ခံစားချက်အတက်အကျများလွန်းခဲ့တဲ့ ၀က်စ်ဟမ်းနဲ့ပွဲအပြီးမှာ ပေါ့ဘာနဲ့ ပရိသတ်တစ်စုအချင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၀က်စ်ဟမ်းကို ၂-၁ဂိုးနဲ့ မန်ချက်စတာယူနိုက်တက်က အနိုင်ရခဲ့တဲ့ပွဲဟာ သူရဲနီပရိသတ်တွေအတွက် ခံစားချက်အတက်အကျများလွန်းခဲ့ရပါတယ်။

ပွဲချိန်မိနစ် ၃၀မှာ ဘန်ရာမာရဲ့ကန်ချက်ကြောင့် အိမ်ရှင်အသင်းကို ဦးဆောင်ဂိုးစပေးခဲ့ရပေမယ့် နောက် ၅မိနစ်လောက်အကြာမှာတင် ရော်နယ်ဒိုက ၂ဆင့်ကန်ပြီးချေပဂိုးပြန်သွင်းခဲ့ပါတယ်။

၈၉မိနစ်မှာ လင်ဂတ်က အနိုင်ဂိုးမသွင်းခင် ပင်နယ်တီရမယ့်အခွင့်အရေးရမလို ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် အက်ကင်ဆန်ကြောင့် ယူနိုက်တက်ပရိသတ်တွေ ဒေါသထွက်ခဲ့ရပါတယ်။

လင်ဂတ်အနိုင်ဂိုးသွင်းချိန် ၊ပွဲပြီးပြီလို့ ထင်ခဲ့ရပေမယ့် လုခ်ရှောရဲ့ လက်ထိဘောကြောင့် ပင်နယ်တီပေးခဲ့ရပါတယ်။

ရသင့်တဲ့ပင်နယ်တီမရခဲ့ပေမယ့် ပေးသင့်တဲ့ပင်နယ်တီကိုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ နိုဘယ်က ကန်တဲ့ ပင်နယ်တီကို ဒီဂီယာ ကာကွယ်နိုင်ခဲ့တာ‌‌ကြောင့် ချေပဂိုးမပေးရဘဲ အဝေးကွင်း၃မှတ်ယူနိုင်ခဲ့ပါတယ်။

ပွဲပြီးတော့လည်း ပေါ့ဘာနဲ့ ၀က်စ်ဟမ်းပရိသတ်တွေ အချင်းများမလိုဖြစ်ခဲ့လို့ ပွဲဆူခဲ့ပါသေးတယ်။

ပင်နယ်တီကို ဒီဂီယာ ကာကွယ်နိုင်ခဲ့ပြီးနောက် ပေါ့ဘာဟာ ဖိနပ်တောင်မပါဘဲ ကွင်းထဲပြေး၀င်အောင်ပွဲခံခဲ့ပါတယ်။

အဲဒီနောက် ‌‌‌‌အ‌ေပျာ်လွန်းပြီး ကွင်းထဲကနေအထွက်၊ပွဲကြည့်စင်ပေါ်က ၀က်စ်ဟမ်းပရိသတ်တွေနဲ့ ပေါ့ဘာတို့ စကားများမလိုဖြစ်ခဲ့ရာမှာ လက်ထောက်နည်းပြ ကာရစ်က ပေါ့ဘာကို ဆွဲခေါ်သွားလို့သာ ပြသနာမဖြစ်ခဲ့တာပါ။

၀က်စ်ဟမ်းပရိသတ်တစ်စုဟာ ပေါ့ဘာကို ဆဲဆိုပြီးပါးစပ်ပိတ်ထားဖို့ အော်ဟစ်‌ပြောဆိုခဲ့ပါတယ်။

၀က်စ်ဟမ်းပရိသတ်နဲ့ ပေါ့ဘာတို့ စကားများမလိုဖြစ်ခဲ့တဲ့ ဗီဒီယိုကလစ်ကို လူမှုကွန်ယက်တွေမှာ ‌‌‌‌‌‌တင်ထားတာကိုလည်းတွေ့ရပါတယ်။

တကယ်တော့ ပေါ့ဘာဟာ သူ့ကိုဆဲနေတဲ့ပရိသတ်ကို ဒေါသနဲ့တုံ့ပြန်ဖို့ထက် ဒေါသပိုထက်အောင် ပြန်လည်တုံ့ပြန်ခဲ့ပြီး ဒါကို မိုက်ကယ်ကာရစ်က အမြန်၀င်တားပေးခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခံစားခ်က္အတက္အက်မ်ားလြန္းခဲ့တဲ့ ၀က္စ္ဟမ္းနဲ႔ပြဲအၿပီးမွာ ေပါ့ဘာနဲ႔ ပရိသတ္တစ္စုအခ်င္းမ်ား

