ခံစစ်ပိုင်းဆိုးရွားနေတဲ့ ယူနိုက်တက်ရဲ့ ဂိုးပေါက်မှာ ဒီဂီယာ မဖမ်းရင် ဂိုးပြတ်ရှုံးမယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ယူနိုက်တက်အသင်းဟာ တန်းဆင်းသွားပြီဖြစ်တဲ့ ဖူလ်ဟမ်နဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲ ပရိသတ်တွေရှေ့ ကစားခွင့်ရခဲ့ပေမယ့် အနိုင်မယူနိုင်ခဲ့ဘဲ သရေနဲ့သာကျေနပ်ခဲ့ရပါတယ်။

ဒီပွဲမှာ ဝါရင့်တိုက်စစ်မှူးကြီးကာဗာနီကတော့ ကိုက် ၄၀ အကွာကနေ ဂိုးသွင်းယူခဲ့ပြီး အသင်းက လူငယ်ကစားသမားတွေကို သူ့ရဲ့ အဆုံးသတ်တိကျမှု၊ ဆုံးဖြတ်ချက်မှန်ကန်မှုနဲ့ သွေးအေးတည်ငြိမ်မှုတွေကို ပြသခဲ့ပါတယ်။

ဒီဂိုးဟာ ဒီဂီယာရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကတဆင့် ဘရူနိုက နောက်ပေါက်နဲ့ ကာဗာနီကို ခင်းပေးလိုက်တာကနေ

ဂိုးရှေ့အတော်ထွက်နေတဲ့ ဖူလ်ဟမ် ဂိုးသမားရဲ့အနေအထားကို ကာဗာနီက လှမ်းကြည့်းပြီး အဝေးကန်ချက်နဲ့ လှလှပပသွင်းယူခဲ့တာပါ။

ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ ပွဲအပြီးမှာ အနိုင် ၃ မှတ်မယူနိုင်တာကတော့ စိတ်ပျက်စရာပါပဲ။

ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် အသင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ အကောင်းဆုံးဖြစ်နေရမယ့်အချိန်မှာ

ယူနိုက်တက်တို့ အိမ်ကွင်း ၃ ပွဲဆက်တိုက်နိုင်ပွဲပျောက်နေတာက ကျေနပ်စရာကောင်းတဲ့အနေအထား မဟုတ်ပါဘူး။

ယူနိုက်တက်ကစားသမားတွေဟာ ဒီပွဲမှာ ခြေစွမ်းပိုင်းအရ ပုံမှန်သာရှိနေခဲ့ပြီး ပွဲချိန်ကြာလာတာနဲ့ အာရုံစိုက်မှုနည်းလာတာကို အထင်အရှားတွေ့ရပါတယ်။

လွယ်လွယ်နဲ့အရှုံးမပေးလိုတဲ့စိတ်ဓာတ်နဲ့ကစားသွားခဲ့တဲ့ ဖူလ်ဟမ်ရဲ့ကစားအားက သာမန်ထက်မပိုပေမယ့် ဒီပွဲမှာ ဒီဂီယာသာမကယ်ရင် ဂိုးပြတ်ရှုံးပွဲကို ကြုံတွေ့ရမှာပါ။

ပွဲချိန်ပထမပိုင်းတုန်းကလည်း ဖူလ်ဟမ်တိုက်စစ်မှူးတွေရဲ့ အပိုင်ဂိုးသွင်းမှုတွေကိုလည်း ဒီဂီယာ ကကာကွယ်သွားနိုင်ခဲ့ပါတယ်။

မက်ဂွိုင်းယား မပါလာတဲ့ နောက်တန်းဟာ ဆိုလ်ရှားအမြန်ဆုံးဖြေရှင်းရမယ့်ကိစ္စပါပဲ။

မက်ဂွိုင်းယား ဝင်ရောက်ကစားနိုင်တဲ့အချိန်ကတည်းက ဒီရာသီတစ်ခုလုံးမှာ ယူနိုက်တက်အသင်းရဲ့ နောက်တန်းအခြေအနေဟာ

