီဗာပူးအသင်းရဖို့များပါတယ်”လို့ ရက်နက်ဒ်က ပြောပါတယ်။