ခံစစ်ပိတ်တဲ့အသင်းတွေနဲ့တွေ့ရင် ဖာနန်ဒက်စ်က အဓိကကျလာမယ်လို့ နဗီးလ်ပြော

Photo- Internet
Photo- Internet

မန်ယူအသင်းနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ကွင်းလယ်လူဖာနန်ဒက်စ်ဟာ ခံစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့ တွေ့ရင်အဓိကကျလာမယ်လို့ ပြောလိုက်ပါတယ်။ မန်ယူဟာ တနင်္လာနေ့ညက ချဲလ်ဆီးကို ၂-၀ နဲ့နိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ပိုကောင်းလာခဲ့ပေမယ့် အိမ်ကွင်းမှာတော့ အသင်းလေးတွေနဲ့တွေ့ရင် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

မန်ယူဟာဒီရာသီအိမ်ကွင်း ၁၃ ပွဲကစားခဲ့ရာမှာ ၆ ပွဲသာနိုင်ပြီး ၂ ပွဲရှုံးကာ ၅ ပွဲသရေကျခဲ့ပါတယ်။ အသင်းလေးတွေဟာ အိုးလ်ထရက်ဖို့ဒ်မှာ ခံစစ်ကိုပိတ်ကစားတဲ့အတွက် ကွင်းလယ်ဖန်တီးမှုပိုင်းအားနည်းခဲ့တဲ့ မန်ယူဟာရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ကြောင့် မန်ယူကွင်းလယ်ဟာဖန်တီးမှုပိုကောင်းလာလို့ ခံစစ်ပိတ်တဲ့အသင်းတွေနဲ့တွေ့ရင် ဒီပေါ်တူဂီသားဟာ မန်ယူကိုကူညီပေးနိုင်လိမ့်မယ်လို့ နဗီးလ်က ယုံကြည်နေတာပါ။

Photo- Internet

ပြီးခဲ့တဲ့ဇန်နဝါရီက စပို့တင်းလစ္စဘွန်းကနေမန်ယူကိုပေါင် ၆၈ သန်းနဲ့ပြောင်းလာတဲ့ ဖာနန်ဒက်စ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာတစ်ဂိုးဖန်တီးမှုအပါအဝင် သူ့စွမ်းဆောင်ရည်ကောင်းကိုပြသခဲ့တာပါ။ နဗီးလ်က”မန်ယူရဲ့ပြဿ     နာကမာကျောတဲ့အသင်းတွေနဲ့တွေ့ရင်ရုန်းကန်ခဲ့ရတာပါ။ ဘောလုံးနောက်မှာဘဲ စုပြုံကစားတဲ့အသင်းမျိုးနဲ့တွေ့ရင် ဖန်တီးမှုပိုင်းအားနည်းတဲ့မန်ယူဟာ အခက်တွေ့ခဲ့ရပါတယ်။

Photo- Internet

ဒါမျိုးကတစ်ချိန်ပြီး တစ်ချိန်ဖြစ်ပျက်နေလို့ မန်ယူရဲ့အားနည်းချက်လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ကြောင့် အိုးလ်ထရက်ဖို့ဒ်ကပွဲတွေမှာ မတူညီတဲ့စွမ်းရည်ကိုတွေ့မြင်ရဖို့ရှိနေပါတယ်။ ဖာနန်ဒက်စ်ဆီကနေ ဖန်တီးမှုပိုင်းနဲ့ ဂိုးရဖို့ထောက်ပံ့မှုတွေ ပိုပြီးရလာမယ်လို့လည်း မျှော်လင့်ရပါတယ်။ ဒါပေမယ့် မန်ယူဟာ ခြေစွမ်းပုံမှန်ရှိနေဖို့အတွက် ဖာနန်ဒက်စ်တစ်ယောက်တည်းကိုဘဲ အားကိုးနေလို့မရပါဘူး”လို့ ပြောသွားပါတယ်။

Photo- Internet

ဖာနန်ဒက်စ်ဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဝုဗ်နဲ့အိမ်ကွင်းဂိုးမရှိသရေကျတဲ့ပွဲမှာ အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာတော့ ပိုပြီးကောင်းမွန်လာကာ ဖန်တီးမှု ၃ ကြိမ်၊ ဘောလုံးပြန်လည်ရယူမှု ၃ ကြိမ်၊ ဖျက်ထုတ်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး မန်ယူရဲ့ကန်ချက် ၉ ကြိမ်မှာ ၅ ကြိမ်က သူ့ရဲ့ပတ်သက်မှုကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။