ကောင်းမွန်စိတ်ချရတဲ့အနေအထားမှာ ရှိမနေပဲ မက်ဂွိုင်းယားပါ ဒဏ်ရာရရှိနေချိန်မှာတော့ ပိုမိုဆိုးရွားလာပါတယ်။

ဆိုလ်ရှားကလည်း ပြိုင်ပွဲစုံ(၃)ပွဲဆက်တိုက် အနိုင်မရခဲ့တဲ့အခြေအနေကိုအဆုံးသတ်ချင်နေပုံရပြီး ဒီပွဲမှာ အကောင်းဆုံးလူထုတ်ပုံစံနဲ့ ပွဲထုတ်လာခဲ့ပါတယ်။

ပွဲချိန် (၇၆)မိနစ်မှာ ဘော်ဘီရိဒ် ညာခြမ်းက ဖြတ်တင်လိုက်တာကို ဂျိုးဘရိုင်ယန်က ခေါင်းတိုက်သွင်းခဲ့ချိန်မှာ ဂိုးဧရိယာထဲမှာရှိနေပြီး နေရာယူမမှန်တဲ့လင်ဒီလော့ကြောင့် ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီအနေအထားဟာလည်း ဗီလာရီးရဲလ်နဲ့တွေ့ဆုံရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ရင်လေးစရာပါပဲ။

ယူရိုပါလိဂ်ဖိုင်နယ်မှာ ဂိုးနေရာကိုလည်း ဆိုးလ်ရှားက ဟန်ဒါဆန်ကို ပွဲထွက်ကစားဖို့သုံးသွားမယ်ဆိုပြီး သတင်းတွေထွက်နေပေမယ့်

ဒီနေ့ပွဲမှာ ပြသသွားခဲ့တဲ့ ဒီဂီယာရဲ့လက်စွမ်းကြောင့် ယူနိုက်တက်ဂိုးပေါက်ရှေ့မှာ ဒီဂီယာရှိနေရင် ပိုပြီးစိတ်ချစရာဖြစ်နေပါသေးတယ်လို့ ထင်မိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မေန႔ညက ယူႏိုက္တက္အသင္းဟာ တန္းဆင္းသြားၿပီျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲ ပရိသတ္ေတြေရွ႕ ကစားခြင့္ရခဲ့ေပမယ့္ အႏိုင္မယူႏိုင္ခဲ့ဘဲ သေရနဲ႔သာေက်နပ္ခဲ့ရပါတယ္။ ဒီပြဲမွာ ဝါရင့္တိုက္စစ္မႉးႀကီးကာဗာနီကေတာ့ ကိုက္ ၄၀ အကြာကေန ဂိုးသြင္းယူခဲ့ၿပီး အသင္းက လူငယ္ကစားသမားေတြကို သူ႔ရဲ႕ အဆုံးသတ္တိက်မႈ၊ ဆုံးျဖတ္ခ်က္မွန္ကန္မႈနဲ႔ ေသြးေအးတည္ၿငိမ္မႈေတြကို ျပသခဲ့ပါတယ္။

ဒီဂိုးဟာ ဒီဂီယာရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈကတဆင့္ ဘ႐ူႏိုက ေနာက္ေပါက္နဲ႔ ကာဗာနီကို ခင္းေပးလိုက္တာကေန ဂိုးေရွ႕အေတာ္ထြက္ေနတဲ့ ဖူလ္ဟမ္ ဂိုးသမားရဲ႕အေနအထားကို ကာဗာနီက လွမ္းၾကည့္းၿပီး အေဝးကန္ခ်က္နဲ႔ လွလွပပသြင္းယူခဲ့တာပါ။

ဒါေပမယ့္ ယူႏိုက္တက္အသင္းကေတာ့ ပြဲအၿပီးမွာ အႏိုင္ ၃ မွတ္မယူႏိုင္တာကေတာ့ စိတ္ပ်က္စရာပါပဲ။ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမတိုင္ခင္ အသင္းက စိတ္ဓာတ္ပိုင္းဆိုင္ရာ အေကာင္းဆုံးျဖစ္ေနရမယ့္အခ်ိန္မွာ ယူႏိုက္တက္တို႔ အိမ္ကြင္း ၃ ပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ေနတာက ေက်နပ္စရာေကာင္းတဲ့အေနအထား မဟုတ္ပါဘူး။

