ခံစစ်ပိုကောင်းအောင်လုပ်ဖို့လိုအပ်နေပြီလို့ လမ်းပတ်ဖွင့်ဟ

PC ; Internet

ဗလန်စီယာနဲ့သရေကျခဲ့တဲ့အတွက် နှစ်သက်မှုမရှိသလို ခံစစ်ပိုကောင်းအောင်လုပ်ဖို့လိုနေပြီလို့ ချဲလ်ဆီးနည်းပြလမ်းပတ်က ဖွင့်ဟလိုက်ပါတယ်။ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်-၅အဖြစ် မက်စ်တဲလားမှာကစားခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးဟာ အိမ်ရှင်ဗလန်စီယာကို ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ချက်ချင်းပြန်လည်ချေပနိုင်ခဲ့သလို ပူလီဆစ်ရဲ့ဂိုးနဲ့ ၈၁မိနစ်အထိ ဦးဆောင်နိုင်ခဲ့ပါတယ်။

PC ; Internet

ဒါပေမဲ့ ၈၂မိနစ်မှာ ဝက်စ်ရဲ့ချေပဂိုးကိုခွင့်ပြုလိုက်ရတာကြောင့် အမှတ်ခွဲယူခဲ့ရပြီး လိုင်လီနဲ့နောက်ဆုံးပွဲစဉ်ကို အမှားခံလို့မရတော့ပါဘူး။ဗလန်စီယာနဲ့ပွဲမှာ ချဲလ်ဆီးဟာတိုက်စစ်ပုံစံကောင်းပြသနိုင်ခဲ့သလို ဂိုးသမားကီပါကလည်း ပင်နယ်တီတစ်လုံးကာကွယ်ပေးသွားခဲ့ပါတယ်။ဒါပေမဲ့ လမ်းပတ်ကတော့ အသင်းရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်အပေါ်ကျေနပ်မှုမရှိပါဘူး။

PC ; Internet

” ဒီပွဲကိုနှစ်သက်မှုရှိသလားလို့ မေးလာရင် ကျွန်တော်ကတော့ မနှစ်သက်ပါဘူးလို့ပဲ ပြောရမှာပါ။ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး လက်လွှတ်ခဲ့ရတယ်။ ဒါက ဒီရာသီမှာ အကြိမ်အများကြီးဖြစ်ဖူးခဲ့တာမျိုးတော့ မရှိပါဘူး။ ပွဲရလဒ်နဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်လို့ ပြောနိုင်စရာရှိပေမယ့် ကျွန်တော်တို့ခံစစ်ပိုင်းကတော့ ပိုပြီးကောင်းအောင်လုပ်ဖို့ လိုနေပါပြီ ”လို့ လမ်းပတ်က ဖွင့်ဟသွားပါတယ်။

(zawgyi)

ဗလန္စီယာနဲ႔သေရက်ခဲ့တဲ့အတြက္ ႏွစ္သက္မႈမရွိသလို ခံစစ္ပိုေကာင္းေအာင္လုပ္ဖို႔လိုေနၿပီလို႔ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က ဖြင့္ဟလိုက္ပါတယ္။ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္-၅အျဖစ္ မက္စ္တဲလားမွာကစားခဲ့တဲ့ပြဲစဥ္မွာ ခ်ဲလ္ဆီးဟာ အိမ္ရွင္ဗလန္စီယာကို ဦးေဆာင္ဂိုးေပးလိုက္ရေပမယ့္ ခ်က္ခ်င္းျပန္လည္ေခ်ပႏိုင္ခဲ့သလို ပူလီဆစ္ရဲ႕ဂိုးနဲ႔ ၈၁မိနစ္အထိ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ ၈၂မိနစ္မွာ ၀က္စ္ရဲ႕ေခ်ပဂိုးကိုခြင့္ျပဳလိုက္ရတာေၾကာင့္ အမွတ္ခြဲယူခဲ့ရၿပီး လိုင္လီနဲ႔ေနာက္ဆံုးပြဲစဥ္ကို အမွားခံလို႔မရေတာ့ပါဘူး။ဗလန္စီယာနဲ႔ပြဲမွာ ခ်ဲလ္ဆီးဟာတိုက္စစ္ပံုစံေကာင္းျပသႏိုင္ခဲ့သလို ဂိုးသမားကီပါကလည္း ပင္နယ္တီတစ္လံုးကာကြယ္ေပးသြားခဲ့ပါတယ္။ဒါေပမဲ့ လမ္းပတ္ကေတာ့ အသင္းရဲ႕ခံစစ္ပိုင္းစြမ္းေဆာင္ရည္အေပၚေက်နပ္မႈမရွိပါဘူး။” ဒီပြဲကိုႏွစ္သက္မႈရွိသလားလို႔ ေမးလာရင္ ကြ်န္ေတာ္ကေတာ့ မႏွစ္သက္ပါဘူးလို႔ပဲ ေျပာရမွာပါ။ ကြ်န္ေတာ္တို႔ အခြင့္အေရးေတြအမ်ားႀကီး လက္လႊတ္ခဲ့ရတယ္။ ဒါက ဒီရာသီမွာ အႀကိမ္အမ်ားႀကီးျဖစ္ဖူးခဲ့တာမ်ိဳးေတာ့ မရွိပါဘူး။ ပြဲရလဒ္နဲ႔ပတ္သက္ၿပီး ေက်နပ္ပါတယ္လို႔ ေျပာႏိုင္စရာရွိေပမယ့္ ကြ်န္ေတာ္တို႔ခံစစ္ပိုင္းကေတာ့ ပိုၿပီးေကာင္းေအာင္လုပ္ဖို႔ လိုေနပါၿပီ ”လို႔ လမ္းပတ္က ဖြင့္ဟသြားပါတယ္။