၀က္စ္ဟမ္းကို ၂-၁ဂိုးနဲ႔ မန္ခ်က္စတာယူႏိုက္တက္က အႏိုင္ရခဲ့တဲ့ပြဲဟာ သူရဲနီပရိသတ္ေတြအတြက္ ခံစားခ်က္အတက္အက်မ်ားလြန္းခဲ့ရပါတယ္။ ပြဲခ်ိန္မိနစ္ ၃၀မွာ ဘန္ရာမာရဲ႕ကန္ခ်က္ေၾကာင့္ အိမ္ရွင္အသင္းကို ဦးေဆာင္ဂိုးစေပးခဲ့ရေပမယ့္ ေနာက္ ၅မိနစ္ေလာက္အၾကာမွာတင္ ေရာ္နယ္ဒိုက ၂ဆင့္ကန္ၿပီးေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။

၈၉မိနစ္မွာ လင္ဂတ္က အႏိုင္ဂိုးမသြင္းခင္ ပင္နယ္တီရမယ့္အခြင့္အေရးရမလို ျဖစ္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ အက္ကင္ဆန္ေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြ ေဒါသထြက္ခဲ့ရပါတယ္။

လင္ဂတ္အႏိုင္ဂိုးသြင္းခ်ိန္ ၊ပြဲၿပီးၿပီလို႔ ထင္ခဲ့ရေပမယ့္ လုခ္ေရွာရဲ႕ လက္ထိေဘာေၾကာင့္ ပင္နယ္တီေပးခဲ့ရပါတယ္။ ရသင့္တဲ့ပင္နယ္တီမရခဲ့ေပမယ့္ ေပးသင့္တဲ့ပင္နယ္တီကိုေတာ့ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေပးခဲ့ရတာျဖစ္ပါတယ္။ ဒါေပမဲ့ ႏိုဘယ္က ကန္တဲ့ ပင္နယ္တီကို ဒီဂီယာ ကာကြယ္ႏိုင္ခဲ့တာ‌‌ေၾကာင့္ ေခ်ပဂိုးမေပးရဘဲ အေဝးကြင္း၃မွတ္ယူႏိုင္ခဲ့ပါတယ္။

ပြဲၿပီးေတာ့လည္း ေပါ့ဘာနဲ႔ ၀က္စ္ဟမ္းပရိသတ္ေတြ အခ်င္းမ်ားမလိုျဖစ္ခဲ့လို႔ ပြဲဆူခဲ့ပါေသးတယ္။ ပင္နယ္တီကို ဒီဂီယာ ကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ ေပါ့ဘာဟာ ဖိနပ္ေတာင္မပါဘဲ ကြင္းထဲေျပး၀င္ေအာင္ပြဲခံခဲ့ပါတယ္။

အဲဒီေနာက္ ‌‌‌‌အ‌ေပ်ာ္လြန္းၿပီး ကြင္းထဲကေနအထြက္၊ပြဲၾကည့္စင္ေပၚက ၀က္စ္ဟမ္းပရိသတ္ေတြနဲ႔ ေပါ့ဘာတို႔ စကားမ်ားမလိုျဖစ္ခဲ့ရာမွာ လက္ေထာက္နည္းျပ ကာရစ္က ေပါ့ဘာကို ဆြဲေခၚသြားလို႔သာ ျပသနာမျဖစ္ခဲ့တာပါ။

၀က္စ္ဟမ္းပရိသတ္တစ္စုဟာ ေပါ့ဘာကို ဆဲဆိုၿပီးပါးစပ္ပိတ္ထားဖို႔ ေအာ္ဟစ္‌ေျပာဆိုခဲ့ပါတယ္။ ၀က္စ္ဟမ္းပရိသတ္နဲ႔ ေပါ့ဘာတို႔ စကားမ်ားမလိုျဖစ္ခဲ့တဲ့ ဗီဒီယိုကလစ္ကို လူမႈကြန္ယက္ေတြမွာ ‌‌‌‌‌‌တင္ထားတာကိုလည္းေတြ႕ရပါတယ္။

တကယ္ေတာ့ ေပါ့ဘာဟာ သူ႔ကိုဆဲေနတဲ့ပရိသတ္ကို ေဒါသနဲ႔တုံ႔ျပန္ဖို႔ထက္ ေဒါသပိုထက္ေအာင္ ျပန္လည္တုံ႔ျပန္ခဲ့ၿပီး ဒါကို မိုက္ကယ္ကာရစ္က အျမန္၀င္တားေပးခဲ့တာျဖစ္ပါတယ္။