ယူႏိုက္တက္ကစားသမားေတြဟာ ဒီပြဲမွာ ေျခစြမ္းပိုင္းအရ ပုံမွန္သာရွိေနခဲ့ၿပီး ပြဲခ်ိန္ၾကာလာတာနဲ႔ အာ႐ုံစိုက္မႈနည္းလာတာကို အထင္အရွားေတြ႕ရပါတယ္။ လြယ္လြယ္နဲ႔အရႈံးမေပးလိုတဲ့စိတ္ဓာတ္နဲ႔ကစားသြားခဲ့တဲ့ ဖူလ္ဟမ္ရဲ႕ကစားအားက သာမန္ထက္မပိုေပမယ့္ ဒီပြဲမွာ ဒီဂီယာသာမကယ္ရင္ ဂိုးျပတ္ရႈံးပြဲကို ႀကဳံေတြ႕ရမွာပါ။ ပြဲခ်ိန္ပထမပိုင္းတုန္းကလည္း ဖူလ္ဟမ္တိုက္စစ္မႉးေတြရဲ႕ အပိုင္ဂိုးသြင္းမႈေတြကိုလည္း ဒီဂီယာ ကကာကြယ္သြားႏိုင္ခဲ့ပါတယ္။

မက္ဂြိဳင္းယား မပါလာတဲ့ ေနာက္တန္းဟာ ဆိုလ္ရွားအျမန္ဆုံးေျဖရွင္းရမယ့္ကိစၥပါပဲ။ မက္ဂြိဳင္းယား ဝင္ေရာက္ကစားႏိုင္တဲ့အခ်ိန္ကတည္းက ဒီရာသီတစ္ခုလုံးမွာ ယူႏိုက္တက္အသင္းရဲ႕ ေနာက္တန္းအေျခအေနဟာ ေကာင္းမြန္စိတ္ခ်ရတဲ့အေနအထားမွာ ရွိမေနပဲ မက္ဂြိဳင္းယားပါ ဒဏ္ရာရရွိေနခ်ိန္မွာေတာ့ ပိုမိုဆိုး႐ြားလာပါတယ္။ ဆိုလ္ရွားကလည္း ၿပိဳင္ပြဲစုံ(၃)ပြဲဆက္တိုက္ အႏိုင္မရခဲ့တဲ့အေျခအေနကိုအဆုံးသတ္ခ်င္ေနပုံရၿပီး ဒီပြဲမွာ အေကာင္းဆုံးလူထုတ္ပုံစံနဲ႔ ပြဲထုတ္လာခဲ့ပါတယ္။

ပြဲခ်ိန္ (၇၆)မိနစ္မွာ ေဘာ္ဘီရိဒ္ ညာျခမ္းက ျဖတ္တင္လိုက္တာကို ဂ်ိဳးဘ႐ိုင္ယန္က ေခါင္းတိုက္သြင္းခဲ့ခ်ိန္မွာ ဂိုးဧရိယာထဲမွာရွိေနၿပီး ေနရာယူမမွန္တဲ့လင္ဒီေလာ့ေၾကာင့္ ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။ ဒီအေနအထားဟာလည္း ဗီလာရီးရဲလ္နဲ႔ေတြ႕ဆုံရမယ့္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအတြက္ ရင္ေလးစရာပါပဲ။

ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ဂိုးေနရာကိုလည္း ဆိုးလ္ရွားက ဟန္ဒါဆန္ကို ပြဲထြက္ကစားဖို႔သုံးသြားမယ္ဆိုၿပီး သတင္းေတြထြက္ေနေပမယ့္ ဒီေန႔ပြဲမွာ ျပသသြားခဲ့တဲ့ ဒီဂီယာရဲ႕လက္စြမ္းေၾကာင့္ ယူႏိုက္တက္ဂိုးေပါက္ေရွ႕မွာ ဒီဂီယာရွိေနရင္ ပိုၿပီးစိတ္ခ်စရာျဖစ္ေနပါေသးတယ္လို႔ ထင္မိပါတယ္။