Photo- Internet

Zawgyi

ခံစစ္ပိတ္တဲ႔အသင္းေတြနဲ႔ေတြ႔ရင္ ဖာနန္ဒက္စ္က အဓိကက်လာမယ္လို႔ နဗီးလ္ေျပာ

မန္ယူအသင္းေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က ကြင္းလယ္လူဖာနန္ဒက္စ္ဟာ ခံစစ္ပိတ္ကစားတဲ႔အသင္းေတြနဲ႔ ေတြ႔ရင္အဓိကက်လာမယ္လို႔ ေျပာလိုက္ပါတယ္။ မန္ယူဟာ တနလၤာေန႔ညက ခ်ဲလ္ဆီးကို ၂-၀ နဲ႔ႏိုင္ခဲ့လို႔ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ပိုေကာင္းလာခဲ့ေပမယ္႔ အိမ္ကြင္းမွာေတာ႔ အသင္းေလးေတြနဲ႔ေတြ႔ရင္ ရုန္းကန္ေနရဆဲျဖစ္ပါတယ္။

မန္ယူဟာဒီရာသီအိမ္ကြင္း ၁၃ ပြဲကစားခဲ့ရာမွာ ၆ ပြဲသာႏိုင္ၿပီး ၂ ပြဲရႈံးကာ ၅ ပြဲသေရက်ခဲ့ပါတယ္။ အသင္းေလးေတြဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ခံစစ္ကိုပိတ္ကစားတဲ႔အတြက္ ကြင္းလယ္ဖန္တီးမႈပိုင္းအားနည္းခဲ့တဲ႔ မန္ယူဟာရုန္းကန္ခဲ့ရပါတယ္။ ဒါေပမယ္႔ ဖာနန္ဒက္စ္ေၾကာင့္ မန္ယူကြင္းလယ္ဟာဖန္တီးမႈပိုေကာင္းလာလို႔ ခံစစ္ပိတ္တဲ႔အသင္းေတြနဲ႔ေတြ႔ရင္ ဒီေပၚတူဂီသားဟာ မန္ယူကိုကူညီေပးႏိုင္လိမ့္မယ္လို႔ နဗီးလ္က ယံုၾကည္ေနတာပါ။

ၿပီးခဲ့တဲ႔ဇန္န၀ါရီက စပို႔တင္းလစၥဘြန္းကေနမန္ယူကိုေပါင္ ၆၈ သန္းနဲ႔ေျပာင္းလာတဲ႔ ဖာနန္ဒက္စ္ဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာတစ္ဂိုးဖန္တီးမႈအပါအ၀င္ သူ႔စြမ္းေဆာင္ရည္ေကာင္းကိုျပသခဲ့တာပါ။ နဗီးလ္က”မန္ယူရဲ႕ျပႆ     နာကမာေက်ာတဲ႔အသင္းေတြနဲ႔ေတြ႔ရင္ရုန္းကန္ခဲ့ရတာပါ။ ေဘာလုံးေနာက္မွာဘဲ စုၿပဳံကစားတဲ႔အသင္းမ်ဳိးနဲ႔ေတြ႔ရင္ ဖန္တီးမႈပိုင္းအားနည္းတဲ႔မန္ယူဟာ အခက္ေတြ႔ခဲ့ရပါတယ္။

ဒါမ်ဳိးကတစ္ခ်ိန္ၿပီး တစ္ခ်ိန္ျဖစ္ပ်က္ေနလို႔ မန္ယူရဲ႕အားနည္းခ်က္လည္းျဖစ္ခဲ့ပါတယ္။ ဒါေပမယ္႔ ဖာနန္ဒက္စ္ေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကပြဲေတြမွာ မတူညီတဲ႔စြမ္းရည္ကိုေတြ႔ျမင္ရဖို႔ရွိေနပါတယ္။ ဖာနန္ဒက္စ္ဆီကေန ဖန္တီးမႈပိုင္းနဲ႔ ဂိုးရဖို႔ေထာက္ပံ႔မႈေတြ ပိုၿပီးရလာမယ္လို႔လည္း ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ္႔ မန္ယူဟာ ေျခစြမ္းပုံမွန္ရွိေနဖို႔အတြက္ ဖာနန္ဒက္စ္တစ္ေယာက္တည္းကိုဘဲ အားကိုးေနလို႔မရပါဘူး”လို႔ ေျပာသြားပါတယ္။

ဖာနန္ဒက္စ္ဟာ သူ႔ရဲ႕ပထမဆုံးပြဲစဥ္ျဖစ္တဲ႔ ၀ုဗ္နဲ႔အိမ္ကြင္းဂိုးမရွိသေရက်တဲ႔ပြဲမွာ အနည္းငယ္ရုန္းကန္ခဲ့ရေပမယ္႔ ခ်ဲလ္ဆီးနဲ႔ပြဲမွာေတာ႔ ပိုၿပီးေကာင္းမြန္လာကာ ဖန္တီးမႈ ၃ ႀကိမ္၊ ေဘာလုံးျပန္လည္ရယူမႈ ၃ ႀကိမ္၊ ဖ်က္ထုတ္မႈ ၂ ႀကိမ္ျပဳလုပ္ခဲ့ၿပီး မန္ယူရဲ႕ကန္ခ်က္ ၉ ႀကိမ္မွာ ၅ ႀကိမ္က သူ႔ရဲ႕ပတ္သက္မႈေၾကာင့္ရရွိခဲ့တာျဖစ္ပါတယ္။