
photo-gettyimages
photo-gettyimages
အိုးလ်ထရက်ဖို့ဒ်မှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် စပါးနည်းပြမော်ရင်ဟိုဟာ ခံစစ်ချဉ်းကပ်ပုံအတွက် အသင်းဟောင်းမန်ယူကို ပါးပါးလေးပုတ်ပြီး ထိုးနှက်ပြောကြားမှုပြုလုပ်လိုက်ပါတယ်။ မော်ရင်ဟိုဟာ အသင်းသစ်စပါးနဲ့အတူ တာထွက်ကောင်းခဲ့ပြီး မန်ယူနဲ့ပွဲမတိုင်ခင် သူကိုယ်တွယ်ခဲ့ရတဲ့ ၃ ပွဲစလုံးကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ အသင်းဟောင်းမန်ယူနဲ့ ပထမဆုံးအကြိမ်ပြန်တွေ့မှသာ သူဟာ စပါးနည်းပြဘ၀ ပထမဆုံးရှုံးပွဲကြုံလိုက်ရတာပါ။
photo-gettyimages
စပါးဟာ တစ်ပွဲလုံးမှာ မန်ယူထက် ဘောလုံးပိုင်ဆိုင်မှု ပိုသာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ မန်ယူရဲ့တန်ပြန်တိုက်စစ်တွေကို ထိန်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ မန်ယူရဲ့ခံစစ်ပိုင်းမာမာကျောကျောကစားနိုင်မှုကြောင့် ဒုတိယဂိုးကို ပြန်လည်နိုင်ခြင်းမရှိခဲ့ဘဲ နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ရပါတယ်။
”ဒီရာသီ အကောင်းဆုံးအသင်းတွေနဲ့တွေ့ဆုံမှုတွေမှာ မန်ယူရဲ့ရလဒ်တွေဟာ ကောင်းခဲ့ပါတယ်။ ချဲလ်ဆီးတို့၊လီဗာပူးတို့၊ လက်စတာတို့နဲ့ပေါ့။ သူတို့ကစားပုံအရလည်း အဲဒီလိုအသင်းတွေနဲ့တွေ့မှ ပိုလွယ်သလိုဖြစ်နေတာပါ။ မန်ယူဟာ ခံစစ်နဲ့ချဉ်းကပ်ဖို့ကို စိုးရွံ့မနေပါဘူး။ ပိုကောင်းတဲ့အသင်းတွေနဲ့က သူတို့အတွက် ပိုလွယ်နေပါတယ်။ ဘောလုံးပိုလိုချင်တဲ့အသင်းတွေနဲပေါ့”လု့ိ မော်ရင်ဟိုက ပြောခဲ့တာပါ။ တကယ်လည်း ဆိုးလ်ရှားရဲ့မန်ယူဟာ ဒီရာသီဘယ်အသင်းကြီးကိုမှ ရှုံးနိမ့်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ လာမယ့်စနေမှာတော့ မြို့ခံပြိုင်ဘက်မန်စီးတီးနဲ့ အဝေးကွင်းသွားကစားရဖို့တော့ ရှိပါတယ်။
[Zawgyi]
ခံစစ္ခ်ဥ္းကပ္ပုံအတြက္ မန္ယူကို ထုိးႏွက္သလို ေျပာလုိက္တဲ့ ေမာ္ရင္ဟို
အိုးလ္ထရက္ဖုိ႔ဒ္မွာ ၂-၁ ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ စပါးနည္းျပေမာ္ရင္ဟိုဟာ ခံစစ္ခ်ဥ္းကပ္ပုံအတြက္ အသင္းေဟာင္းမန္ယူကို ပါးပါးေလးပုတ္ၿပီး ထိုးႏွက္ေျပာၾကားမႈျပဳလုပ္လုိက္ပါတယ္။ ေမာ္ရင္ဟိုဟာ အသင္းသစ္စပါးနဲ႔အတူ တာထြက္ေကာင္းခဲ့ၿပီး မန္ယူနဲ႔ပြဲမတိုင္ခင္ သူကိုယ္တြယ္ခဲ့ရတဲ့ ၃ ပဲြစလုံးကို အႏိုင္ရေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့တာပါ။ အသင္းေဟာင္းမန္ယူနဲ႔ ပထမဆုံးအႀကိမ္ျပန္ေတြ႕မွသာ သူဟာ စပါးနည္းျပဘ၀ ပထမဆုံးရႈံးပြဲႀကဳံလိုက္ရတာပါ။
စပါးဟာ တစ္ပြဲလုံးမွာ မန္ယူထက္ ေဘာလုံးပိုင္ဆုိင္မႈ ပိုသာခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ဟာ မန္ယူရဲ႕တန္ျပန္တုိက္စစ္ေတြကို ထိန္းႏိုင္ဖို႔ ရုန္းကန္ခဲ့ရပါတယ္။ အထူးသျဖင့္ ဒုတိယပိုင္းမွာ မန္ယူရဲ႕ခံစစ္ပိုင္းမာမာေက်ာေက်ာကစားႏိုင္မႈေၾကာင့္ ဒုတိယဂိုးကို ျပန္လည္ႏိုင္ျခင္းမရွိခဲ့ဘဲ ႏိုင္ပြဲဆက္မႈ ရပ္တန္႔သြားခဲ့ရပါတယ္။
”ဒီရာသီ အေကာင္းဆုံးအသင္းေတြနဲ႔ေတြ႕ဆုံမႈေတြမွာ မန္ယူရဲ႕ရလဒ္ေတြဟာ ေကာင္းခဲ့ပါတယ္။ ခ်ဲလ္ဆီးတုိ႔၊လီဗာပူးတို႔၊ လက္စတာတုိ႔နဲ႔ေပါ့။ သူတုိ႔ကစားပုံအရလည္း အဲဒီလိုအသင္းေတြနဲ႔ေတြ႕မွ ပိုလြယ္သလိုျဖစ္ေနတာပါ။ မန္ယူဟာ ခံစစ္နဲ႔ခ်ဥ္းကပ္ဖို႔ကို စိုးရြံ႕မေနပါဘူး။ ပိုေကာင္းတဲ့အသင္းေတြနဲ႔က သူတို႔အတြက္ ပိုလြယ္ေနပါတယ္။ ေဘာလုံးပိုလိုခ်င္တဲ့အသင္းေတြနဲေပါ့”လု႔ိ ေမာ္ရင္ဟိုက ေျပာခဲ့တာပါ။ တကယ္လည္း ဆုိးလ္ရွားရဲ႕မန္ယူဟာ ဒီရာသီဘယ္အသင္းႀကီးကိုမွ ရႈံးနိမ့္ျခင္း မရွိေသးပါဘူး။ ဒါေပမဲ့ လာမယ့္စေနမွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးနဲ႔ အေ၀းကြင္းသြားကစားရဖို႔ေတာ့ ရွိပါတယ္။